ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ January 2012 ~ pyidawoo

Pages

အဘိဓမ္မာသင်တန်း အမှတ်စဉ် (၁) ဒယ်ဂူးမြို. ကိုရီးယား

ကိုးရီးယားနိုင်ငံ ဒယ်ဂူးမြို. ဗိုဟျောန်းဆာကျောင်းတွင် ၁၆-၀၈-၂၀၁၂မှ စတင်၍ အပတ်စဉ် ကြာသပတေးနေ.တိုင်း ည ရ~၉နာရီ အဘိဓမ္မာသင်တန်းကို ပို.ချပေးနေပါသည်။

အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁) ဖူဆန်း

၃-၉-၂၀၁၂ တနင်္လာနေ.က ဖူဆန်းမြို. ဗုဒ္ဓဘာသာ အသင်းတိုက်တွင် အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁)ကို စတင်၊ တောင်ကိုးရီးယားနိုင်ငံသား အချို.သော ဗုဒ္ဓဘာသာဝင်များသည် မိရိုးဖလာ မဟာယာန အယူအဆများထက် ထေရဝါဒကို စိတ်ဝင်စားစ ပြုလာကြပါသည်။ ဝိပဿနာတရားကို လေ့လာရာမှ အစပြု၍ နိကာယ်ကြီးများကို ဘာသာပြန်သည် အထိ ခရီးရောက်နေကြပါပြီ။.

ဓမ္မယာန ပြည်တော်ဦး အမှတ် (၂)

ကိုရီးယား ဖူဆန်းမြို. ဆာ့ဆန်မှာ ဓမ္မယာန ပြည်တော်ဦး အမှတ် (၂) လက်ခံဖွင့်လှစ် ကိုရီးယား ယောဂီဒကာတစ်ဦးက ပြည်တော်ဦးဆရာတော်ဧ။် သာသနာပြုလုပ်ငန်းများတွင် အလိုရှိသလို အသုံးပြုရန် ဖူဆန်းမြို. ဆာ့ဆန်ဂူ ဂျူလဲရပ်ကွက်ရှိ အဆောက်အဦးတစ်ခုမှ အပေါ်ထပ်ကို ပြင်ဆင် လှူဒါန်းခဲ့ပါသည်။ .

ဂွမ်းဂျူးမှာလည်း ရွှေမြန်မာတို. အားထားရာ “မြန်မာကျောင်း”တစ်နေရာ တည်ထောင်ပါဦးမည်။

တောင်ကိုရီးယားနိုင်ငံ ဖူဆန်းမြို.မှာ ဓမ္မယာန ပြည်တော်ဦး ကိုးရီးယားမြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်ကို

ကိုးရီးယားမှာ ပညာရှာ

ဒီနှစ် ကိုးရီးယားမှာ ကျောင်းသားလေးယောက် စကောလာရအောင် စီစဉ်ပေးနိုင်ခဲ့ ပါတယ်။ PUKYONG NATIONAL UNIVERSITY ကိုရီးယားဘာသာ မဟာဝိဇ္ဇာတန်းမှာပါ။ ၂၀၁၂ နွေဦး ပညာသင်နှစ်ကနေစပြီး ကျောင်းတက် နေကြပါပြီ။

Tuesday, January 31, 2012

အစည်းအဝေးဖိတ်ကြားလွှာ

၂၀၁၂.၄.၁၃ရက်နေ့ မြန်မာသက္ကရာဇ် ၁၃၇၄ခုနှစ် တန်ခူးလတွင် ကျရောက်မည့် မြန်မာ့ရိုးရာသင်္ကြန်ပွဲအား ကျင်းပရန်အတွက် အစီအစဉ်များအား တိုင်ပင်ဆွေးနွေးရန် ၂၀၁၂.၂.၅(တနင်္ဂနွေနေ့)တွင် ဂင်မ်ဟဲရှိ မဇ္ဈိမယာနရုံးခန်း သို့ကြွရောက်ပေးကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

အစည်းအဝေး အားညနေ ၃နာရီတွင် စတင်မည်ဖြစ်သည်။

Monday, January 23, 2012

ကိုရီးယားနှစ်သစ်/နှစ်ဦးအလှူ

2012.01.23ရက်နေ့တွင် ကျရောက်သော ကိုရီးယားနှစ်သစ်တွင် ဦးစိန်ဝင်းကြီးမှူး၍ ယန်ဆန်းညီအစ်ကိုများမှ ဖူဆန်းပြည်တော်ဦး ဗုဒ္ဓသာသနာ့ရိပ်မွန်တွင် ပြည်တော်ဦး ဆရာတော်အား နံနက်အာရုံ မုန်ဟင်းခါး နှင့် နေ့ဆွမ်းကိုကပ်လှူ၍ ကြွရောက်လာသောဧည့်သည်များနှင့် မိတ် သင်္ဂဟများကိုလည်း အဟာရကျွေးမွေးဧည့်ခံခဲ့ပါသည်။ထို့နောက် ကြွရောက်လာသောဧည့်သည်တော်များမှလည်း မြန်မာပိုင်ဘုန်းတော်ကြီးကျောင်းဖြစ်မြောက်ရေးအလှူတွင် ပါဝင်လှူဒါန်းသွားကြပြီး ဆရာတော်မှ တရားတော်များ ဟောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်၍လှူဒါန်းမှု အစုစုအတွက် ရေစက်ချအမျှဝေခဲ့ ပါကြောင်း သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ကြပါစေရန်~~~




Share

Twitter Delicious Facebook Digg Stumbleupon Favorites More