ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ November 2011 ~ pyidawoo

Pages

အဘိဓမ္မာသင်တန်း အမှတ်စဉ် (၁) ဒယ်ဂူးမြို. ကိုရီးယား

ကိုးရီးယားနိုင်ငံ ဒယ်ဂူးမြို. ဗိုဟျောန်းဆာကျောင်းတွင် ၁၆-၀၈-၂၀၁၂မှ စတင်၍ အပတ်စဉ် ကြာသပတေးနေ.တိုင်း ည ရ~၉နာရီ အဘိဓမ္မာသင်တန်းကို ပို.ချပေးနေပါသည်။

အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁) ဖူဆန်း

၃-၉-၂၀၁၂ တနင်္လာနေ.က ဖူဆန်းမြို. ဗုဒ္ဓဘာသာ အသင်းတိုက်တွင် အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁)ကို စတင်၊ တောင်ကိုးရီးယားနိုင်ငံသား အချို.သော ဗုဒ္ဓဘာသာဝင်များသည် မိရိုးဖလာ မဟာယာန အယူအဆများထက် ထေရဝါဒကို စိတ်ဝင်စားစ ပြုလာကြပါသည်။ ဝိပဿနာတရားကို လေ့လာရာမှ အစပြု၍ နိကာယ်ကြီးများကို ဘာသာပြန်သည် အထိ ခရီးရောက်နေကြပါပြီ။.

ဓမ္မယာန ပြည်တော်ဦး အမှတ် (၂)

ကိုရီးယား ဖူဆန်းမြို. ဆာ့ဆန်မှာ ဓမ္မယာန ပြည်တော်ဦး အမှတ် (၂) လက်ခံဖွင့်လှစ် ကိုရီးယား ယောဂီဒကာတစ်ဦးက ပြည်တော်ဦးဆရာတော်ဧ။် သာသနာပြုလုပ်ငန်းများတွင် အလိုရှိသလို အသုံးပြုရန် ဖူဆန်းမြို. ဆာ့ဆန်ဂူ ဂျူလဲရပ်ကွက်ရှိ အဆောက်အဦးတစ်ခုမှ အပေါ်ထပ်ကို ပြင်ဆင် လှူဒါန်းခဲ့ပါသည်။ .

ဂွမ်းဂျူးမှာလည်း ရွှေမြန်မာတို. အားထားရာ “မြန်မာကျောင်း”တစ်နေရာ တည်ထောင်ပါဦးမည်။

တောင်ကိုရီးယားနိုင်ငံ ဖူဆန်းမြို.မှာ ဓမ္မယာန ပြည်တော်ဦး ကိုးရီးယားမြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်ကို

ကိုးရီးယားမှာ ပညာရှာ

ဒီနှစ် ကိုးရီးယားမှာ ကျောင်းသားလေးယောက် စကောလာရအောင် စီစဉ်ပေးနိုင်ခဲ့ ပါတယ်။ PUKYONG NATIONAL UNIVERSITY ကိုရီးယားဘာသာ မဟာဝိဇ္ဇာတန်းမှာပါ။ ၂၀၁၂ နွေဦး ပညာသင်နှစ်ကနေစပြီး ကျောင်းတက် နေကြပါပြီ။

Sunday, November 13, 2011

အလှူတော်မင်္ဂလာဖိတ်ကြားလွှာ

... အလှူတော်မင်္ဂလာဖိတ်ကြားလွှာ

...
ရေးသူ~~နန္ဒာ (ဧကမ္ဘာ)



Monday, November 7, 2011

ဓမ္မယာန-မဇ္ဈိမယာန အဖွဲ့ သြ၀ါဒါစရိယ ဆရာတော်ကြီးများ၏ ပေးစာ

... ၁၈-၇-၂၀၁၁ မှ ၁၄-၈-၂၀၁၁ထိ မြန်မာပြည်တွင်းသို. ပြန်ကြွပြီး ဓမ္မယာန မဇ္ဈိမယာနအဖွဲ. မှတ်ပုံတင်ရေး ကိစ္စ ဆောင်ရွက်ခဲ့ပါသည်။ အဖွဲ.၏ သြဝါဒါစရိယ ဆရာတော်များအဖြစ် စောင့်ရှောက် ဆောင်ရွက်တော်မူပါရန် (၁)မန္တလေးမြို. မစိုးရိမ်တိုက်သစ် ဆရာတော်ဘုရားကြီး ၊ (၂)အပြည်ပြည်ဆိုင်ရာ ထေရဝါဒတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ၊ (၃)ကျေးဇူးရှင် မုံရွာစန်းမြသီတာ ဆရာတော်ဘုရားကြီး တို.ကို လျှောက်ထား ခဲ့ရာ ဝမ်းမြောက်ဝမ်းသာ လက်ခံချီးမြှောက်တော်မူခဲ့ကြပါသည်။









... မန္တလေးမြို. မစိုးရိမ်တိုက်ကြီးသုံးတိုက်၏ နာယကချုပ်ဆရာတော်


ဦးရာဇဓမ္မာဘိဝံသ၏ သြ၀ါဒကထာ


လိုကွက်ကိုဖြည့်စွက်ခြင်း မြန်မာနိုင်ငံ၌ နာဂစ်စသော သဘာဝဘေးအန္တရာယ်ကြောင့် အိုးမဲ့အိမ်မဲ့ မိမဲ့ဖမဲ့ အားကိုးရာမဲ့ ကလေးများ အတော်ပေါများနေကြောင်းသိရ၏။ ယင်းကလေးငယ်များကို အချို့က သားသမီးအဖြစ် အမွေစားအမွေခံ စာချုပ်စာတမ်းဖြင့် ထိန်းသိမ်းစောင့်ရှောက်ကြသည်ဟု သိရ၏။ အချို့သံဃာတော်များကလည်း အားကိုးရာမဲ့ကလေးငယ်များကို ကျောင်းတွင်ခေါ်ထားပြီး ထိန်းသိမ်းစောင့်ရှောက်ကြသည်ဟုသိရ၏။ ဦးပဏ္ဍိစ္စကား ယင်းသံဃာတော်များကို အားကျဟန်တူသည်။ မိမဲ့ဖမဲ့ကလေးငယ်များကို ထမင်းကျွေးထားပြီး အတတ်ပညာသင်ပေးနေသည်ဟု သိရ၏။ဆန်းကျမ်းဆရာ နိဂုံးနှင့်တစ်ထပ်တည်းတူညီနေ-ပရိယတ္တိလောက၌ ကျမ်းကြီးပဋ္ဌာန်း ကျမ်းငယ်ဆန်းကျမ်းလတ်ဓာတုကထာဟု အဆိုအမိန့်တစ်ခု ရှိ၏။ ကျမ်းကြီးကျမ်းခိုင်တို့တွင် ပဋ္ဌာန်းကျမ်းသည် အခက်ဆုံး ကျမ်းငယ်တို့တွင်ဆန်းကျမ်းသည် အခက်ဆုံး ကျမ်းလတ်တို့တွင် ဓာတုကထာကျမ်းသည် အခက်ဆုံးဟုဆိုလိုသည်။ကျမ်းငယ်တို့တွင်အခက်ဆုံးဖြစ်သည့်ဆန်းကျမ်းကိုရေးသားပြုစုသွားသည့်ကျမ်းပြုဆရာတော်က သူကကျမ်းနိဂုံးတွင်--ပရတ္ထသမ္ပဒနကော ဘဝေယျံ ဇာတိယံ ဟုဆုတောင်းထည့်သွား၏။ အနက်-ဇာတိဇာတိယံ၊ဖြစ်တိုင်းဖြစ်တိုင်းသောဘ၀၌ ပရတ္တသမ္ပာဒနကော၊ သူတစ်ပါးအကျိုးစီးပွားကို ပြီးစေနိုင်သူသည်။ ၀ါ-ပရဟိတလုပ်ငန်းဆောင်ရွက်နိုင်သူသည်။ ဘဝေယျံ၊ ဖြစ်ရလို၏။ အရှင်ပဏ္ဏိစ္စကား ဆန်းကျမ်းဆရာ၏ ကျမ်းပြီးနိဂုံးဆုတောင်းကို အားကျဟန်တူသည်။ သူ့ခေါင်းထဲ၌ ပရဟိတလုပ်ငန်းလုပ်ရန်သာ ဦးနှောက်ရှိ၏။ အခြားဘာမျှစိတ်ကူးမရှိ။ ဖရဟိတလုပ်ငန်းကို ထွန်းထွန်းပေါက်ပေါက်ပြုလုပ်နိုင်ပါစေဟု ဆန္ဒပြုလိုက်ပါသည်။



အရှင်ရာဇဓမ္မာဘိဝံသ


မစိုးရိမ်တိုက်သစ်


မန္တလေး။



************************************************************



အပြည်ပြည်ဆိုင်ရာ ထေရဝါဒတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး၏ သြဝါဒ


ဓမ္မယာန-မဇ္ဈိမယာန အသင်း အသင်းသူ ၊ အသင်းသားများ ထံ ပေးပို့အပ်သော


သာရဏီယ သြ၀ါဒကထာ
အသင်းဖွဲ့စည်း၍ ကုသိုလ်ကောင်းမှု ပေါင်းစု ပြုလုပ်ကြရာ၌ စုစည်းညီညွတ်မှုသည် အရေးကြီး၏။ စုစည်းညီညွတ်မှု နှစ်မျိုးနှင့်ပြည့်စုံအောင် ကြိုးစားကြရပါမည်။ တစ်မျိုးမှာ စိတ္တသာမဂ္ဂီစိတ်ဓာတ်အားဖြင့်စုစည်းညီညွတ်မှုဖြစ်၏။ဤညီညွတ်မှုသည်အတွင်းစွမ်းအားဖြစ်၍များစွာအရေးကြီး၏။စုစည်းမှုကိုခိုင်မာစေနိုင်၏။ နောက်တစ်မျိုးမှာ ကာယသာမဂ္ဂီ-ဆောင်ရွက်ဖွယ်ရှိသမျှ ကိုယ်တိုင်ပါဝင် ဆောင်ရွက်ခြင်းဖြင့် စုစည်းညီညွတ်မှုဖြစ်၏။ ဤညီညွတ်မှုသည်မြင်သာသည့်အပြင်စွမ်းအားဖြစ်သည်။အတွင်းစွမ်းအား အပြင်စွမ်းအားတသားတည်းဖြစ် အောင် ကြိုးစားကြရပါမည်။ အသင်းကိစ္စ၌မိမိဆန္ဒရှေ့တန်းမတင်ရ။အများဆန္ဒအတိုင်းသာဆောင်ရွက်မည်ဟုစိတ်ပိုင်းဖြတ်ထားကြရပါမည်။ အသင်းအဖွဲ့၏ ဦးတည်ချက်နှင့် စည်းမျဉ်းစည်းကမ်းကို အလေးဂရုပြုကြရပါမည်။ ဓမ္မယာန မဇ္စျိမယာန ၏ အကျိုးစီးပွားသည်မိမိ၏အကျိုးစီးပွားဟုနှလုံးထား၍ ကြိုးစားဆောင်ရွက်နိုင်ကြပါစေ။


ဆရာတော် ဘဒ္ဒ န္တဒေါက်တာနန္ဒမာလာဘိဝံသ

ပါမောက္ခ ချုပ် ဆရာတော်

အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်
ရန်ကုန်မြို့။


ရေးသူ~~ဒေါ်နန္ဒာ (ဧကမ္ဘာ)

Sunday, November 6, 2011

ဓမ္မယာန-မဇ္ဈိမယာန အဖွဲ့၏ သြ၀ါဒါ စရိယ ဆရာတော်ကြီးများ၏ ပေးစာ


...ဓမ္မယာန-မဇ္ဈိမယာန အဖွဲ့၏ သြ၀ါဒါ စရိယ ဆရာတော်ကြီးများ၏ ပေးစာ..
...

သြ၀ါဒကထာ လိုကွက်ကိုဖြည့်စွက်ခြင်း မြန်မာနိုင်ငံ၌ နာဂစ်စသော သဘာဝဘေးအန္တရာယ်ကြောင့် အိုးမဲ့အိမ်မဲ့ မိမဲ့ဖမဲ့ အားကိုးရာမဲ့ ကလေးများ အတော်ပေါများနေကြောင်းသိရ၏။ ယင်းကလေးငယ်များကို အချို့က သားသမီးအဖြစ် အမွေစားအမွေခံ စာချုပ်စာတမ်းဖြင့် ထိန်းသိမ်းစောင့်ရှောက်ကြသည်ဟု သိရ၏။ အချို့သံဃာတော်များကလည်း အားကိုးရာမဲ့ကလေးငယ်များကို ကျောင်းတွင်ခေါ်ထားပြီး ထိန်းသိမ်းစောင့်ရှောက်ကြသည်ဟုသိရ၏။ ဦးပဏ္ဏိစ္စကား ယင်းသံဃာတော်များကို အားကျဟန်တူသည်။ မိမဲ့ဖမဲ့ကလေးငယ်များကို ထမင်းကျွေးထားပြီး အတတ်ပညာသင်ပေးနေသည်ဟု သိရ၏။ဆန်းကျမ်းဆရာ နိဂုံးနှင့်တစ်ထပ်တည်းတူညီနေ-
ပရိယတ္တိလောက၌ ကျမ်းကြီးပဋ္ဌာန်း ကျမ်းငယ်ဆန်းကျမ်းလတ်ဓာတုကထာဟု အဆိုအမိန့်တစ်ခု ရှိ၏။ ကျမ်းကြီးကျမ်းခိုင်တို့တွင် ပဋ္ဌာန်းကျမ်းသည် အခက်ဆုံး ကျမ်းငယ်တို့တွင်ဆန်းကျမ်းသည် အခက်ဆုံး ကျမ်းလတ်တို့တွင် ဓာတုကထာကျမ်းသည် အခက်ဆုံးဟုဆိုလိုသည်။ကျမ်းငယ်တို့တွင်အခက်ဆုံးဖြစ်သည့်ဆန်းကျမ်းကိုရေးသားပြုစုသွားသည့်ကျမ်းပြုဆရာတော်က သူကကျမ်းနိဂုံးတွင်--ပရတ္ထသမ္ပဒနကော ဘဝေယျံ ဇာတိယံ ဟုဆုတောင်းထည့်သွား၏။ အနက်-ဇာတိဇာတိယံ၊ဖြစ်တိုင်းဖြစ်တိုင်းသောဘ၀၌ ပရတ္တသမ္ပာဒနကော၊ သူတစ်ပါးအကျိုးစီးပွားကို ပြီးစေနိုင်သူသည်။ ၀ါ-ပရဟိတလုပ်ငန်းဆောင်ရွက်နိုင်သူသည်။ ဘဝေယျံ၊ ဖြစ်ရလို၏။ အရှင်ပဏ္ဏိစ္စကား ဆန်းကျမ်းဆရာ၏ ကျမ်းပြီးနိဂုံးဆုတောင်းကို အားကျဟန်တူသည်။ သူ့ခေါင်းထဲ၌ ပရဟိတလုပ်ငန်းလုပ်ရန်သာ ဦးနှောက်ရှိ၏။ အခြားဘာမျှစိတ်ကူးမရှိ။ ဖရဟိတလုပ်ငန်းကို ထွန်းထွန်းပေါက်ပေါက်ပြုလုပ်နိုင်ပါစေဟု ဆန္ဒပြုလိုက်ပါသည်။
အရှင်ရာဇဓမ္မာဘိဝံသ
မစိုးရိမ်တိုက်သစ်
မန္တလေး။







ဓမ္မယာန-မဇ္ဈိမယာန အသင်း
အသင်းသူ ၊ အသင်းသားများ ထံ ပေးပို့အပ်သော
သာရဏီယ သြ၀ါဒကထာ

အသင်းဖွဲ့စည်း၍ ကုသိုလ်ကောင်းမှု ပေါင်းစု ပြုလုပ်ကြရာ၌ စုစည်းညီညွတ်မှုသည် အရေးကြီး၏။ စုစည်းညီညွတ်မှု နှစ်မျိုးနှင့်ပြည့်စုံအောင် ကြိုးစားကြရပါမည်။ တစ်မျိုးမှာ စိတ္တသာမဂ္ဂီစိတ်ဓာတ်အားဖြင့်စုစည်းညီညွတ်မှုဖြစ်၏။ဤညီညွတ်မှုသည်အတွင်းစွမ်းအားဖြစ်၍များစွာအရေးကြီး၏။စုစည်းမှုကိုခိုင်မာစေနိုင်၏။
နောက်တစ်မျိုးမှာ ကာယသာမဂ္ဂီ-ဆောင်ရွက်ဖွယ်ရှိသမျှ ကိုယ်တိုင်ပါဝင် ဆောင်ရွက်ခြင်းဖြင့် စုစည်းညီညွတ်မှုဖြစ်၏။ ဤညီညွတ်မှုသည်မြင်သာသည့်အပြင်စွမ်းအားဖြစ်သည်။အတွင်းစွမ်းအား အပြင်စွမ်းအားတသားတည်းဖြစ် အောင် ကြိုးစားကြရပါမည်။
အသင်းကိစ္စ၌မိမိဆန္ဒရှေ့တန်းမတင်ရ။အများဆန္ဒအတိုင်းသာဆောင်ရွက်မည်ဟုစိတ်ပိုင်းဖြတ်ထားကြရပါမည်။ အသင်းအဖွဲ့၏ ဦးတည်ချက်နှင့် စည်းမျဉ်းစည်းကမ်းကို အလေးဂရုပြုကြရပါမည်။
ဓမ္မယာန မဇ္စျိမယာန ၏ အကျိုးစီးပွားသည်မိမိ၏အကျိုးစီးပွားဟုနှလုံးထား၍ ကြိုးစားဆောင်ရွက်နိုင်ကြပါစေ။


ဆရာတော် ဘဒ္ဒ န္တဒေါက်တာနန္ဒမာလာဘိဝံသ
ပါမောက္ခ ချုပ် ဆရာတော်
အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်
ရန်ကုန်မြို့။

ရေးသူ~~ဒေါ်နန္ဒာ (ဧကမ္ဘာ)

မဇ္ဈိမယာန နှင့် ဓမ္မယာန ပညာသင်ဆု အလှူတော်မှတ်တမ်း







ကိုတိုးသူရ ၊ ကိုဟန်မင်းထွန်း နှင့် မလှမြတ်နိုး ၊ မမြရည်နန္ဒာအောင် တို.က အဖွဲ.ကိုယ်စား မဇ္ဈိမယာန ပညာသင်ဆု ၅၊၆၊၇ ကြိမ်မြောက်ကို စုပေါင်း လှူဒါန်း...
...


..အဖွဲ့၏လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သော ပညာသင်ဆုအစီအစဉ်ကို ၄-၁-၁၁ (၆၃)ကြိမ်မြောက် လွတ်လပ်ရေးနေ.တွင် စတင်ခဲ့နိုင်ခဲ့ပြီး ၄-၈-၂၀၁၁(ကြာသပတေးနေ့)တွင် ၇ကြိမ်မြောက်ထိ လှူဒါန်း နိုင်ခဲ့ပြီဖြစ်ပါသည်။ ပြည်ပ/ ကိုရီးယားရောက် မြန်မာလူမျိုးများ မဇ္ဈိမယာန အဖွဲ့၏ ၅ကြိမ်မြောက် မဇ္ဈိမယာန ပညာသင်ဆု (၁)သိန်းကျပ်ကို အဖွဲ့ကိုယ်စား ကိုတိုးသူ၇ မှ လည်းကောင်း ၆ကြိမ်မြောက်ကို ကိုဟန်မင်းထွန်း နှင့် ဇနီးတို့မှလည်းကောင်း ၊ ၇+၈ ကြိမ်မြောက်ကို မမြရည်နန္ဒာအောင် တို့မှ လည်းကောင်း၊ ကိုရီးယား+မြန်မာ ဒကာ၊ဒကာမများ၏ ဓမ္မယာနအဖွဲ့၏ ဓမ္မယာန ပညာသင်ဆု (၁) သိန်း ကျပ်ကို အဖွဲ့ကိုယ်စား ၅ကြိမ်မြောက်ကို ဆရာမ ဒေါ်တင်ဝင်း နှင့် ညီအစ်မများမှ လည်းကောင်း ၊ ၆ကြိမ်မြောက်ကို ဦးအောင်ကိုကို+ဒေါ်မြင့်မြင့်ဝင်းတို့မှ လည်းကောင်း ၊ ၇ကြိမ်မြောက်ကို ဒေါ်မိမိယမင်း မှလည်းကောင်း ၊ ၈ကြိမ်မြောက်ကို ဗိုလ်ကြီးသိန်းလွင် တို့မှလည်းကောင်း၊ မင်္ဂလာဗျူဟာ အသင်းချုပ် တာဝန်ခံ လူကြီးများထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။

လစဉ် တစ်သိန်းကျပ်စီဖြင့် ၂၀၁၅ ခုနှစ်တွင် ပညာသင်ဆု တစ်ဆုလျှင် သိန်း(၁၀၀) ကျပ်စီ ပေါင်း ကျပ်သိန်း (၂၀၀) ပြည့်သည်အထိ ဆက်လက်လှူဒါန်း သွားမည်ဖြစ်ပါသည်။

အများပြည်သူအပေါင်း ၀မ်းမြောက်အနုမောဒနာ သာဓုခေါ်နိုင်ကြစေသော်~~~

ရေးသူ-နန္ဒာ (ဧကမ္ဘာ)

Share

Twitter Delicious Facebook Digg Stumbleupon Favorites More