ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ ဓမ္မယာန ပြည်တော်ဦးကျောင်း(ဆာဆန်) တည်ထောင်ခြင်း (၁)နှစ်ပြည့် အထိမ်းအမှတ် တရားပွဲ ဖိတ်ကြားလွှာ ~ pyidawoo

Pages

Tuesday, June 11, 2013

ဓမ္မယာန ပြည်တော်ဦးကျောင်း(ဆာဆန်) တည်ထောင်ခြင်း (၁)နှစ်ပြည့် အထိမ်းအမှတ် တရားပွဲ ဖိတ်ကြားလွှာ


ကိုရီးယားနိုင်ငံ ဘူဆန်မြို့ ၊ ဆာဆန် ရှိ
ဓမ္မယာန ပြည်တော်ဦးကျောင်း(ဆာဆန်) တည်ထောင်ခြင်း (၁)နှစ်ပြည့် အထိမ်းအမှတ်အဖြစ်
အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာပဏ္ဍိတ ဓမ္မကထိကဗဟုဇနဟိတဓရ
မဟာစည် မြစ်သားဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝါသဝ မှ နိဗ္ဗာန်ရောက်ကြောင်း တရားတော်မြတ်များကို ဟောကြားမည် ဖြစ်ပါသဖြင့် ဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ်တို့အား
လှူဘွယ်ဝတ္ထုအစုစုတို့ဖြင့် ဆက်ကပ်လှူဒါန်းပြီး ဟောကြားအပ်သော တရားတော်ကို
အတူတကွ နာယူလိုပါ၍ ဘူဆန်မြို့ ၊ ဂမ်ဟဲမြို့ အနီးအနားရှိ ဗုဒ္ဓဘာသာဝင်ရွှေမြန်မာများ
တရားတော်နာ ကြွရောက်ကြပါရန် ရိုသေလေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
နေ့ရက်...... ၁၃၇၅-ခုနှစ် ၊ နယုန်လဆန်း (၈) ရက် ၊ ၁၆-၆-၂၀၁၃ (တနင်္ဂနွေနေ့)
အချိန်.......... ဧည့်ခံကျွေးမွေးမည့်အချိန် နံနက်(၁၀း၀၀)နာရီ မှ နေ့လည် (၁း၀၀)နာရီ အထိ

နေ့လည်(၁၁း၀၀) တွင် ဆွမ်းကပ်လှူမည်

တရားဟောကြားမည့်အချိန် နေ့လည် (၁း၀၀) နာရီ
နေရာ............. 부산광역시 사상구 주례 1동동 688-12 , 31, 33, 61, 2, 138-1

bus ကားများစီး၍ 주례 주례 1동주민센터 မှတ်တိုင်တွင် ဆင်းပါ။
(ဓမ္မယာန မဇ္ဈိမယာနအဖွဲ့)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More