ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ June 2011 ~ pyidawoo

Pages

အဘိဓမ္မာသင်တန်း အမှတ်စဉ် (၁) ဒယ်ဂူးမြို. ကိုရီးယား

ကိုးရီးယားနိုင်ငံ ဒယ်ဂူးမြို. ဗိုဟျောန်းဆာကျောင်းတွင် ၁၆-၀၈-၂၀၁၂မှ စတင်၍ အပတ်စဉ် ကြာသပတေးနေ.တိုင်း ည ရ~၉နာရီ အဘိဓမ္မာသင်တန်းကို ပို.ချပေးနေပါသည်။

အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁) ဖူဆန်း

၃-၉-၂၀၁၂ တနင်္လာနေ.က ဖူဆန်းမြို. ဗုဒ္ဓဘာသာ အသင်းတိုက်တွင် အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁)ကို စတင်၊ တောင်ကိုးရီးယားနိုင်ငံသား အချို.သော ဗုဒ္ဓဘာသာဝင်များသည် မိရိုးဖလာ မဟာယာန အယူအဆများထက် ထေရဝါဒကို စိတ်ဝင်စားစ ပြုလာကြပါသည်။ ဝိပဿနာတရားကို လေ့လာရာမှ အစပြု၍ နိကာယ်ကြီးများကို ဘာသာပြန်သည် အထိ ခရီးရောက်နေကြပါပြီ။.

ဓမ္မယာန ပြည်တော်ဦး အမှတ် (၂)

ကိုရီးယား ဖူဆန်းမြို. ဆာ့ဆန်မှာ ဓမ္မယာန ပြည်တော်ဦး အမှတ် (၂) လက်ခံဖွင့်လှစ် ကိုရီးယား ယောဂီဒကာတစ်ဦးက ပြည်တော်ဦးဆရာတော်ဧ။် သာသနာပြုလုပ်ငန်းများတွင် အလိုရှိသလို အသုံးပြုရန် ဖူဆန်းမြို. ဆာ့ဆန်ဂူ ဂျူလဲရပ်ကွက်ရှိ အဆောက်အဦးတစ်ခုမှ အပေါ်ထပ်ကို ပြင်ဆင် လှူဒါန်းခဲ့ပါသည်။ .

ဂွမ်းဂျူးမှာလည်း ရွှေမြန်မာတို. အားထားရာ “မြန်မာကျောင်း”တစ်နေရာ တည်ထောင်ပါဦးမည်။

တောင်ကိုရီးယားနိုင်ငံ ဖူဆန်းမြို.မှာ ဓမ္မယာန ပြည်တော်ဦး ကိုးရီးယားမြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်ကို

ကိုးရီးယားမှာ ပညာရှာ

ဒီနှစ် ကိုးရီးယားမှာ ကျောင်းသားလေးယောက် စကောလာရအောင် စီစဉ်ပေးနိုင်ခဲ့ ပါတယ်။ PUKYONG NATIONAL UNIVERSITY ကိုရီးယားဘာသာ မဟာဝိဇ္ဇာတန်းမှာပါ။ ၂၀၁၂ နွေဦး ပညာသင်နှစ်ကနေစပြီး ကျောင်းတက် နေကြပါပြီ။

Thursday, June 30, 2011

ဝါဆိုသင်္ကန်းကပ်လှူပွဲ နေရာပြောင်း

ဖူဆန်း ဗုဒ္ဓဘာသာ အသင်းတိုက်သို. ပြောင်းရွှေ. ကျင်းမည်။


(၃-၇-၁၁) တနင်္ဂနွေနေ.တွင် ကျင်းပမည့် ဖူဆန်း ပြည်တော်ဦး ဗုဒ္ဓသာသနာ့ရိပ်မွန် ဒုတိယ အကြိမ် ဝါဆိုသင်္ကန်းကပ်လှူပွဲကို ပြည်တော်ဦး ဗုဒ္ဓသာသနာ့ ရိပ်မွန်၌ ကျင်းပရန် စီစဉ်ထားသော်လည်း ဂွမ်ဂျူး စသော ရပ်ဝေးမှ လာမည့်သူများလည်း ရှိပါသဖြင့် ပရိသတ်များ အားလုံး ချမ်းချမ်းသာသာ ကုသိုလ်ပြုလုပ် တရားနာယူနိုင်စေရန် ကျယ်ဝန်းပြည့်စုံသော ဖူဆန်း ဗုဒ္ဓဘာသာ အသင်းတိုက်သို. ပြောင်းရွှေ. ပြုလုပ်မည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။


နေရာ ဖူဆန်း ဗုဒ္ဓဘာသာ အသင်းတိုက် (부산 불교 신도 회관)


လမ်းညွှန် (시청 7 출구 ) မြို.တော်ခန်းမ ဘူတာ နံပါတ်(၇)ဂိတ်မှ ထွက်၍ ထွက်ပေါက်ရှိရာဘက် ပလက်ဖောင်းအတိုင်း ခြေလျင် (၃)မိနစ်ခန်. အကွာ (၇)ထပ်တိုက်။


ကျင်းပမည့် နေရာမှ လွဲ၍ ကျန်သည့် အခမ်းအနား အချိန်၊ အစီအစဉ် စသည် အပြောင်းအလွဲမရှိပါ။


Sunday, June 26, 2011

Saturday, June 25, 2011

ဝါဆိုသင်္ကန်းကပ်အလှူတော်မင်္ဂလာ ( ဂွမ်ဂျူး )


ဂွမ်ဂျူးရှိ မြန်မာ ညီအကိုများစုပေါင်း၍ ပြည်တော်ဦးဆရာတော်အား ဝါဆိုသင်္ကန်းကပ်လှူသည့် အလှူတော်မင်္ဂလာကို ၂၆.၆.၂၀၁၁ (တနင်္ဂနွေ)နေ.တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီး ဂွမ်ဂျူးရှိ မြန်မာ ညီအကိုများမှ ၀ါဆိုသင်္ကန်း (၁)စုံ၊ န၀က္မ အလှူတော်ငွေ ၀မ် ၂ သိန်း ၊ ကိုအောင်မြင့်ထွန်း+မစောကြူ မိသားစု မှ ၀မ် ၁ သိန်း ၅ သောင်း ၊ ချန်းဟို မှ သူငယ်ချင်းများက ၀မ် ၈ သောင်း စသည်ဖြင့် စုစုပေါင်းအလှူတော်ငွေ ၄ သိန်း ၃ သောင်းကို ထည့်ဝင်လှူဒါန်းသွားပါကြောင်း။
သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ





Wednesday, June 22, 2011

ဗုဒ္ဓဘာသာ၏ အနှစ်သာရနှင့် ဝိပဿနာ တရားတော် သင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်း











































... ဗုဒ္ဓဘာသာ၏ အနှစ်သာရနှင့် ဝိပဿနာသင်တန်း ` အမှတ်စဉ်(၃) သင်တန်းပြီးဆုံး








ဖူဆန်း ပြည်တော်ဦး ဗုဒ္ဓသာသနာ့ရိပ်မွန်၌ ကိုရီးယားလူမျိုး ယောဂီများအတွက် တပတ်လျှင် တစ်ကြိမ်စီဖြင့် (၁၁)ကြိမ် တိတိ ပို.ချသင်ယူခဲ့ကြသော “ဗုဒ္ဓဘာသာ၏ အနှစ်သာရနှင့် ဝိပဿနာ တရားတော်” သင်တန်း အမှတ်စဉ် (၃) ကို (၁၂-၆-၂၀၁၁) တနင်္လာနေ.က အောင်မြင် ပြီးမြောက်၍ အဆုံးသတ်ခဲ့ပါသည်။ သင်တန်းအမှတ်စဉ် (၄) ဆောင်းဦး သင်တန်းကို ယခုနှစ် (၉)လပိုင်း၌ ပြန်လည် စတင် ဖွင့်လှစ်မည် ဖြစ်ပါသည်။


...သင်တန်းကို

၁။ ရတနာ သုံးပါး

၂။ ဗုဒ္ဓဘာသာ

၃။ ကံနှင့် ကံ၏အကျိုးတရား(၁)

၎။ ကံနှင့် ကံ၏အကျိုးတရား(၂)

၅။ ပဋိစ္စသမုပ္ပါဒ် နှင့် သံသရာ

၆။ ဗုဒ္ဓဘာသာ၏ အနှစ်သာရ

၇။ သစ္စာ (၄) ပါး

၈။ မဂ္ဂင် (၈)ပါး

၉။ သတိပဋ္ဌာန်တရား(၄)ပါး

၁၀။ ဝိပဿနာတရားတော်

၁၁။ ပရိကမ် ဟူသော ခေါင်းစဉ်များဖြင့် ဗုဒ္ဓဘာသာ၏ အနှစ်သာရကို အခြေခံမှစ၍ လက်တွေ. ဝိပဿနာ တရား ကျင့်သုံးနိုင်သည်အထိ ပို.ချ သင်ယူခဲ့ကြပါသည်။

Tuesday, June 21, 2011

မြန်မာပြည်သို.ပေးစာများ (၈)

2011년 4월 2일 토요일
(ဓမ္မယာန) မဇ္ဈိမယာန အဖွဲ.သူ အဖွဲ.သားများသို.
အားလုံး မင်္ဂလာပါ။
ကိုရီးယားမှာတော့ သာယာလှပတဲ့ နွေဦးရာသီစပါပြီ။ ဘုန်းကြီးနေတဲ့ နေရာက ချယ်ရီပင်တွေ အစီအရီ တန်းပြီး ပွင့်နေကြပြီဖြစ်လို. အင်မတန် လှပါတယ်။ တစ်ဘက်က ပင်လယ်ကမ်းခြေနဲ. နာမည်ကျော် ပင်လယ်ကူး နှစ်ထပ်တံတားကြီးက သဘာဝရဲ. အလှတရားနဲ. လူသားရဲ. စွမ်းပကားကို ယှဉ်ပြထားသလိုပါပဲ။ ဘူဆန်းမှာတော့ ဘုန်းကြီးနေတဲ့နေရာဟာ ပင်လယ်ကမ်းခြေ၊ တံတားနဲ. ချယ်ရီပင်တန်းကြောင့် အနယ်နယ်အရပ်ရပ်မက ကမ္ဘာလှည့် ခရီးသည်တွေကပါ တကူးတက လာကြည့်ကြတဲ့ နာမည်ကျော် နေရာလေးတစ်ခုပါ။ ဘုန်းကြီးရဲ. တက္ကသိုလ်နဲ.လည်း လမ်းလျှောက်သွားရင် ၁၅မိနစ် မိနစ်၂၀ အတွင်းမှာ ရောက်နိုင်တဲ့ အကွာအဝေးမှာရှိတော့ အစစ အဆင်ပြေပါတယ်။


နည်းပညာမှာ ကမ္ဘာ့ရှေ.ပြေး၊ စီးပွားရေးနဲ. ပညာရေးမှာ ထိပ်တန်းနိုင်ငံတစ်ခုဖြစ်လာတဲ့ ဒီနိုင်ငံမှာ သာသနာ ပြုခွင့်ရ ပညာရှာခွင့်ရ ကိုယ့်အတွက်တော့ ဘာမှ မပူမပင် မတောင့်မတ ချမ်းချမ်းသာသာနေရပေမယ့် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ. လက်ရှိအခြေအနေကို သတိရတိုင်း ဒီမှာ ဒီလိုနေနေရတာ ကိုယ့်ကိုယ်ကို လိပ်ပြာမလုံပါဘူး။ တို.နိုင်ငံရဲ. လှပတဲ့ မနက်ဖြန် ဘယ်တော့မှများ ငါတို. ဖန်တီးနိုင်ပါ့မလဲ။ ဒီအတွေးနဲ. ကြိတ်ဆွေးခဲ့ရပေါင်းလည်း မနည်းတော့ပါ။
လုပ်ချင်တာတွေက အများကြီးပဲ။ လုပ်သင့်တာတွေကလည်း တစ်ပုံတစ်ခေါင်းကြီးပါ။ ဒါပေမယ့် ငါ တကယ် လုပ်နိုင်တာ ဘာရှိလဲလို. အသေအချာ ခွဲခြမ်းစိတ်ဖြာ စဉ်းစားကြည့်တော့ အမှန်တရားကို သိလာရတာလည်း စိတ် မသက်သာစရာပါပဲ။
ဒါပေမယ့် စပါတာကပ်စ်လို လူမျိုးတွေ မရှိခဲ့ရင် ရောမခေတ်က ကျွန်တွေ အခုအချိန်အထိ ကျွန်အဖြစ်က လွတ်ချင်မှ လွတ်ဦးမယ်။ ဗိုလ်ချုပ်လို လူမျိုးတွေ မရှိခဲ့ရင် မြန်မာပြည် အခုချိန်အထိ ကျွန်အဖြစ်က လွတ်ချင်မှ လွတ်မယ်လို. တွေးပြီး အားမွေး ဒီအတိုင်းတော့ လက်မလျှော့ပါဘူး။ လုပ်နိုင်တာလေးတွေကိုတော့ အမြဲ လုပ်နေခဲ့ ပါတယ်။ “နှမ်းတစ်လုံးနဲ.ဆီမဖြစ်ပါဘူး”ဆိုတဲ့ စကားရှိသလို. “နှမ်းတစ်လုံးမှ မပါပဲနဲ. နှမ်းဆီမဖြစ်နိုင်ဘူး”လို.လည်း ပြောလို. ရတာပဲ မဟုတ်လား။ နှမ်းဆီ ဖြစ်မြောက်ရေးမှာ နှမ်းလေးတစ်လုံး အဖြစ်နဲ.ပဲ ပါဝင်ခွင့်ရရ ဖြစ်သင့်တာတွေ ဖြစ်လာဖို. မာနထားစရာ ဘာမှမရှိတဲ့ အထူးနှိမ်ချစရာမလိုတဲ့ နှမ်းတစ်လုံးဘဝနဲ.ပဲ ကြေကြေနပ်နပ်ကြီး ပါဝင်ခွင့် ရချင်ခဲ့တာပါ။
စိတ်တူသဘောတူ ဘယ်သူဖြစ်ဖြစ် ပေါင်းမိရင် အင်အားပါ။ အခုလို ဓမ္မယာန မဇ္ဈိမယာန အဖွဲ.သူအဖွဲ.သားတွေနဲ. တစ်ပေါင်းတစ်စည်းထဲ ဖြစ်လာပြီး လုပ်သင့်တာတွေ အကောင်အထည် ဖေါ်ခွင့်ရလာတာကိုတော့ အတိုင်းမသိ ပီတိ ဖြစ်ရ ကြည်နူးဝမ်းမြောက်နေရပါတယ်။ အဖွဲ.သူ အဖွဲ.သားအားလုံးလည်း ထပ်တူထပ်မျှ ပီတိဖြစ်ကြမယ်ဆိုတာ ယုံကြည်ပါတယ်။
ဒီနေ.တော့ လာမယ့် ကျောင်းဖွင့်ချိန်ရာသီမှာ ကျောင်းနေရွယ် ကျောင်းမနေနိုင်တဲ့ ကလေးတွေအတွက် အဖွဲ.အနေနဲ. ဘယ်လို အကူအညီပေးနိုင်မလဲဆိုတာကို ကြိုတင်စဥ်းစားသုံးသပ်ထားဖို. အကြံပြုချင်ပါတယ်။ ကျောင်းနေတဲ့ ကလေးတွေလည်း လျှပ်စစ်မီးမရှိလို. မီးစက်၊ ဖယောင်းတိုင်စသည်မရှိလို. ည စာမလုပ်နိုင်တာမျိုး။ ထိန်းကျောင်း လမ်းညွှန်မယ့်သူ မရှိလို. မလုပ်ဖြစ်တာမျိုးရှိရင် စာကြည့်စရာ စာဖတ်ခန်းလုပ်ပေးတာတို. ဂိုက် ခေါ်ပေးတာတို. လုပ်ရင် ကောင်းမလား။ ဆွေးနွေးစေချင်ပါတယ်။ ဂိုက်လုပ်မယ့် လူငယ်တွေကိုလည်း အလုပ်အကိုင် ဖန်တီးပေးရာရောက်မလားပေါ့။ လုပ်သင့် မသင့် အကျိုးအပြစ်နဲ. အဖွဲ.အင်အားအရ လုပ်နိုင် မလုပ်နိုင် ချိန်ထိုးရမှာပါ။
ကွင်းထဲမှာ ကလေးတွေအတွက် အပန်းဖြေစရာလည်းဖြစ် ကျန်းမာရေးနဲ. ကိုယ်လက်ကြံ့ခိုင်ရေးအတွက် အထောက်အကူလည်းဖြစ်မယ့် ကစားစရာ ဘယ်လိုဟာမျိုးတွေ လုပ်မလဲ ဘယ်လိုလုပ်မလဲ ဘယ်နေရာ ဘာထားမလဲ ဆိုတာလေးတွေကိုလည်း စိတ်ကူးကောင်းကောင်းနဲ. သုတေသနပြုပြီး ပုံစံလေးတွေရှာထား ထုတ်ထားရင် (၇)လပိုင်း ဘုန်းကြီး ခဏပြန်လာတဲ့အခါ တစ်ခါတည်း အကောင်အထည် ဖေါ်ပေးခဲ့ချင်ပါတယ်။
လက်ရှိအနေအထားမှာ အခက်အခဲရှိရင်ဖြစ်ဖြစ် ဘုန်းကြီးကလုပ်ရမယ့် လုပ်သင့်တဲ့ အလုပ်ရှိရင်ပဲဖြစ်ဖြစ် စာနဲ. သော်လည်းကောင်း ဥုးဇင်းများကနေ တဆင့်သော်လည်းကောင်း အသိပေးကြစေချင်ပါတယ်။ မပြောပဲနဲ.တော့ မသိ နိုင်ပါ။ တစ်သွေးတစ်သား တစ်စိတ်တစ်ဝမ်းတည်းထားပြီး ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ပြောပြပေးဖို. ဖိတ်ခေါ်ရင်း ဒီစာကို အဆုံးသတ်ပါရစေ။ (ပြည်တော်ဦးဘုန်းကြီး)

Sunday, June 19, 2011

မြန်မာပြည်သို. ပေးစာများ (၇)

(ဓမ္မယာန) မဇ္ဈိမယာန အဖွဲ.သူ/သားများသို. Friday, March 25, 2011

မင်္ဂလာပါ။
ဒီနေ.တော့ တို. အဖွဲ.ရဲ. အောင်မြင်မှု ဆိုတာကို လေ့လာ ဆန်းစစ်စေချင်ပါတယ်။ အဖွဲ.တစ်ခု ကြီးပွား အောင်မြင်ဖို. အဖွဲ.ဝင်တွေရဲ. ရည်မှန်းချက်ပန်းတိုင် တူညီရမယ် လို. ဆိုပါတယ်။ ဒါက သဘောတရားပါ။ ဒါနဲ.တင် တို.တစ်တွေ အဖွဲ. အောင်မြင်အောင် ရည်မှန်းချက်တူကြစို.ဟေ့ ဆိုရုံနဲ. တူသွားရောလား။ မတူပါဘူး။ ရည်မှန်းချက် ဆိုတာ စက်ရုံထုတ်ပစ္စည်းမှ မဟုတ်တာဘဲ။ အဲဒီမှာ တူအောင် ဘယ်လိုလုပ် မလဲဆိုတာက ပိုအရေးကြီးတယ်ဆိုတာ ပေါ်လွင်လာပါတယ်။ အဲဒါကို အဖြေရှာကြစို.ဆိုရင် ~~~မတူတာ ဘာကြောင့်လဲ။ တူတဲ့ သူတွေကကော ဘာကြောင့် တူတာလဲ၊ ဆိုတာကို သိဖို. လိုပါလိမ့်မယ်။ ပြီးမှ တို.တစ်တွေ တူအောင် ဘယ်လို လုပ်မလဲ ဆိုတာ အဖြေထုတ်ရမှာ လက်တွေ. အကောင်အထည် ဖေါ်ရမှာပေါ့။ ဒီအပေါ်မှာလည်း မတူကွဲပြားတဲ့ အမြင်တွေ ရှိနိုင် ပါတယ်။





အကောင်အထည် ဖေါ်ရမှာပေါ့။ ဒီအပေါ်မှာလည်း မတူကွဲပြားတဲ့ အမြင်တွေ ရှိနိုင် ပါတယ်။
“We can't solve problems by using the same kind of thinking we used when we created them.”

“Learn from yesterday, live for today, hope for tomorrow. The important thing is not to stop questioning.”
Albert Einstein



လက်တွေ.ကျကျပြောရရင်တော့ ဒီနေ. တို. အဖွဲ.ဝင်တွေ ဒီအဖွဲ.နဲ. ပတ်သက်ပြီး တစ်ယောက်နဲ. တစ်ယောက် ရည်မှန်းချက် တူမတူ။ တူရင်ဘာကြောင့် မတူရင် ဘာကြောင့်ဆိုတာ ရိုးရိုးသားသား ဖွင့်ပြော ဆန်းစစ် ကြည့်စေချင်တာပါ။ တို.တွေက စဉ်းစားတာနဲ. အသားမကျတဲ့လူမျိုးပါ။ ဘာလို.လဲဆိုတော့ မစဉ်းစားခဲ့ကြလို.ပါ။ ခေါ်ရင်လာ ခိုင်းရင်လုပ် ကျွေးတာစား ခံမပြောနဲ.ဆိုရင် မကြိုက်ဘူးလို. တစ်ရာမှာ ကိုးဆယ့်ကိုးယောက် ပြောကြ ပေမယ့်။ ဒါပေမယ့် မစဉ်းစားကြရင် သူလည်းအတူတူ ကိုယ်လည်းအတူတူ ဒီပုတ်ထဲက ဒီပဲ ဒီလိုပဲ သံသရာ လည်နေမှာပါ။ ဒါကြောင့် ရသလောက် ခြစ်ကုတ်စဉ်းစားပြီး ဆွေးနွေးတာ အကျင့် လုပ်ကြည့်ကြရအောင်။ မဟုတ်ရင် မျိုးရိုးလိုက်ပြီး တို.တွေရဲ. နောက်မျိုးဆက်တွေ အထိ မစဉ်းစားတဲ့ သူတွေချည်း ဖြစ်ကုန်လိမ့်မယ်။
သုတေသန ပညာရှင်တစ်ယောက် ရေးတာ ဖတ်ဖူးတယ်။ ယုန်တွေ ဘာလို. ကြောက်တတ်လဲဆိုတာနဲ. ပတ်သက်လို.လေ။ အစကတည်းကတော့ ယုန်မှန်သမျှ ငကြောက်ကလေးတွေတော့ မဟုတ်လောက်ဘူးတဲ့။ သတ္တိရှိတဲ့ ယုန်တွေ ဂူမအောင်းဘဲ အပြင် ထွက်ထွက်လာသတဲ့။ များသောအားဖြင့် အဖမ်းခံရ အသတ်ခံရတဲ့ ယုန်တွေက အပြင်ထွက်လာတဲ့ ကောင်လေးတွေဆိုတော့ ကြာလာတဲ့အခါ ယုန်မျိုးရိုး တစ်ခုလုံးကို ခြုံကြည့်လိုက်ရင် ငကြောက်တွေပဲ အများစု ကျန်တော့သတဲ့။ အဲဒီ ငကြောက်လေးတွေ အချင်းချင်းဖူးစာဆုံပြီး မွေးလာသမျှ ယုန် မျိုးဆက်သစ်တွေဟာ မိဘမျိုးရိုးဗီဇ သဘောအရ တုန်ုတုန်ရီရီနဲ. မည်းမည်းမြင် အကုန်ကြောက်ကြရှာတဲ့ ယုန် ကြောက်လေးတွေပဲ ဒီခေတ်မှာ ကျန်ခဲ့တော့တာ နေမှာတဲ့။ တို.တစ်တွေလည်း မစဉ်းစားကြရင် ကြာလေ တို. လူမျိုး ဟာ ဘာမှမစဉ်းစားတဲ့ မျိုးဆက်သစ်ဆီကို ဦးတည်သွားသလို ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် စဉ်းစားကြပါ။ ပြီးတော့ ဒီနေ. ဆွေးနွေး အဖြေရှာချက် ကလေးတွေ အနှစ်ချုပ်ပြီးပို.ပေးရင် တို.အမြင်ကိုလည်း ပါဝင်ဆွေးနွေး ချင်ပါတယ်။
ဒီလို နည်းမှန်လမ်းမှန်နဲ. စဉ်းစားရင်း ဆွေးနွေးရင်း အဖြေရှာရင်းနဲ. တို. သိလာတာတွေ ရှိလာမှာ အသေ အချာပါပဲ။ သိလာတာတွေ သုံးတတ်လာရင် တို. ထူးခြားလာမှာ မလွဲမသွေပါ။ တို.အလုပ်က ကလေးတွေကို ပညာ ပေးမယ်ဆိုရင် ကလေးတွေက ယူမယ့်လူ ရမယ့်လူလို. ထင်ရပေမယ့် မသေချာပါဘူး။ တကယ် ယူတတ်ရင် ရမှာ သေချာကြတာက တို.တစ်တွေပါ။ တစ်ဆင့်တက်ပြောရရင် တို.တစ်တွေ က ပေးစရာတကယ်ရှိလာမှ ကလေးတွေ ရဖို. တစ်ဝက်သေချာတာပါ။ ပေးလည်းပေးတတ်ပြီ ဆိုရင်တော့ အတော့်ကို သေချာသွားပြီလို. ဆိုနိုင်ပါလိမ့်မယ်။ “အများအကျိုး ရွက်သယ်ပိုးက ကိုယ်ကျိုးကိုယ့်တာ အမြဲပါ၏။“ လို. ရွှေဟင်္သာဆရာတော်ကြီး ဆုံးမတော်မူခဲ့ပါတယ်။ မိမိအကျိုး အဆွေအမျိုးတို.ရဲ.အကျိုး လောကအကျိုး သယ်ပိုးနိုင်ကြပါစေ။
( ပြည်တော်ဦး)

Share

Twitter Delicious Facebook Digg Stumbleupon Favorites More