ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ May 2012 ~ pyidawoo

Pages

အဘိဓမ္မာသင်တန်း အမှတ်စဉ် (၁) ဒယ်ဂူးမြို. ကိုရီးယား

ကိုးရီးယားနိုင်ငံ ဒယ်ဂူးမြို. ဗိုဟျောန်းဆာကျောင်းတွင် ၁၆-၀၈-၂၀၁၂မှ စတင်၍ အပတ်စဉ် ကြာသပတေးနေ.တိုင်း ည ရ~၉နာရီ အဘိဓမ္မာသင်တန်းကို ပို.ချပေးနေပါသည်။

အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁) ဖူဆန်း

၃-၉-၂၀၁၂ တနင်္လာနေ.က ဖူဆန်းမြို. ဗုဒ္ဓဘာသာ အသင်းတိုက်တွင် အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁)ကို စတင်၊ တောင်ကိုးရီးယားနိုင်ငံသား အချို.သော ဗုဒ္ဓဘာသာဝင်များသည် မိရိုးဖလာ မဟာယာန အယူအဆများထက် ထေရဝါဒကို စိတ်ဝင်စားစ ပြုလာကြပါသည်။ ဝိပဿနာတရားကို လေ့လာရာမှ အစပြု၍ နိကာယ်ကြီးများကို ဘာသာပြန်သည် အထိ ခရီးရောက်နေကြပါပြီ။.

ဓမ္မယာန ပြည်တော်ဦး အမှတ် (၂)

ကိုရီးယား ဖူဆန်းမြို. ဆာ့ဆန်မှာ ဓမ္မယာန ပြည်တော်ဦး အမှတ် (၂) လက်ခံဖွင့်လှစ် ကိုရီးယား ယောဂီဒကာတစ်ဦးက ပြည်တော်ဦးဆရာတော်ဧ။် သာသနာပြုလုပ်ငန်းများတွင် အလိုရှိသလို အသုံးပြုရန် ဖူဆန်းမြို. ဆာ့ဆန်ဂူ ဂျူလဲရပ်ကွက်ရှိ အဆောက်အဦးတစ်ခုမှ အပေါ်ထပ်ကို ပြင်ဆင် လှူဒါန်းခဲ့ပါသည်။ .

ဂွမ်းဂျူးမှာလည်း ရွှေမြန်မာတို. အားထားရာ “မြန်မာကျောင်း”တစ်နေရာ တည်ထောင်ပါဦးမည်။

တောင်ကိုရီးယားနိုင်ငံ ဖူဆန်းမြို.မှာ ဓမ္မယာန ပြည်တော်ဦး ကိုးရီးယားမြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်ကို

ကိုးရီးယားမှာ ပညာရှာ

ဒီနှစ် ကိုးရီးယားမှာ ကျောင်းသားလေးယောက် စကောလာရအောင် စီစဉ်ပေးနိုင်ခဲ့ ပါတယ်။ PUKYONG NATIONAL UNIVERSITY ကိုရီးယားဘာသာ မဟာဝိဇ္ဇာတန်းမှာပါ။ ၂၀၁၂ နွေဦး ပညာသင်နှစ်ကနေစပြီး ကျောင်းတက် နေကြပါပြီ။

Thursday, May 10, 2012

ဘယ်သူသိမှာလဲ။

...(2012-4-14) 6:44pm
ဂွမ်ဂျူးက အောင်ကိုကိုဆီက ဖုန်းလာပါတယ်။ အောင်ကိုကို ဆိုတာ ဓမ္မယာန မဇ္ဈိမယာနအဖွဲ. စတင်ဖွဲ.စည်းစဉ်ကစလို. အခုချိန်အထိ တက်တက်ကြွကြွ ပါဝင် လုပ်ဆောင်နေတဲ့သူပါ။ လစဉ် ဂွမ်ဂျူးတရားပွဲ ဖြစ်မြောက်ရေးကိုလည်း အခြား မိတ်ဆွေများနဲ.အတူ ဦးစီးဦးဆောင်ပြုနေသူ တဦးပါပဲ။ ဖုန်းဆက်ရတဲ့ အကြောင်းကတော့ ဂွမ်းဂျူးက အဖွဲ.ဝင်တစ်ဦးရဲ. မိတ်ဆွေ အလုပ်လုပ်ရင်း လက်ဒဏ်ရာရသွားလို. ဖူဆန်းမှာ ဆေးရုံတင်ထားရကြောင်း အသိမရှိဘဲ အခက်အခဲဖြစ်နေလို. ဘုန်းဘုန်းဆီ အကြောင်းကြားတာပါတဲ့။ နောက် မြန်မာစကားမရည်လည်တဲ့ မွန်လူမျိုးတွေဖြစ်နေလို. သူတို.က တိုက်ရိုက်ဖုန်းဆက် ရမှာ မဝံ့မရဲဖြစ်နေလို. သူကို အကူအညီတောင်းလို.ပါတဲ့။ ဘုန်းကြီးက လူနာနာမည် နဲ. ဆေးရုံကို သိရင် ရပါတယ်လို. ပြောလိုက်ပါတယ်။ စိတ်ထဲက နည်းနည်းလေးမှ မကောင်းပါ။ တို.လူမျိုးတွေ ငွေလိုချင်လို.လာကြတာ ဒဏ်ရာတွေ ရရနေပါလားလို.။ ဒါပေါ့လေ ဒီလိုဖြစ်မယ်ဆိုတာ သိရင် ဘယ်သူ လာမှာလဲ။ ဒါပေမယ့် ငါ ဒီလို ဖြစ်လိမ့်မယ်လို. ဘယ်သူသိမှာလဲ



...ဘယ်သူသိမှာလဲ(2012-4-14) 10:16pm
ဂွမ်ဂျူးက အောင်ဆန်းဦးကိုယ်တိုင် ဖုန်းဆက်လာပါတယ်။ သူ. သူငယ်ချင်း နာမည် သိန်းလွင် တက်နေတဲ့ ဆေးရုံက မိုက်ခရိုဆောင်းဟျော်င်း ဆေးရုံပါတဲ့။ လက်ချောင်းသုံးချောင်း ပြတ်သွားတယ်။ အသက် အန္တရာယ်တော့ မရှိပါစသည်။ သူ. စကား နားလည်ဖို.ခက်တာ အမှန်ပဲ။ ချင်းလူမျိုးတွေနဲ. စကားပြောရသလိုပဲ။ ချင်းကျောင်းသားတစ်ယောက် ဖူဆန်းက ကွန်ပျူတာတက္ကသိုလ်မှာ တက်ချင်လို. အကူအညီတောင်းတုန်းက အသိတွေနဲ. မိတ်ဆက်ပေးလိုက်တာ အဆင်ပြေသွား ပါတယ်။ သူ.ခမျာလည်း ကျေးဇူးတင်စကားတောင် စကားမှားမှာစိုးပြီး မပြောရဲလို. တဆင့်ပြောခိုင်းတာ ကြုံဖူးပါတယ်။ အခုလည်း ဘုန်းကြီးကို အေး~အေး~ နဲ. ပြောတော့ ကြားစက စိတ်ထဲ ကွက်ခနဲကွက်ခနဲ ဖြစ်မိသေးတယ်။ ကိုယ့်ကိုယ်ကို လည်း ပြုံးမိပါတယ်။ သူတို.မှာ ဒီလိုဖြစ်မှာစိုးလို. ဖုန်းတောင် တိုက်ရိုက်မဆက်ဘဲ ကြိုအသိ ပေးထားတာတောင် စိတ်ကလည်း နုလိုက်တာလို.။ အောင်ဆန်းဦးကို လည်း ဂွမ်ဂျူးမှာ မကြာခဏ တွေ.နေတာပဲ။ မျက်နှာချင်းဆိုင် စကားပြောတော့ ဒီလောက် မဆိုးပါဘူး။ ဖုန်းနဲ.ပြောမှ မြန်မာစကားက ပိုခက်သွားတယ်ထင်တယ်။

(2012-4-16) 8:41am
စနေတနင်္ဂနွေက တရားပွဲတွေ ရှိနေတာက တစ်ကြောင်း လူနာက အသည်း အသန်လည်း မဟုတ်တာက တစ်ကြောင်းပေါ့လေ ဒီနေ. တနင်္လာနေ.မှ ဆက်သွယ် ပြီး ဆေးရုံကို ရောက်သွားပါတယ်။ ၆ယောက်ခန်းဆိုတော့ကာ အခန်းထဲမှာ ကိုရီးယားလူနာ ၅ယောက်လည်း ရှိနေတယ်။ လူနာ ဒကာသိန်းလွင်ရဲ. အကိုအရင်း ဖြစ်သူ အန်ဆန်းမှာ နေတဲ့ ဒကာဝင်းညွန်. လူနာစောင့် ရောက်နေလို. သူနဲ. ပြောဖြစ်ပါတယ်။ သူကတော့ မြန်မာစကားကို တော်တော် ရည်လည်ပါတယ်။ ဘုန်းကြီးကြွလာတော့ ဝမ်းလည်းသာ အားလည်းရှိသွားတာပေါ့လေ။ ရေခြားမြေခြား မှာကိုး။ မြန်မာပြည် မှာတော့ ရဟန်းသံဃာ ငါးသိန်းလောက် ရှိနေတော့ သိပ်တန်ဖိုးမသိဘူးပေါ့။ ဒီမှာတော့ သမဏာနဉ္စဒဿနကလည်း ဒုလ္လဘတရား တစ်ပါး မဟုတ်လား။ ဒါနဲ. အားပေးစကားပြောရင်း အကျိုးအကြောင်းမေး ~~~ပေါ့လေ။
ဒကာသိန်းလွင်က ဂရောင်ဂျူးမြို.ကဖြစ်ပြီး လက်ထိထိချင်း အူလ်ဆန်းဆေးရုံကို ပို.တယ်။ အဲဒီဆေးရုံက ကျန်တဲ့ လက်ချောင်းနှစ်ချောင်းနဲ. လက်ဝါးတစ်ခြမ်းအထိ ဖြတ်ပစ်ရမယ်ဆိုလို. စက်ရုံသူဋ္ဌေးက မဖြတ်ဘဲ ဒီဆေးရုံကို ပြောင်းတင်လိုက်တယ် ဆိုတာ သိရတယ်။ ဂရောင်ဂျူးဆိုတာ ကိုရီးယားရဲ.ပုဂံ လို. ပြောနိုင်တဲ့ သမိုင်းဝင် မြို.။ အင်မတန် သာယာလှပပြီး ထင်ရှားတဲ့ ခရီးသွားဇုန်တစ်ခုပါ။ ဒါပေမယ့် ဘုန်းကြီးတို. လူမျိုးတွေ အလုပ်လုပ်နေတဲ့ စက်ရုံတွေကတော့ လူမနီးသူမနီး ချောင်ကျကျတောကျကျ နေရာတွေမှာပေါ့။
လူနာ ဒကာသိန်းလွင်ရဲ. အကို ဒကာဝင်းညွန်.ကတော့ အန်ဆန်းမြို.က လာတာ လို.သိရတယ်။ အန်ဆန်းဆိုတော့ ဆိုလ်းနဲ. ပိုနီးတာပေါ့။ နိုင်ငံခြားသား အလုပ်သမားတွေ အများစုရှိတဲ့ မြို.လေးတစ်မြို.ပါပဲ။ စက်မှုဇုန်မြို.ပေါ့။ အသိ အကျွမ်းတပါးဖြစ်တဲ့ ဆရာတော်ဦးသုဝဏ္ဏ ဒီနှစ် နှစ်ဦးက သန္တိသုခ အမည်နဲ. မြန်မာ ကျောင်းဖွင့်ပွဲလုပ်လို. ကြွခဲ့ဖူးပါတယ်။ ဒီလာဖို. စက်ရုံက ခွင့်ပေးလား မေးကြည့် တော့ ဗီဇာလည်းကုန်တော့မှာ မျက်စေ့လည်း မကောင်းလို. ခွဲရမှာဖြစ်လို. ၂၆ရက် နေ.ကို မြန်မာပြည်ပြန်ဖို. အကုန်စီစဉ်ပြီးသား အနေအထားမှာ ညီဖြစ်သူ ဒကာ သိန်းလွင်ရဲ. အခုကိစ္စက ပေါ်လာကြောင်း သိရပါတယ်။ ဒါကြောင့် ပြန်ရမှာ အင်မတန် စိတ်လေးနေကြောင်း သို.သော် သူကိုယ်တိုင်လည်း မျက်စေ့က မဖြစ် မနေ ခွဲရမှာဖြစ်လို. ပြန်ရမှာဖြစ်ကြောင်း ဘုန်းကြီးအနေနဲ. ကာယကံမေတ္တာ ဝစီကံမေတ္တာ စောင့်ရှောက်ပေးဖို. လျှောက်ထားပါတယ်။ သူလည်း ဒီလိုဖြစ်မယ်မှန်း သိရင် ၂၆ရက်ပြန်ဖို. မြန်မာပြည်မှာ မျက်စေ့ခွဲဖို. ဘယ်စီစဉ်ထားပါ့မလဲ။ ညီက ဒီလို ဖြစ်လိမ့်မယ်လို. ဘယ်သူသိမှာလဲ
ဒါနဲ. လူနာ ဒကာသိန်းလွင်ရော ဗီဇာ ဘယ်တော့ကုန်မလဲ မေးတော့ သူလည်း လပိုင်းလောက် ကျန်တော့တာတဲ့။ လွန်ခဲ့တဲ့ လေးငါးလက မြန်မာပြည် တစ်ခေါက် ပြန်ရောက်သေးသတဲ့။ ဗီဇာ နည်းနည်းကျန်သေးတာနဲ. တစ်ခေါက်ပြန်လာ အလုပ် လုပ်ရင်း အခုလို ဒါဏ်ရာရသွားတာပါ။ အခုလို ဖြစ်မယ်မှန်းသိရင် ဘယ်သူ ပြန်လာ မလဲနော်။ ဒါပေမယ့် ငါ ဒီလိုဖြစ်လိမ့်မယ်လို. ဘယ်သူသိမှာလဲ
စကားပြောရင် အားပေးရင်းက လက်ရှိ ဘာအခက်အခဲရှိလဲ မေးတော့ လျော်ကြေးကိစ္စ စိတ်ပူကြောင်းပြောလို. နိုင်ငံခြားသားကူညီရေး အဖွဲ.အစည်းက ဥက္ကဋ္ဌဆီ ဖုန်းဆက်ပေးလိုက်ပါတယ်။ သူက တာဝန်ခံတစ်ယောက် လွှတ်ပေးမယ့် အကြောင်းပြောပါတယ်။
ဒကာဝင်းညွန်.ပြန်ရင် လူနာစောင့်ကိစ္စ ဘယ်လို စဉ်းစားထားလဲမေးတော့ ဂေါဂျယ်ဒို (မကြာသေးခင်က ဘုန်းကြီးနေတဲ့ဖူဆန်းနဲ. ပင်လယ်မြေအောက် လိုဏ်ခေါင်းကားလမ်း တံတား ဆက်ထားတဲ့ကျွန်း)သင်္ဘောကျင်းမှာရှိတဲ့ တူအရင်း ဖြစ်သူ ဒကာတင်ထွန်းဦး က အလျဉ်းသင့်သလို လာစောင့်ပေးမယ့်အကြောင်း လျှောက်ထားပါတယ်။ သြော် ဆွေမျိုးအရင်းအချာတွေ ရှိတာ တော်သေးတာပေါ့လို. တွေးမိသေးတယ်။
တူအရင်းက ဂေါဂျယ်ဒိုကဆိုလို. သတိရတာ ပြောရဦးမယ်။ ဂေါဂျယ်ဒို သင်္ဘော ကျင်းမှာလည်း မြန်မာအလုပ်သမား ရာနဲ.ချီ ရှိတယ်လို. သိရပါတယ်။ လူအင်အားက ဖူဆန်းထက်တောင် များသေးတာပေါ့။ မနှစ် နှောင်းပိုင်းနဲ. ဒီနှစ် အစ ဇန်နဝါရီလ လယ်လောက်အထိ ဘုန်းကြီး မြန်မာပြည် ပြန်ရောက်နေပါတယ်။ အဲဒီအချိန်မှာ ဂေါဂျယ်ဒိုက ဒကာလေး တစ်ယောက် ကားတိုက်ပြီး ဆုံးခဲ့ဖူးတယ်။ ဘုန်းကြီး မရှိလို. ဖူဆန်း ဓမ္မယာနပြည်တော်ဦးမှာပဲ ဘူဖျောင်းက ဆရာတော်လေး ဦးဥတ္တရကို ပင့်ပြီး ရက်လည်ဆွမ်းသွပ် တရားနာ အမျှပေးဝေခဲ့ကြပါတယ်။ အဲဒီ ကလေးလည်း ရောက်တာ လေးငါးလပဲ ရှိသေးသတဲ့။ အကို အရင်းလည်း အတူ အလုပ်လုပ် နေတာဆိုပဲ။ ညီလည်းဆုံးရော ရက်လည်ပြီးတာနဲ. အကိုဖြစ်သူလည်း မနေဘူး။ မြန်မာပြည် အပြီးပြန်တော့တာပါပဲ။ ဒါပေါ့လေ ညီအရင်းတစ်ယောက်လုံး ဆုံးမှတော့ ဘယ်နေချင်စရာ ကောင်းတော့မလဲ။ သူတို.လေးတွေလဲ ချမ်းသာလိမ့် နိုးနိုးနဲ. လာခဲ့ကြတာလေ။ အခုလို အဖြစ်ဆိုးနဲ. ဆုံးရမယ်လို. ဘယ်မျှော်လင့်မှာလဲ။ အစက ဒီလိုဖြစ်မယ်မှန်းသိရင် ဒီကို ဘယ်လာကြမလဲ။ ဒါပေမယ့် ငါ ဒီလို ဖြစ်လိမ့်မယ်လို. ဘယ်သူသိမှာလဲ
မနှစ်ပိုင်းကလည်း ဒီလူနာ ဒကာသိန်းလွင်တို. ဂရောင်ဂျူးမြို.ကပဲ ဒကာ တစ်ယောက် ဆုံးသေးတယ်။ ကိုရီးယား ဓမ္မယာနယောဂီအဖွဲ. အတွင်းရေးမှူး ဒကာလေး လိုက်ပို.ပေးလို. ဘုန်းကြီးပဲ ဒကာလှထွန်းကို ကပ္ပိယခေါ်သွားပြီး ဆေးရုံမှာ သက်ပျောက်ဆွမ်းတရား စက်ရုံမှာ ရက်လည်တရားဟော အမျှပေးဝေ ခဲ့ရဖူးတယ်။ သူလည်း ရောက်လို.မှ ၆လမပြည့်သေးဘူး ဆုံးရှာတာ။ မြန်မာပြည်မှာ လူမမယ် သမီးငယ်လေးနဲ. ဇနီးဖြစ်သူတို. ကျန်ရစ်လေရဲ.။ လာစဉ်တုန်းကတော့ မျှော်လင့်ချက်ကြီးကြီး သမီးနဲ. ဇနီးအတွက်ပေါ့။ အခုတော့ သောကအပြင် ဘာမှ မထားရစ်နိုင်ခဲ့တော့ပါလား။ ရာသီဥတုကအေး အလုပ်က ကြမ်းတမ်းပင်ပန်း နေရတာက ကွန်တိန်နာ အခန်းနဲ.လေ။ နှလုံးရောဂါ အခံရှိတယ်ဆိုပဲ။ မနက် အလုပ် ဆင်းခါနီး ရင်ဘတ်ထဲက အောင့်တယ်ဆိုပြီး ထိုင်ရာကနေ မထနိုင်ဘဲဖြစ်နေလို. အရေးပေါ်လူနာတင်ယာဉ် ခေါ်ပေမယ့် ဆေးရုံမရောက်ခင် ဆုံးရှာတာပါပဲ။ သူလည်း ချစ်လှစွာသော ဇနီးမယားနဲ.သမီးသားကို မခွဲရက်ရက် ခွဲခက်ခက်နဲ. မချိတရိခွဲပြီး ငွေရှာဖို. လာရင်းက အသက်ပါ ပါသွားပါရောလား။ ဒီလိုမှန်း သိရင် ဘယ်လာမလဲ။ ဒါပေမယ့် ငါ ဒီလိုဖြစ်လိမ့်မယ်လို. ဘယ်သူသိမှာလဲ
ဆေးရုံက ပြန်ရောက်ပြီး ညနေပိုင်းမှာ ဘုန်းကြီးဆီ ဖုန်းလာပါတယ်။ စာတစ်ခု လက်မှတ် လာထိုးခိုင်းနေတာ နားမလည်ပဲ မထိုးရဲလို. မထိုးလိုက်တဲ့အကြောင်း ပြောပါတယ်။ နိုင်ငံခြားသားကူညီရေးအဖွဲ.က တာဝန်ခံလာသွားလား မေးတော့ မလာသေးဘူးလို. သိရပါတယ်။ သူတို.လည်း အဲဒါ စိတ်ပူနေတယ် ဆိုတာနဲ. နောက်ရက် 17-4-12 မနက်စောစော ဥက္ကဋ္ဌဆီ ဖုန်းထပ်ဆက်ပြီး ဘုန်းကြီးဆေးရုံမှာ ရှိနေတုန်း တာဝန်ခံကို လွှတ်ပေးနိုင်မလားမေးတော့ လွှတ်ပေးမယ်ဆိုတာနဲ. ဆေးရုံ ကို တစ်ခေါက် ထပ်သွားဖြစ်ခဲ့ပါတယ်။
ဒီတစ်ခေါက်တော့ လူနာရဲ. တူဖြစ်သူ ဂေါဂျယ်ဒိုက ဒကာတင်ဝင်းထွန်းလည်း ရောက်နေတယ်။ ခွင့်(၇)ရက်ယူပြီး လာခဲ့တာလို.ပြောပါတယ်။ လူလုံးသေးသေး ကြည်ကြည်လင်လင် ရွှင်ရွှင်ပျပျနဲ. သွက်သွက်လက်လက် ချက်ချက်ချာချာ ရှိသူပါ။ မြန်မာစကားလည်း ရည်လည်ပြီး ကိုရီးယားလိုလည်း အတော် ပြောနိုင်ပါတယ်။ အခန်းဖော် ကိုးရီးယားတွေကလည်း သူ.ကို အင်မတန် ချီကျူးကြပါတယ်။ စိတ်ထားကောင်းကြောင်း အပင်ပန်းခံကြောင်း ဦလေးဖြစ်သူကို ဂရုစိုက်ကြောင်း ပေါ့လေ။ မနေ.က လက်မှတ်မထိုးဖြစ်တဲ့ စာရွက်လဲ သူရောက်လာတော့ ဖတ်ကြည့်ပြီး ထိုးလိုက်တဲ့အကြောင်း ဆေးအာမခံ စာရွက်စာတမ်း ဖြစ်ကြောင်း ပြောပါတယ်။
မကြာခင် နိုင်ငံခြားသားကူညီရေး အဖွဲ.က တာဝန်ခံ ဒကာမ ဟန်အာရူးမ် ရောက်လာတာနဲ. သူတို.ကို မိတ်ဆက်ပေးရပါတယ်။ သူမကလည်း လိပ်စာကဒ် ပေးပြီး အချိန်မရွေး ဆက်သွယ်ဖို. အခု သိလိုတာမေးဖို.နဲ. သူ.အနေနဲ. အစအဆုံး အကူအညီ ပေးမယ့်အကြောင်း ပြောပါတယ်။ ဒီလို ကိစ္စတွေနဲ. ပတ်သက်လို. ဥပဒေ ရေးရာတွေပါ ကျွမ်းကျင်သူဖြစ်လို. ဒကာတွေ မေးတာကို စိတ်ရှည်လက်ရှည် အဖြေ ပေးပြီး အခွင့်အရေး ဘာတစ်ခုမှ မဆုံးရှုံးရအောင် ကူညီမယ်လို. ပြောပါတယ်။ အခုတော့ ဆေးကုသမှုကလွဲရင် ဘာမှ ခေါင်းထဲမထားဖို. အားပေးပါတယ်။ သူဆီက ဘုန်းကြီး သိရတာကတော့ လက်ချောင်းမပြောနဲ. လက်ကောက်ဝတ်ကနေ ပြတ်သွားတဲ့ သူတောင်မှ သိန်း တစ်ရာနှစ်ရာထက် ပိုမရဘူးလို. ဆိုပါတယ်။ ဘာပဲ ဖြစ်ဖြစ်ပေါ့လေ ရသင့်တဲ့ အခွင့်အရေးတော့ တောင်းရမှာပဲ။ အလုပ်ခွင်တွင်း ထိခိုက်မှု မဟုတ်လား။ ဘုန်းကြီးရဲ. ကျောင်းဒကာ ပြောတာတော့ ကိုရီးယားလူမျိုး ဆိုရင် အလုပ်ခွင် ပြင်ပမှာ ဖြစ်တာတောင် အလုပ်ခွင်က ပင်ပန်းမှုနဲ. ဆက်စပ်မှု ရှိတယ်ဆိုတာ ပြနိုင်ရင် လျော်ကြေးရသတဲ့။ နိုင်ငံခြားသားတော့ မသိဘူးတဲ့။
18-4-12
ဖူဆန်း ဗုဒ္ဓဘာသာအသင်းတိုက် ဓမ္မာရုံမှာ ဒကာမင်းညီက အလှူလုပ်ပြီး ၁၃၇၄ မြန်မာနှစ်ဦး နှစ်သစ်ကူး တရားပွဲ လုပ်ပါတယ်။ ဘုန်းကြီးလည်း အထက်က အကြောင်းတွေ ပြောပြပြီး သတိရှိဖို. ရတနာသုံးပါး နဲ. ကုသိုလ်တရားမမေ့ဖို. တရား ဟောပေးခဲ့ပါတယ်။ ဒကာတွေ ငါးလွှတ်ချင်တယ် ပြောဖူးတာ သတိရလို. အကျိုးလို.လို. ညောင်ရေလောင်း မလုပ်ဘဲ ပါရမီမြောက် ဇီဝိတဒါန လုပ်ကြတာပေါ့လို.။ လူစုထား စီစဉ်ထားပြီးရင် ငါးလပိုင်းမှာ လုပ်ကြတာပေါ့လို. ပြောခဲ့ပါတယ်။ အဲဒီကနေ ဘုန်းကြီးလည်း အလုပ်များသွားလိုက်တာ အူလ်ဆန်းမြို. ယုန်င်အန်းန်ဆာတရားပွဲ ဒယ်ဂူးမြို. ဂူဒိုဟွဲ တရားပွဲ ကနေ ချောန်အန်း အာဆန်းက ဟိုဒူမာအူးလ်းရိပ်သာ ဆယ်ရက်တရားစခန်းပွဲကို ရောက်သွားပါတယ်။ ကဆုန် လပြည့် ဗုဒ္ဓနေ. တရားပွဲ အပါအဝင် 27/4/12 ကနေ ~ 6/5/12 အထိ ဆယ်ရက်စခန်းပါ။ အဲဒီကနေ ဆိုးလ် ဘိုရီးဆုရိပ်သာ အပတ်စဉ် တနင်္ဂနွေ ပဋ္ဌာန်းတရားပွဲပြီးမှ တညအိပ်ပြီး 7/5/12 နေ.မှပဲ ဖူဆန်း ပြန်ရောက်တော့မှာပါ။
28/4/12 10:10 pm
ချောန်အန်း အာဆန်းက ဟိုဒူမာအူးလ်းရိပ်သာ ဆယ်ရက်တရားစခန်းပွဲ ဒုတိယရက်ည နောက်ဆုံးအချိန်အပြီးမှာ ဒကာလှထွန်းဆီက ဖုန်းဝင်လာပါတယ်။ တရားပွဲတွေ စခန်းပွဲတွေမှာ ရောက်နေရင် ဒကာလှထွန်း အကြောင်းသိမို.လို. ဖုန်း ဆက်ခဲပါတယ်။ အကြောင်းထူးရှိလို.ပဲလို. ထင်ပါတယ်။ ဘယ်သူ ဘာဖြစ်ပြန်ပြီလဲ လို. စိတ်ထင့်ထင့်နဲ. ဖုန်းကိုင်လိုက်တာ ဒီတစ်ခါ ကံဆိုးသူ မောင်ရှင်ကတော့ ဒကာလှထွန်း ကိုယ်တိုင်ပါပဲလား။ မော်တာဖြုတ်ရင်း လက်ထိသွားသတဲ့။ တခြားလူ ဆီက တဆင့်ကြားရင် ဘုန်းကြီး တအားစိတ်ပူနေမှာစိုးလို. ကိုယ်တိုင် ဆက်ပြော တာ။ နည်းနည်းပိသွားတာပါ။ ကျိုးတာပဲ့တာ ဖြတ်ရတာ မရှိပါဆိုလို. တော်သေးတာ ပေါ့လို. ဟင်းချလိုက်ပါတယ်။ နှစ်ဦးတရားပွဲတုန်းက ဒကာလှထွန်းနဲ. ဒီ ထိခိုက် ဒါဏ်ရာကိစ္စတွေ သတိထားဖို. ပြောဖြစ်သေးတယ်။ အဲဒီတုန်းက ဒကာလှထွန်းလည်း သူ ဒီလိုဖြစ်မယ် ထင်ပုံမရပါဘူး။ ငါ ဒီလို ဖြစ်လိမ့်မယ်လို. ဘယ်သူသိမှာလဲ
6/5/12 7:19am
ဆယ်ရက်တရားစခန်းပွဲ နောက်ဆုံးရက်မနက် တင်ထွန်းဦးဆီက ဖုန်း ဝင်လာပါတယ်။ တရားစစ်နေတဲ့အချိန် တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ.ကမှ ဖုန်းကလည်း ဘေးမှာ ရှိနေတယ်။ အရင်ဆို အိပ်ခန်းထဲမှာ ထားတာ။ ဒီနေ. မနက် ၁၀နာရီ တရားပွဲပြီးပြီးချင်း ဆိုလ်း ဘိုရီးဆုရိပ်သာကို ပွဲဆက်ရမှာမို. ပစ္စည်းသိမ်းရင်း အဆင်သင့်ပြင်ထားတာကြောင့်ပါ။ လူနာစောင့်ဆီက ဖုန်းဆိုတော့ လူနာ သိန်းလွင်ကိုပဲ စိတ်ပူသွားတယ်။ အကြောင်းထူးရှိလို. ဆက်တာနေမှာပဲဆိုပြီး ယောဂီတွေကို သည်းခံဖို. အကျိုးအကြောင်းပြောပြီး ဖုန်းကိုင်လိုက်တော့ တင်ထွန်းဦးမဟုတ်ဘဲ တင်ထွန်းဦးဖုန်းနဲ. အောင်ဆန်းဦးက ဆက်တာဖြစ်နေတယ်။
တင်ထွန်းဦး မနက်က သူနဲ. အတူ တီဗွီကြည့် စကားပြောနေတုန်း လဲကျသွားပြီး အခု ဆေးရုံကြီးတစ်ခုရဲ. အရေးပေါ်ဋ္ဌာနမှာ ရောက်နေကြောင်း သူလည်း ခြေမိကိုင်မိ လက်မကိုင်မိနဲ. ဘာလုပ်ရမှန်း မသိ ဖြစ်နေလို. ဘုန်းဘုန်းဆီ ဖုန်းခေါ်ရကြောင်း လျှောက်ထားပါတယ်။ ဒါနဲ. ဆရာဝန်ရှိရင် ဖုန်းပြောင်းပေးဖို. ပြောပြီးဆရာဝန်နဲ. စကားပြောရပါတယ်။ ဆရာဝန်စကားအရ ဟိုဘက်ဆေးရုံကနေ သူတို.ဆီ ရောက်လာကတည်းက နှလုံးခုန်ရပ်ပြီး သွေးစမ်းမရတဲ့ အနေအထား ဖြစ်ကြောင်း ရောက်စကနေ အခုအချိန်အထိ နာရီဝက်ကြာ နှလုံးအဆုတ် ပြန်အလုပ်လုပ်ဖို. အစွမ်းကုန် ကြိုးစားပေမယ့် မရတော့ကြောင်း ပြောပါတယ်။
ဆုံးသွားရှာပြီပေါ့။ တကယ်ကို နေ.မြင်ညပျောက်ပါလား။ မကြာခင် ရက်ပိုင်း လေးက သူ.ဦးလေးကို လူနာစောင့်ဖို.လာတဲ့ တင်ထွန်းဦးကို ဆေးရုံမှာ တွေ.ပြီး စကားပြောခဲ့တာ ပြန်မြင်ယောင်ရင်း တရားစစ်လက်စ ယောဂီတွေ အလိုက်တသိ ထသွားတာကို မြင်လျက်နဲ. မတားဖြစ်တော့ဘူး။ နောက် မကြာခင် သတိဝင်လာပြီး ဖုန်းတစ်လုံးနဲ. အလုပ်များနေမိပါတော့တယ်။ ပထမဦးဆုံး နိုင်ငံခြားသားကူညီရေး အဖွဲ.အစည်းက ဥက္ကဋ္ဌဆီ ဖုန်းဆက်ပေးလိုက်ပါတယ်။ သူကလည်း မနက် စောစော စီးစီး ဒုက္ခပေးတယ်လို. မညည်းရှာပါဘူး ဆေးရုံကို ချက်ချင်းသွားပါတယ်။ နောက် မင်းလတ်ဆီဖုန်းဆက်တာမရလို. လက်ထိထားတဲ့ ဒကာလှထွန်းကိုပဲ မင်းလတ် တို.ကို ဖုန်းဆက်ပြီး လိုအပ်တာဝိုင်းဆောင်ရွက်ကြဖို. ပြောရပါတယ်။ ဒကာ လှထွန်းကိုတော့ ဖုန်းပဲဆက်ပြီး ကိုယ်တိုင် မသွားဖို.ပြောပေမယ့် သူကလည်း ထုံးစံအတိုင်း မနေနိုင်ရှာပါဘူး။ သက်ပျောက်ဆွမ်းကနေ ရက်လည်အထိ လိုက်လုပ်တာပါပဲ။ ဘုန်းကြီးရဲ. ဆိုးလ်ဘိုးရီးဆု တရားပွဲက ညနေမှ ပြီးမှာမို. ပြန်ရောက်နိုင်မှာမဟုတ်လို. သက်ပျောက်ဆွမ်းကိုတော့ ဒယ်ဂူးဆရာတော် ဦးဝိစိတ္တ ကို ပင့်ပြီး အမျှဝေရေစက်ချခဲ့ကြပါတယ်။
8/5/12 5:30am
ဖူဆန်း ဓမ္မယာန ပြည်တော်ဦးကနေ ဒကာတင်ထွန်းဦး ရုပ်ကလာပ်ရှိရာ ချင်မ်လဲဆေးရုံကို ဒကာလှထွန်း ကိုခိုင် ကိုလှမင်းထွန်းတို.နဲ.အတူ ထွက်လာ ခဲ့ကြပါတယ်။ သူတို.လည်း အသုဘကိစ္စ ဝိုင်းဆောင်ရွက်ပြီး မနက် ဘုန်းကြီးကို ပင့်ဖို. ဘုန်းကြီးကျောင်းမှာ မနေ.ညကတည်းက လာအိပ်နေကြတာပါ။ ဒီနေ. သုံးရက်လည်း ဆွမ်းသွပ် တရားနာ အမျှပေးဝေပြီး ရုပ်ကလာပ်ကို မီးသဂြိုဟ် မယ့်နေ.။
ဆေးရုံမှာ ရက်လည်ဆွမ်းသွတ် တရားနာရာမှာ မွန်မိတ်ဆွေ သူငယ်ချင်းတွေ ဘူဖျောင်းင်စသည့် အထက်ဘက်ကလည်း ဆင်းလာကြလို. လူတော်တော်များများ ရောက်နေကြပါတယ်။ သုံးလေးဆယ်တောင် ရှိမယ် ထင်ပါတယ်။ အခုလို အရေးဆို ညီညီညွတ်ညွတ် သိုင်းကြဝိုင်းကြနဲ. ဝမ်းသာစရာ အားရှိစရာကောင်းပေမယ့် အခုလို ဆုံကြရတဲ့ အကြောင်းခံက ဝမ်းနည်းစရာ တင်ထွန်းဦးရဲ.အသုဘကိစ္စ ဖြစ်နေတော့ သူတို.အားလုံးမျက်နှာက သောကသာ အတိ အားမရှိကြပါဘူး။
အတူလုပ်ဖော် ကိုင်ဘက်တွေလည်း ယုံတောင် မယုံကြဘူး တဲ့။ ဦးလေးဖြစ်သူ ဒကာသိန်းလွင်လည်း အတူတူပဲ သူတက်နေတဲ့ ဆေးရုံကနေ အနီးအနားက ဆေးရုံကြီးကို ပို.လိုက်ပြီး မကြာခင် ဆုံးသွားပြီလို. အောင်ဆန်းဦးက ဖုန်းဆက်တော့ မယုံဘူးတဲ့။ တကယ်တော့ တင်ထွန်းဦးကိုယ်တိုင်လည်း တစ်ယောက်ယောက်က မင်း ခဏနေ သေတော့မယ် ပြောရင် ယုံမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ငါ ဒီလို ဖြစ်လိမ့်မယ်လို. ဘယ်သူသိမှာလဲ
10/5/12 1:06pm
အောင်ဆန်းဦးဆီက ဖုန်းပါ။ မနက်ဖြန် သိန်းလွင်နဲ. သူ ဘုန်းကြီးကျောင်းကို လာမယ့်အကြောင်း သဘက်ခါ တင်ထွန်းဦး (၇)ရက်လည် ဆွမ်းသွတ်တရား နာယူမယ့်အကြောင်း လျှောက်တာပါ။ လာခဲ့ကြပါလို. ပြောရင်း သဘက်ခါ ရက်လည်တရား အင်း~~~ တရာနာကြမယ့်မင်းတို.နဲ. တရားဟောမယ့်ငါ မနက်ဖြန် မသေဘူးလို. ဘယ်သူပြောနိုင်လဲ~~~လို. တွေးနေမိပါတယ်။ ဘယ်သူသိမှာလဲ။(ကော ဇညာ မရဏံ သုဝေ)

(10/5/12)11:34pm

Wednesday, May 9, 2012

ဂေါ်ဂျယ် ဒေ၀ူ သင်္ဘောကျင်းမှ မြန်မာလုပ်သား တစ်ဦး ရုတ်တရတ်ကွယ်လွန်

ဂေါ်ဂျယ် ဒေ၀ူ သင်္ဘောကျင်းတွင် အလုပ် လုပ်ကိုင်နေသော ကိုတင်ထွန်းဦး(အသက် ၃၀)သည် ၂၀၁၂ခုနှစ် မေလ ၆ရက် တနင်္ဂနွေနေ့ နံနက် ၆ နာရီဝန်းကျင်တွင် ဘူဆမ်မြို့ရှိ နှလုံးအထူးကု ဆေးရုံတစ်ခုတွင် ရုတ်တရတ် ကွယ်လွန်အနိစ္စရောက်ရှိသွားခဲ့ပါသည်။
ကွယ်လွန်သူ ကိုတင်ထွန်းဦးမှ မွန်လူမျိုးဖြစ်ပြီး၊ ပရပ်(စ်)စက်ရုံတွင် အလုပ်လုပ်ရာနေရာမှ လက်တွင်ထိခိုက် ဒါဏ်ရာရရှိပြီး ခွဲစိတ်အထူးကုဆေးရုံတွင် ဆေးကုသမှုခံယူနေသော ဦးလေးဖြစ်သူ ဦးသိန်းလွင်အား ကူညီရန်အတွက် တစ်လခန့် သွားရောက်၍ အနီးကပ် စောင့်ရှောက်ပေးခဲ့ပါသည်။ ဆေးရုံမှာ ဘူဆမ်မြို့တွင်ရှိပြီး တစ်လပြည့်ပြီးတွင် တစ်ပတ်ခန့် မိမိစက်ရုံသို့ အလုပ်လုပ်ရန် ဂေါ်ဂျယ်သို့ ပြန်သွားခဲ့သည်။ ထို့နောက် စနေနေ့ည အလုပ်ဆင်းပြီးနောက် ဆေးရုံသို့ ပြန်လာရောက်၍ ညအိပ်စောင့်ပေးခဲ့ပါသည်။ တနင်္ဂနွေနေ့၊ နံနက် ၅နာရီခန့်တွင် အိပ်ယာထ၊ မျက်နှာသစ်သည်အထိ ပုံမှန်အကောင်းတိုင်း ဖြစ်သည်။ ထို့နောက် ဦးသိန်းလွင်၊ ဦးအောင်ဆန်းဦး အတူရှိနေရာမှ ရုတ်တရတ် အသက်ရှူကြပ်ပြီး နှလုံခုန်ရပ်သွားခဲ့သည်။ ဆေးရုံရှိ အရေးပေါ်ဌာနမှ အောက်စီဂျင်ပေးခြင်း၊ အသက်ရှူ ကိရိယာများ အသုံးပြု၍ ပြန်လည် အသက်ရှူလာစေရန် ကြိုးစာခဲ့သော်လည်း မရနိုင်သည့် အဆုံးတွင် အနီးရှိ နှလုံးအထူးကု ဆေးရုံသို့ ပေးပို့ခဲ့ပါသည်။ သို့သော် ၎င်း နှလုံးဆေးရုံသို့ ရောက်ပြီးနောက် ကိုတင်ထွန်းဦးမှာ အသက်ဆုံးရှုံးခဲ့ရပါသည်။ ဆေးရုံမှ ဆေးစစ်ချက်မှာ နှလုံရုတ်တရတ် ရပ်သွားခြင်း ဖြစ်ပြီး၊ ဖခင်ဖြစ်သူမှာလည်း အိပ်ယာထဲတွင် အိပ်နေရာမှ ရုတ်တရတ် ဆုံးပါခဲ့ခြင်းကြောင့် မျိုးရိုးဗီဇကြောင့်ဟု ကောက်ချက်ချခဲ့ပါသည်။

ထို့နောက် မေလ ၇ ရက်၊ တနင်္လာနေ့ နံနက်တွင် ၎င်းကွယ်လွန်ရာ ဘူဆမ်မြို့၊ နာမ်ဆမ်းမြို့နယ် အတွင်းရှိ ချင်(မ်)နဲဆေးရုံတွင် ဆရာတော်ဦးဝိစိတ္တ(ဒယ်ဂူဒဆရာတော်)မှ ကြွရောက်၍ သက်ပျောက်တရား ဟောကြားပေးခဲ့ပြီး ဆရာတော်အား နေ့ဆွမ်းဖြင့် ဆက်ကပ်လျှုဒါန်းခဲ့ကြပါသည်။ မေလ၊ ၈ ရက်၊ အင်္ဂါနေ့ နံနက်တွင် ဆရာတော် ဦးပဏ္ဍိစ္စ(ပြည်တော်ဦးဆရာတော်)အား အာရုံဆွမ်းဆက်ကပ်လှူဒါန်ပြီး သံဝေဂ ဆွမ်းသွပ်တရာတော် နာကြားခဲ့ပါသည်။ တရာနာ၊ အမျှအတန်းပေးဝေပြီး နံနက် ၉နာရီခွဲတွင် မီးသင်္ချို စက်သို့ ပိုဆောင်ပေးခဲ့ကြသည်။ ကိုတင်ထွန်းဦး၏ ဈာပဏသို့ ကင်မဲ၊ ဘူဆမ် ၀န်းကျင်ရှိ မိတ်ဆွေ အပေါင်းအသင်းများနှင့် ဘူဖျောင်း မွန်အဖွဲ့အစည်းမှ မိတ်ဆွေများလာရောက်၍ ပို့ဆောင်ပေးခဲ့ကြပါသည်။








ထိုကြောင့် ၇ ရက်၊ ရက်လည် ဆွမ်းသွပ် တရားအား ကျန်ရစ်သူ မိသားစုနှင့် မိတ်ဆွေများမှ ဘူဆမ်၊ ပြည်တော်ဦး ဘုန်းကြီးကျောင်းတွင် ပြုလုပ်မည်ဖြစ်ပါ၍ ဘူဆမ်မြို့အနီးအနားနှင့် ကိုရီယားနိုင်ငံတွင် ရောက်ရှိနေသော မိတ်ဆွေသင်္ဂဟများ တက်ရောက်၍ သံဝေဂတရားနာကြားနိုင်ရန် ဖိတ်ကြားလိုက်ပါသည်။

အစီအစဉ်။ ။ ကိုတင်ထွန်းဦး၏ ရက်လည် ဆွမ်းသွတ် တရားနာ
နေရာ ။ ။ ဘူဆမ်မြို့၊ နာမ်ချောင်မြို့နယ်၊ စမ်းမစ်ဘိချိ တိုက်အမှတ် ၂၁၃၊ အခန်း အမှတ် ၂၀၅ ရှိ ပြည်တော်ဦး ကျောင်း
အချိန် ။ ။ နံနက် ၁၀ နာရီ မှ နေ့လယ် ၁နာရီ အထိ

ရေးသူ ကယားလေး

Share

Twitter Delicious Facebook Digg Stumbleupon Favorites More