ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ August 2010 ~ pyidawoo

Pages

အဘိဓမ္မာသင်တန်း အမှတ်စဉ် (၁) ဒယ်ဂူးမြို. ကိုရီးယား

ကိုးရီးယားနိုင်ငံ ဒယ်ဂူးမြို. ဗိုဟျောန်းဆာကျောင်းတွင် ၁၆-၀၈-၂၀၁၂မှ စတင်၍ အပတ်စဉ် ကြာသပတေးနေ.တိုင်း ည ရ~၉နာရီ အဘိဓမ္မာသင်တန်းကို ပို.ချပေးနေပါသည်။

အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁) ဖူဆန်း

၃-၉-၂၀၁၂ တနင်္လာနေ.က ဖူဆန်းမြို. ဗုဒ္ဓဘာသာ အသင်းတိုက်တွင် အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁)ကို စတင်၊ တောင်ကိုးရီးယားနိုင်ငံသား အချို.သော ဗုဒ္ဓဘာသာဝင်များသည် မိရိုးဖလာ မဟာယာန အယူအဆများထက် ထေရဝါဒကို စိတ်ဝင်စားစ ပြုလာကြပါသည်။ ဝိပဿနာတရားကို လေ့လာရာမှ အစပြု၍ နိကာယ်ကြီးများကို ဘာသာပြန်သည် အထိ ခရီးရောက်နေကြပါပြီ။.

ဓမ္မယာန ပြည်တော်ဦး အမှတ် (၂)

ကိုရီးယား ဖူဆန်းမြို. ဆာ့ဆန်မှာ ဓမ္မယာန ပြည်တော်ဦး အမှတ် (၂) လက်ခံဖွင့်လှစ် ကိုရီးယား ယောဂီဒကာတစ်ဦးက ပြည်တော်ဦးဆရာတော်ဧ။် သာသနာပြုလုပ်ငန်းများတွင် အလိုရှိသလို အသုံးပြုရန် ဖူဆန်းမြို. ဆာ့ဆန်ဂူ ဂျူလဲရပ်ကွက်ရှိ အဆောက်အဦးတစ်ခုမှ အပေါ်ထပ်ကို ပြင်ဆင် လှူဒါန်းခဲ့ပါသည်။ .

ဂွမ်းဂျူးမှာလည်း ရွှေမြန်မာတို. အားထားရာ “မြန်မာကျောင်း”တစ်နေရာ တည်ထောင်ပါဦးမည်။

တောင်ကိုရီးယားနိုင်ငံ ဖူဆန်းမြို.မှာ ဓမ္မယာန ပြည်တော်ဦး ကိုးရီးယားမြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်ကို

ကိုးရီးယားမှာ ပညာရှာ

ဒီနှစ် ကိုးရီးယားမှာ ကျောင်းသားလေးယောက် စကောလာရအောင် စီစဉ်ပေးနိုင်ခဲ့ ပါတယ်။ PUKYONG NATIONAL UNIVERSITY ကိုရီးယားဘာသာ မဟာဝိဇ္ဇာတန်းမှာပါ။ ၂၀၁၂ နွေဦး ပညာသင်နှစ်ကနေစပြီး ကျောင်းတက် နေကြပါပြီ။

Tuesday, August 24, 2010

အလှူတော်မှတ်တမ်း

သီးသန့် အလှူရှင်စာရင်းများ

...မိခင်ဖြစ်သူ ဒေါ်စိန်မြင့်အားရည်စူး၍ သားဖြစ်သူ ကိုမိုးကျော်သူက ၂၃.၀၈.၂၀၁၀ တွင် န၀ကမ္မ ၅၀၀၀၀ ၀မ်ဖြင့် ရက်လည်ဆွမ်းကပ် လှူဒါန်းအပ်ပါသည်။

ေ၇းသူ- နန္ဒာ (ဧကမ္ဘာ)

အလှူတော်မှတ်တမ်း..

လစဉ်အလှူရှင် စာရင်း(ဇူလိုင်လ)

ကိုမြင့်ခိုင် (ဖူဆန်း) သောက်ရေသန်. ရေပူ/အေး ၅၀,၀၀၀ ဝမ်
ကိုရဲသီဟ (ဂွမ်ဂျူး) စတုပစ္စယဒါန ၁၀,၀၀၀ ဝမ်
ကိုလှထွန်း (ဖူဆန်း) လျှပ်စစ်မီး ၃၀,၀၀၀ ဝမ်
ကိုဇော်သူရ(ကင်မ်ဟဲ) အင်တာနက်ဖုံး ၃၀,၀၀၀ ၀မ်
ကိုလင်းလင်း+မဝင်းအိဖြူ ဒိုးရှီးဂက်စ် ၁၅,၀၀၀ ၀မ်

အလှူတော်မှတ်တမ်း..

... ၂၂.၀၈.၂၀၁၀ တနင်္ဂနွေ့နေ့ အလှူတော်မှတ်တမ်း
အလှူရှင်များဖြစ်ကြသော ကိုထွန်းထွန်းအေး၊ ကိုတင်အောင်မိုး၊ ကိုညွန့်လှိုင်၊ ကိုကျော်ကျော်မြင့်၊ ကိုအောင်တင်ကျော်၊ကိုသန်းဇော်မင်း၊ ကိုပေါပေါ၊ ကိုညီညီမောင်..အလှူရှင် ၈ ဦးစုပေါင်း၍ န၀ကမ္မ ၂ သိန်းကျပ်တိတိကို လှူဒါန်းအပ်ပါသည်။
ဆက်လက်၍ တရားပွဲလာ ပရိသတ်များမှလည်း လှူဒါန်းသော အလှူရှင်စာရင်းများကို ဖော်ပြသွားပါမည်..
၁။ ကိုဝင်းစိန် ၃၀၀၀၀ ၀မ်
၂။ ကိုလှစိုးနိုင်(ယှဉ်ဆန်း) ၃၀၀၀၀ ၀မ်
၃။ ကိုရှမ်းကြီး ၂၀၀၀၀ ၀မ်
၎။ ကိုမင်းညီ ၂၀၀၀၀ ၀မ်
၅။ ကိုမျိုးအောင်(ဒယ်ဂူး) ၁၀၀၀၀ ၀မ်
၆။ ကိုမျိုးခိုင် ၁၀၀၀၀ ၀မ်
၇။ ကိုဆိုင်ကြီး ၁၀၀၀၀ ၀မ်
၈။ ကိုစိုးသီဟ ၁၀၀၀၀ ၀မ်
၉။ ကိုသက်လွင်ထူး ၁၀၀၀၀ ၀မ်
၁၀။ ကိုမျိုးလှိုင်ဦး ၁၀၀၀၀ ၀မ်
၁၁။ ကိုခိုင် ၁၀၀၀၀ ၀မ်
၁၂။ ကိုစိန်ဝင်း(ယဉ်ဆန်း) ၁၀၀၀၀ ၀မ်
၁၃။ ကိုကျော်လင်းထွန်း ၁၀၀၀၀ ၀မ်
၁၄။ ကိုမင်းလတ် ၁၀၀၀၀ ၀မ်
၁၅။ ကိုအောင်ရဲဇော် ၅၀၀၀ ၀မ်

ရေးသူ- နန္ဒာ (ဧကမ္ဘာ)


တရားပွဲ အပြီး ဂျယ်ဂျူး ခရီး



...

...

ဂျယ်ဂျူးတရားပွဲ ၁၅~၁၈-၈-၁၀



... ဂျယ်ဂျူးကျွန်းက စန်ဘန်းင်ဆာ ဗျော့ဂုံး ဘုန်းတော်ကြီးရဲ. ပင့်ဖိတ်ချက်အရ နှစ်စဉ် ကြွရောက် ဟောပြောနေကြ တရားပွဲ အမှတ်တရ

Sunday, August 22, 2010

Friday, August 20, 2010

Thursday, August 19, 2010

ကိုရီးယား သာသနာပြု (၂)

... ၁၉-၄-၂၀၀၂ မှတ်မှတ်ရရ ပထမဆုံးအကြိမ် ကိုရီးယားကို ကြွတဲ့နေ.။ ထုံးစံအတိုင်း ပထမဆုံးအကြိမ် ဆိုတော့ အရေးတယူလုပ်ပြီး ဆက်စပ်နေတဲ့ အသိုင်းအဝိုင်းအားလုံးက လိုက်ပို.ချင်ကြတယ်။ ဦးစန္ဒိမာ(ရေး- ယခု သီရိလင်္ကာ) ဦးနန္ဒဓဇ၊ မယ်တော်ကြီးနဲ. ရန်ကုန်ရောက်နေတဲ့ အမနှစ်ယောက်၊ ဧကမ္ဘာဆေးတိုက် ဦအောင်ကိုကို ဒေါ်မြင့်မြင့်ဝင်းနဲ. ကိုရီးယား စကားပြန် ဦးမြင့်ဟန်တို. ညီအကိုတတွေ လေဆိပ်ကို လိုက်ပို.ကြပါတယ်။ မှတ်တမ်း ဓါတ်ပုံတွေရိုက်ကြပေါ့လေ။ အခုတော့လည်း အိမ်ဦးနဲ.ကြမ်းပြင်ဆိုတာလို ကြွနေတော့ တစ်ခါတစ်ခါ ဘယ်သူမှတောင် မပါတော့ဘူး။ လေဆိပ်ကို ကားမောင်းပို.တဲ့ ကျောင်းက ကျောင်းသာလေးနဲ. ၂ယောက်ထဲ။

...ပထမဆုံး အကြိမ်တုန်းက လိုက်ပို.ရင်း အထဲဝင်ခါနီး မယ်တော်ကြီးက “သာသနာ ပြုနိုင်တဲ့ ရဟန်းကောင်း ရဟန်းမြတ် အာဇာနည် ဖြစ်ပါစေဘုရား”တဲ့။ ဘုန်းကြီးက ပြုံးမိတယ်။ မိခင် ဆိုတာကတော့ သားသမီးအပေါ်မှာ ဒီလိုပဲ ထင်တစ်လုံးနဲ. မဟုတ်လား။ အထင် ကြီးတာလား။ သိပ်မျှော်လင့်တယ်လို. ပြောရမလား။ လူရှေ.သူရှေ.ဆိုတော့ ရှက်တောင်ရှက်မိ သေးတယ်။ အမှတ်တရ တစ်ခုကတော့ လေယာဉ်ပေါ်တက် နေရာယူပြီး မကြာ ခင်မှာ ဘုန်းကြီး အင်မတန် ကြည်ညိုလေးစားရပါတဲ့ သဒ္ဓမ္မရံသီ ဆရာတော်ဘုရားကြီး ကြွလာတာတွေ.ရပါတယ်။ လက္ခဏာတွေ ဗေဒင်တွေ အတိတ်နမိတ်တွေ မယုံဘူးဆိုပေမယ့် မယ်တော်ကြီးရဲ. ဆုတောင်း စကားနဲ. သိပ်ကာလမခြားခင် ပြည်ပသာသနာပြု ဆရာတော်တစ်ပါးနဲ. ဆုံရတာကိုပဲ နမိတ်ကောင်းလားလို. အားကျစိတ်နဲ. မဝံ့မရဲတွေးမိသေးတယ်။ မတ်တပ်ရပ် လက်အုပ်ချီ အရို အသေပေးဖူးမျှော်ရင်း မေးလျှောက် ကြည့်တော့ ထိုင်းမှာ တရားစခန်းရှိလို. တရားဟော တရားပြ ကြွတာတဲ့။ ထိုင်ခုံကြည့်လိုက်တော့ ဘုန်းကြီးရဲ. နောက်တည့်တည့်က ခုံဖြစ်နေလို. ထိုင်သာ ထိုင်နေရတယ် စိတ်ထဲက မသက်မသာနဲ.။
ပြည်ပထွက်တော့မှပဲ ဘုန်းကြီးတို. ပထမဆုံး အကြိမ်အနေနဲ. လေယာဉ်စစီးဖူးတာပါ။ ပြည်တွင်းမှာ တစ်ခါမှ မစီးဖူးပါ။ ရန်ကုန် မန္တလေး မြန်မာ့လေကြောင်း (ဂျက်)လေယာဉ်စီးခ ၉၀၀ကျပ် ကျော်ကျော်နဲ. ပြေးနေတဲ့အချိန် စီးမယ်ဆိုရင် ဘုန်းကြီးတွေအတွက် လက်မှတ်က သိပ်မခက်ပါဘူး။ ၈၈ အရေးအခင်းနောက်ပိုင်းအထိကိုပဲ ဆရာဘုန်းကြီးအတွက် မုံရွာကနေ မန္တလေးကို သွားပြီး မကြာခဏ လက်မှတ် ဝယ်ပေးခဲ့ရဖူးပါတယ်။ လူတွေဆိုရင်တော့ အစိုးရ ယန္တရား ထုံးစံအတိုင်း အကောင်ကြီးကြီး အမြီးရှည်ရှည် မဟုတ်ရင် မှောင်ခိုတွေ ချောင်ခိုတွေနဲ.မှ ရမှာပေါ့။ ဒါပေမယ့် ကိန်းကြီးခန်းကြီးနိုင်လွန်းတယ် ခံစားမိလို. မစီးဖြစ်ခဲ့ပါ။ S.Eဆိုတဲ့ အမြန် ရထားပေါ်စက ရထားခ၃၀၀ကျော်နဲ. စီးဖြစ်တာတောင် စိတ်ထဲက သိပ်မလုံဘူး။ သာသနာ့ဘောင် ရောက်တယ်ဆိုကတည်းက ခြိုးခြံရောင့်ရဲမှု ကျိုးနွံနှိမ့်ချမှုတွေကိုချည်းပဲ သင်ယူခဲ့ရတာကိုး။ သိပ်ပြီး အကောင်း ကြိုက်နေတာ ဇိမ်ခံချင်နေတာကိုက ရဟန်းကောင်း မပီသတာ မဟုတ်လား။
ပထမဆုံးအကြိမ် ပြည်ပခရီး TG-306 လား။ ဘန်ကောက်မှာ ထရန်စစ်။ လေယာဉ် ပထမဆုံးအကြိမ် စီးဖူးတာဆိုပေမယ့် သူငယ်တန်းကနေ ဆယ်တန်းအထိ သင်ယူခဲ့ဖူးတဲ့ အင်္ဂလိပ်စာရဲ. ကျေးဇူးကြောင့် ဘာအခက်အခဲမှမရှိသလို အမှားအယွင်းလည်း တစ်ခုမှမရှိခဲ့ပါ။ ငယ်ငယ်က တစိုက်မတ်မတ် ဖတ်ခဲ့ဖူးတဲ့ ဘာသာပြန်ဝတ္ထုတွေကလည်း နိုင်ငံခြားဆိုတာ ကိုယ့်အတွက် သိပ်မစိမ်းသလိုပဲ ခံစားမိစေတယ် ထင်တာပဲ။ ကိုယ့်နိုင်ငံမှာ မမြင်ဖူး မကြားဖူး မကြုံဖူးပေမယ့် စာတွေ.ရှိတော့ အကျွမ်းဝင်လွယ်တာပေါ့။
၂၀-၄-၂၀၀၂ မှတ်မှတ်ရရ ကိုရီးယားကို ပထမဆုံးအကြိမ် စရောက်တဲ့နေ.။ အင်ချုံးနိုင်ငံတကာလေဆိပ် စဖွင့်တဲ့နှစ်ပဲထင်ပါတယ်။ အသေအချာတော့ မမှတ်မိတော့ပါ။ ဆင်းရဲတဲ့ နိုင်ငံသားတွေ ချမ်းသာတဲ့နိုင်ငံကို သွားတဲ့အခါတိုင်း ခံစားရတဲ့ အထင်သေးခံရမှုနဲ. မယုံကြည်ခံရမှုကတော့ မလွဲမရှောင်သာ အတိုင်းအတာတစ်ခု အထိတော့ ကြုံရသေးတာပါပဲ။ ပင့်စာကိုတောင်းပြီး ဖုန်းဆက်ပါတယ်။ ပင့်တဲ့ဖူဆန်းကဘုန်းကြီးနဲ. လိုင်းပေါ်မှာ တိုက်ရိုက် တွေ.တဲ့အပြင် လာကြိုတဲ့ ဆိုးလ်က ကလေးမလေးကလည်း လေဆိပ် လူဝင်မှုကြီးကြပ်ရေးကို ဖုန်းတစ်ဂွမ်ဂွမ်ဆက်နေတော့ သိပ်မရစ်ပါဘူး။ သူက အမေရိကန်မှာ ၂နှစ်နေခဲ့ဖူးတော့ ချမ်းသာတဲ့ နို်င်ငံတွေရဲ. ဆင်းရဲသားနိုင်ငံတွေအပေါ်ထားတဲ့ သဘောထားနဲ. အထာကိုသိသတဲ့။ ဒါကြောင့် ဒီဘုန်းကြီး ဘက်ဂရောင်း အခိုင်အမာရှိတယ်ဆိုတာ သိအောင်လို. လေယာဉ်မဆိုက်ခင် ကတည်းက ဖုန်းတစ်ဂွမ်ဂွမ် ဆက်နေတာတဲ့။ ဗဟုသုတ အကြားအမြင် အတွေ.အကြုံ များခြင်းသည်လည်း မင်္ဂလာတစ်ပါးမဟုတ်လား။ သူမရဲ. ဗဟုသုတကြောင့် ဘုန်းကြီးမှာ ချမ်းသာပွားခဲ့ ရပါတယ်။ [စကားချပ်။။ ဒီကလေးမက တော်တော်ကို ထက်ပါတယ်။ နောက်ပိုင်း ဘုန်းကြီး အပြန်မှာ မြန်မာပြည်ကို လိုက်လာပြီး ဘုန်းကြီးရဲ.စန်းမြသီတာ မဟာစည်ရိပ်သာမှာ တရား အားထုတ်ပါတယ်။ ကျောင်းက စခန်းပွဲပြီးသွားတော့ သူ.ကို သဒ္ဓမ္မရံသီရိပ်သာမှာ ဘုန်းကြီး ကိုယ်တိုင်ပဲ လိုက်အပ်ပေးခဲ့ပါတယ်။ သူအပြန်မှာ အခု လှည်းကူး ဓမ္မမာမက ဆရာတော်ဦးဣန္ဒက (အဲဒီအချိန်က အင်းတိုင် သဒ္ဓမ္မရံသီ နာယက)ကလည်း ပထမဆုံးအကြိမ် ကိုရီးယားကိုကြွမှာ အဖေါ်မရှိတာနဲ. သူနဲ. အတူကြွဖြစ်ပါတယ်။ အဲဒါ ဘန်ကောက်လေဆိပ်မှာ မြန်မာပြည်လိုပဲ ဘုန်းကြီးဦးဣန္ဒကကို ကားလေး တစ်စီးနဲ. သီးသန်. ပို.ပေးပါလို. ထိုင်းလေကြောင်းကို သွားအရေးဆိုတာ ပို.ပေးသတဲ့။]
ပစ္စည်းရွေးပြီး ထွက်လာတော့ လေဆိပ် meeting point မှာ စောင့်နေတဲ့ ကလေးမက Warmly welcome to Korea. Forgive me Sir, if I did something wrong. I’m not sure how to serve a Buddhist monk especially like you; a foreigner monk. တွေ.တွေ.ချင်း အဲဒီကလေးမက ပန်းလေးတစ်ပွင့် လှမ်းပေးရင်း (ကပ်လှူရင်း) ပြောခဲ့တဲ့စကားပါ။ ကိုရီးယား ရောက်ပြီးမှ ပထမဆုံးအကြိမ် မြင်ဖူးတာတွေထဲက အခုအချိန်အထိ မှတ်မှတ်ရရရှိနေတာကတော့ ပထမဆုံး အလှူခံရတဲ့ပန်း။ အစိမ်းရောင် နှင်းဆီ။ တစ်ပွင့်ထဲ။ ဒီ့အရင်က မမြင်ခဲ့ဖူးပါ။

ကိလေသာကင်းစင် ဘုရားရှင်

... (မင်းကွန်းဆရာတော်ဘုရားကြီး)

...ငါ၏ကိုယ်တွင် လောဘ ဝင်က
ဝင်လာ လောဘ အနိုင်ရအောင်
လောဘ ကင်းစင် ဘုရားရှင်ကို
ငါလျှင် ကြည်ညိုမိပါ၏။

ငါ၏ကိုယ်တွင် ဒေါသဝင်က
ဝင်လာ ဒေါသ အနိုင်ရအောင်
ဒေါသ ကင်းစင် ဘုရားရှင်ကို
ငါလျှင် ကြည်ညိုမိပါ၏။

ငါ၏ကိုယ်တွင် မောဟ ဝင်က
ဝင်လာ မောဟ အနိုင်ရအောင်
မောဟ ကင်းစင် ဘုရားရှင်ကို
ငါလျှင် ကြည်ညိုမိပါ၏။

Wednesday, August 18, 2010

အလှူတော် မင်္ဂလာ ဖိတ်ကြားလွှာ

... တရားပွဲ အာဟာရဒါန အလှူရှင်များ

... ဖူဆန်း ဆာ့ဆန်(င်)ဂူ ဟာ့(က်)ကျန်ဒုံ(င်) DJF စက်ရုံမှ ညီအကိုများဖြစ်ကြသော
၁။ ကိုတင်အောင်မိုး
၂။ ကိုထွန်းထွန်းအေး
၃။ ကိုကျော်ကျော်မြင့်
၎။ ကိုညွန်.လှိုင်
၅။ ကိုမင်းမင်း
၆။ ကိုပေါပေါ
၇။ ကိုအောင်ထင်ကျော်တို့က သံဃာတော်အရှင်မြတ်တို.အား ဆွမ်းခဲဖွယ် ဘောဇဉ်စသည်နှင့် ဒါတဗ္ဗဝတ္ထုအစုစုကို သဒ္ဓါကြည်ဖြူ ဆက်ကပ်လှူဒါန်း၍ ဓမ္မမိတ်ဆွေအပေါင်းတို့အားလည်း အာဟာရဒါန ပေးလှူလိုပါသဖြင့် ကြွရောက်ချီးမြှင့်ကြပါရန် လေးမြတ်စွာ ဖိတ်ကြားအပ်ပါသည်။

နေရာ - ကိုရီးယား-မြန်မာ ပြည်တော်ဦး ဗုဒ္ဓသာသနာ့ရိပ်မွန်
အချိန်- ဆွမ်းကပ် နံနက် (၁၁)နာရီ
ဧည့်ခံကျွေးမွေး- နံနက် (၁၁)နာရီမှ နေ. (၁)နာရီ ထိ
တရားပွဲ နေ. (၁)နာရီ

Saturday, August 14, 2010

ပဉ္စမအကြိမ်မြောက် ဖူဆန်းတရားပွဲ

... တရားပွဲရက်နှင့် ကျင်းပမည့်နေရာ

...ပဉ္စမအကြိမ် တရားပွဲကို ၂၂-၈-၁၀ တနင်္ဂနွေနေ.တွင် ပြည်တော်ဦး ဗုဒ္ဓသာသနာ့ရိပ်မွန်၌ ကျင်းပပါမည်။

Thursday, August 12, 2010

ဖူဆန်း ဝိပဿနာ သင်တန်း

... အပတ်စဉ် ဗုဒ္ဓဟူးနှင့် စနေနေ.တိုင်း ည (၇)နာရီမှ (၉း၃၀)နာရီ ထိ

...မအားမလပ်ကြတဲ့ အထဲကပဲ ကြိုးစား အချိန်ယူပြီး တရားကို တစ်ပတ် တစ်ရက်ရရ နှစ်ရက်ရရ တစ်နာရီပဲရရ နှစ်နာရီပဲ ရရ ဆိုတာလို ကြိုးစားကြတဲ့ သူတို.ကိုကြည့်ပြီး ပင်ပန်းတယ် မထင်မိတော့ပါဘူး။ တစ်ခြား ဘာသာ ဖြန်.ဖြူးကြတဲ့ သူတွေ နေပူမရှောင် မိုးရွာ မရှောင် တစ်အိမ်တက်ဆင်း ရထားဘူတာပါ မချန် လှည့်လည် ဟောပြောနေကြတာ တို.က အသာထိုင်ပြီး လိုချင်လို. လာတဲ့သူကို သင်ပေးရတာ ဘာပင်ပန်းလဲ လို. ကိုယ့်ကိုယ်ကို မေးမိပါတယ်။


Tuesday, August 10, 2010

ကိုရီးယား သာသနာပြု (၁)

... သာသနာ ဆိုတာ “မြတ်စွာဘုရားရှုင်ရဲ. အဆုံးအမတော်ပါ”။ သီလ သမာဓိ ပညာ သိက္ခာသုံးပါး၊ ပရိယတ္တိ ပဋိပတ္တိ ပဋိဝေဓ သာသနာသုံးပါးကို ပြောတာပါ။ သာသနာပြုတယ်ဆိုတာ “ဘုရားရှင်ရဲ. အဆုံး အမတော် သာသနာမြတ်ကို မိမိသန္တာန်မှာ တည်အောင်ပြုတာ သူတစ်ပါးသန္တန်မှာ တည်အောင်ပြုတာ”လို. ဆိုရပါမယ်။

...ဘုန်းကြီးအတွက်တော့ “ပြည်ပသာသနာပြု”ဆိုတာ ရည်မှန်းခဲ့တဲ့ အလုပ်တစ်ခုတော့ မဟုတ်ပါ။ ၂၀၀၂ခုနှစ်မှာ အဓိက ကျန်းမာရေးအခြေအနေကြောင့် ဆေးကုရင်း နားရင်းဆိုတဲ့ ရည်ရွယ်ချက်နဲ. ပထမဆုံး အကြိမ် ကိုရီးယားကို ရောက်ခဲ့ရပါတယ်။

ပင့်နေတာကတော့ အကြိမ်ကြိမ်ပါပဲ။ ဒါပေမယ့် ကျေးဇူးရှင် ငယ်ဆရာ အရင်းဖြစ်တဲ့ မုံရွာ စန်းမြသီတာ ဆရာတော်ဘုရားကြီးရဲ. တာဝန်ပေးချက်အရ ၂၀၀၁ခုနှစ်ကမှ ရန်ကုန် စန်းမြသီတာ မဟာစည် သာသနာ့ ရိပ်သာမှာ နာယက ကမ္မဋ္ဌာနာစရိယအဖြစ် တာဝန်ယူပြီးစ အချိန်ဖြစ်နေလို. အကြိမ်ကြိမ် ငြင်းခဲ့ပါတယ်။ မှတ်မှတ်ရရ ပင့်စာကို ဆယ်ကြိမ်ကျော်ကျော် လက်ခံရခဲ့တာမှတ်မိပါတယ်။ ပင့်တဲ့ကိုရီးယား ဘုန်းတော်ကြီးက စိတ်မရှည်တော့လို. ထင်ပါတယ် ကိုရီးယားမှာရှိတဲ့ မြန်မာသံရုံးကို သွားပြီး “ဒီဘုန်းကြီးကို ပင့်ပေးပါ” လို. သွားအကူအညီတောင်းတော့ သံရုံးကနေ နိုင်ငံခြားရေးဝန်ကြီးဌာနကို စာပို.ပါတယ်။ အဲဒီကနေမှ သာသနာရေးဝန်ကြီးဌာနကို စာက အကြိမ်ကြိမ် ရောက်လာပါတယ်။ သာထွန်းပြန်.က ဦးကြည်မြင့်ကတောင် “အရှင်ဘုရားကို ပင့်တဲ့စာကလည်း ဘယ်နှစ်ကြိမ် ပို.နေလဲမသိဘူး” လို.ပြောပါတယ်။ စကားပြန် ဦးမြင့်ဟန် ကလည်း “အရှင်ဘုရား ကြွလိုက်ပါဘုရား သူများတွေ သွားချင်လွန်းလို. ကြိုးစားလိုက်ရတာ မလွယ်ဘူး ဘုရား” လို့ လျှောက်ပါတယ်။ ဘုန်းကြီးကတော့ “၂၀၀၅ခုနှစ်အထိတော့ ပြည်ပကို မကြွသေးဘူး” လို. စိတ်ကူးရှိနေ ပါတယ်။ တခြားအကြောင်းထူးတော့ မရှိပါဘူး။ တာဝန်ယူထားတဲ့ ရိပ်သာဖြစ်မြောက်ရေး အလုပ်ကို ပီပီပြင်ပြင်လုပ်ချင်လို.ပါ။

သို.သော် အသက်သုံးဆယ်အထိ ဒေါင်ဒေါင်မည်ဆိုလောက်တဲ့ ကျန်းမာရေးက ရုတ်တရက်ကြီး မကောင်းဖြစ်လာပါတယ်။ ဆေးရုံဆေးခန်းနဲ. ပြတ်တယ်မရှိဘဲ ငွေကုန်လူပန်း ဖြစ်နေပါတယ်။ ဆေးချက်လည်းကုန် ဆရာစုံပြီဆိုပါတော့။ ဆင်းရဲတာလည်း မပြောနဲ.တော့ ဘုန်းကြီးနေတဲ့ ဒဂုံမြို.သစ်ကနေ သံဃာ့ဆေးရုံသွားဖို့ တက္ကစီခကို မရှိတာ။ အလှူမခံချင်တာလည်း ပါတာပေါ့လေ။ ပြောရင်တော့ လှူကြမယ့်လူတွေ အများကြီးရှိပါတယ်။ သူတို.ကလည်း ဘုန်းကြီးကို “ဘုန်းကြီးတယ် ပေါတယ်” ထင်နေကြမှာပဲ။ ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် ဖြစ်နေတာ သိမှာမဟုတ်ပါဘူး။ မျှော်လင့်မထားတဲ့ အဲဒီအချိန်မှာ ကိုရီးယားဘုန်းတော်ကြီးက ပေါက်ချလာပါတယ်။ အဲဒီတုန်းက ဒဂုံမြို.သစ်ဆိုတာ အခုလောက်ကို နေချင်စရာ မကောင်းသေးပါ။ နေကပူ လေကတိုက် သစ်ပင်ကမရှိ ရေမကောင်းမြေမကောင်းနဲ.ဆိုတော့ ဘုန်းကြီးလည်း တစ်ကိုယ်လုံး မည်းနက် ပိန်ချုံး နေတော့တာပေါ့။ အရင်တုန်းက သူ တွေ.ဖူးတဲ့ ဖြူဖြူဖွေးဖွေး နုနုနယ်နယ် ၇၇ကီလို ဘုန်းကြီးက အခု ၅၅ကီလိုလောက်ကို မည်းသည်းချုံးကျနေတာတွေ.တော့ “ဒီအတိုင်းနေရင် သေပါတော့မယ်။ “ကိုရီးယားကို ကြွကိုကြွမှဖြစ်မယ်”။ ဟိုမှာ သူ“ဆေးကုပေးပါရစေ” တဲ့။ ဒါနဲ. ငြင်းအားလည်း မရှိတော့ပါဘူး။ သွားမယ်ဟေ့ ဆို ၂၀၀၂ခုနှစ် ၄လပိုင်း နှစ်ဆန်းတစ်ရက်နေ. နွေရာသီ တရားစခန်းပွဲသိမ်းပြီး တစ်ရက်ပဲခြားပါတယ်။ ၁၉ရက်နေ. လေယာဉ်နဲ.ထွက် နောက်နေ.မှာ ကိုရီးယားကို ပထမဆုံးအကြိမ်ရောက်ခဲ့ပါတယ်။ သာသနာပြုမယ်ဆိုတဲ့ စိတ်ကူးလည်းမရှိ ရည်လည်းမရည်ရွယ်ပါဘူး။ ကိုယ်တောင် မတော် ကိုယ်မြေမှာ ကိုယ့်ခေါင်းချရပါ့မလား မသေချာတဲ့ အနေအထားမျိုးပါ။

အဲဒီတုန်းကစပြီး ဘုရားရှင်ရဲ. “အာရောဂျ ပရမာလာဘာ” ဆိုတဲ့ အဆုံးအမတော်ကို အတော် သဘောပေါက် သွားပါတယ်။ ကျန်းမာမှုမရှိရင် ကျန်တာ ဘာရှိရှိ မရှိတာနဲ.အတူတူပါပဲ။ဘာကိုမှ အရသာမခံချင်တော့ဘူး။ ခံလို.လည်းမရတော့ဘူး။ ဂုဏ်လည်းမလိုချင်တော့ဘူး။ နာမည်လည်း မကြီးချင်တော့ ဘူး။ အာဏာလည်း မလိုချင်တော့ ဘူး။ ငွေလည်းမလိုချင်တော့ဘူး။ ကုန်ကုန်ပြောရရင် အသက်တောင် ဆက်ပြီး ရှင်သန်ချင်တဲ့ စိတ်မရှိတော့တာပါ။ ကိုရီးယားရောက်ပြီး တစ်ခါက ကိုရီးယားဘုန်းတော်ကြီးက မေးပါတယ် “ဘာဖြစ်ချင်သလဲဘာလုပ်ချင်သလဲ”သူ“တတ်နိုင်တာဆိုရင် အကုန်လုပ်ပေးမယ်” တဲ့။ ဘုန်းကြီးက ပြောလိုက်တယ်။ “ငါ သေချင်တယ်” လို.။ အဲဒီဘုန်းကြီး တစ်ခါတည်း မျက်စေ့မျက်နှာပျက်ပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားတယ်။ တောင်းပန်ပါတယ်။ ဘယ်လောက်ပဲ စိတ်ဆိုးဆိုး ဘယ်လောက်ပဲ စိတ်ဓါတ်ကျကျ “အဲဒီစကားမျိုး ဘယ်တော့မှ မပြောပါနဲ.” တဲ.။ အမှန်တော့ စိတ်ဆိုးလို. ပြောတာ မဟုတ်ပါဘူး။ တကယ်ကိုပဲ သေချင်စိတ်ပေါက်နေတာပါ။ မကောင်းတဲ့စိတ်နဲ.တော့မဟုတ်ပါဘူး။ “အလုပ်မလုပ်နိုင်တဲ့အပြင် သူတစ်ပါးကို မှီခိုနေရ ဒုက္ခပေးသလို ဖြစ်နေရတာနဲ.စာရင် လုပ်ခဲ့သမျှ ကုသိုလ်အားကိုးနဲ. သေပြီး နောက်ဘဝ အသစ်မှာ ကျန်းကျန်းမာမာနဲ. မွေးဖွားလာပြီး လုပ်နိုင်ကိုင်နိုင်မယ်ဆိုရင် သေတာကောင်းသေးတယ်” ဆိုတဲ့ စိတ်နဲ.ပါ။ ဝိနည်းမှာလည်း နေမကောင်းတဲ့ ရဟန်းတစ်ပါးက “ရောဂါကလည်း ပျောက်မှာမဟုတ် သူတစ်ပါးကို ဝန်ပိနေတာပဲ” ဆိုပြီး အစာနဲ. ဆေးကျွေးတာ မစားတော့ပဲ အစာဖြတ်ပြီး မိမိကိုယ်ကို အသေခံ(သတ်သေ)သွားတာကို (အနာပတ္တိ) အာပတ်မသင့် လို. ဆုံးဖြတ်တာ တွေ.ဖူးပါတယ်။

နေကလည်းမကောင်း။ သူတို.ကလည်း ဂရုစိုက်လွန်။ ယဉ်ကျေးမှုက မတူ။ စကားကလည်းမပေါက်ဆိုတော့ ပိုပြီး စိတ်ဖိစီးမှု ဖြစ်ရတာ တွေလည်း ရှိပါတယ်။ အသက် (၃၁)နှစ် ရဟန်း (၁၁) ဝါရ ဆိုတော့ ဘယ်ငယ်တော့မလဲ။ နောက် တရားဟော တရားပြ ရိပ်သာဘုန်းကြီး ကျောင်းထိုင်ဘုန်းကြီးလေ။ ဗမာပြည်မှာဆိုရင်တော့ “ဟိတ်” ဆို ဘယ်သူမှ အတွန်.တက်မယ့်လူ မရှိတော့ဘူး။ မြန်မာလူမျိုးတွေက ဘုန်းကြီးရဟန်းဆို သိပ်ရိုသေတယ် မဟုတ်လား။ ဘုန်းကြီးရဲ. မယ်တော်ကြီးဆို အိမ်ကို ဆွမ်းခံကြွလာတဲ့ ဗရုတ်သုတ်ခ ကိုရင် စုတ်ချီးလေးတွေကအစ တောထွက်ကိုယ်တော်ကြီးတွေအဆုံး သင်္ကန်းနဲ. ခေါင်းတုံးထားရင် ဘယ်သူမဆို တစ်ရိုတစ်သေနဲ.လက်အုပ်ချီ ခရီးဦးကြိုဆို ဆွမ်းလောင်းလှူပြီး မြေပြင်ပေါ်မှာပဲ ဖြစ်ဖြစ် ထိခြင်းငါးပါးနဲ. ဦးချလေ့ရှိပါတယ်။

ဒီကိုရီးယားကိုရောက်ပြီး တွေ.လာသိလာရတာက သူတို.ယဉ်ကျေးမှု နဲ. ခေတ်ကာလ အရ ဘုန်းကြီးဆိုတာကို ဗမာပြည်မှာလို သိပ်ပြီး တစ်သီးတစ်သန်. သဘော ထားတာမျိုး မရှိဘူး။ ပင့်တဲ့ ဘုန်းကြီးက အသက် ၆၀ ကျော်ဆိုတော့ သူ.ကျောင်း ဝင်ထွက်နေတဲ့ ဒကာဒကာမတွေကလည်း ၅၀ အထက်နဲ.၆၀ ၇၀ တွေချည်းပဲများပါတယ်။ ပင့်တဲ့ ဘုန်းကြီးတစ်ပါးပဲ ဗမာပြည်ကို ရောက်ဖူးတာ။ ဒီတော့ သူတို.က ဘုန်းကြီးနဲ. ဘယ်လိုဆက်ဆံရမယ်ဆိုတာ နားလည်ကြဘူး။ သူတို.က ဘုန်းကြီးကို ရဟန်းတစ်ပါးအနေနဲ. ကြည်ညိုတာမျိုး မဟုတ်ဘဲ သားသမီးတစ်ယောက်ကို ချစ်တဲ့ သံယောဇဉ်မျိုးနဲ. အတင်းဂရုစိုက်ကြတော့ တကယ့်ကို အခက်အခဲ ကြုံရပါတယ်။

ဆွမ်းစားတဲ့အခါ ဘုန်းကြီးက ပြည့်စုံပါပြီ ဆိုတာကို သူတို.က အတင်း ဟိုဟာလေး နည်းနည်း စားလိုက်ပါဦး ဒါလေးနည်းနည်း သောက်လိုက်ပါဦးနဲ.။ မစားဘူးဆို အတင်းလာ ခွံ.ကျွေးလိုကျွေးနဲ.။ ဗမာပြည်မှာတော့ ဘုန်းကြီးက မျက်နှာပျက်လာပြီဆိုရင် ဒကာဒကာမတွေ ခေါင်းတောင် မထောင်တော့ဘူး။ ဒီမှာ ယဉ်ကျေးမှုက မတူ စကားကမပေါက်နဲ. စိတ်ဖိစီးလိုက်တာ မပြောပါနဲ.တော့။ ကြာတော့ ဘုန်းကြီးက မျက်နှာကြီး နီပြီး စိတ်ဆိုးမာန်ဆိုးနဲ. မြန်မာလို ရော တစ်လုံးတတ် နှစ်လုံးတတ် ကိုရီးယားလိုရော အော်ငေါက်ပစ်တော့ သူတို.က စိတ်မကောင်းဖြစ်ကြပြန်တယ်။ ဘာလို. စိတ်ဆိုးမှန်းလည်း မသိကြဘူး။ ခက်ပုံ။ အမှန်တော့ သူတို.ခမျာလည်း ဘုန်းကြီးကို တအားမည်းသည်း ပိန်ချုံး နေမကောင်းဖြစ်နေလို. အားရှိအောင် စားစေချင်တာပါ။ သူတို. သားသမီး မြေးလေးတွေကို လုပ်ပေးသလို လုပ်ပေးတာပါ။ သူတို.ပြောတာကိုကကြည့် ကျောင်းရောက်တာနဲ. ဘုန်းကြီးကို ပြောတဲ့စကားက “ဘာစားချင်လဲ ဝယ်ကျွေးမယ်။” “ဘယ်သွားချင်လဲ လိုက်ပို.ပေးမယ်။” တဲ့ ဗျား ကောင်းရော။

ဇာနည်ဘွား

ယောကျာင်္းဇာနည် ဘာမထီ
ရဖို. ခဲယဉ်းသည်။

.အရပ်တိုင်းမှာ မရပြီ၊

အမျိုးတိုင်းမှာ မမွေးပြီ၊၊

မဇ္ဈိမရပ် မင်း, ဗြဟ္မဏ်

ရအပ် မွေးနို်င်သည်။

မွေးပြန်သော်ငြား အမျိုးများ

တိုးပွား ချမ်းသာသည်။

မွေးပြန်သော်ငြား ထိုယောကျာင်္း

အများကျိုး ဆောင်လိမ့်မည်။

(ပြည်တော်ဦး ဆရာတော်)

... ကံ

"အကျိုးကိုကြည့် အကြောင်းသိရမယ်

အကြောင်းကြည့်လည်း အကျိုးသိရမယ်

ကောင်း~ဆိုး နှစ်သွယ် အကြောင်း "ကံ" တွေခြယ်

"ကံ" မဆိုးဖို့၊ ဆိုး "ကံ" တွေကိုပယ်

"စေတနာဟံ ကမ္မံ ၀ဒါမိ"

မြတ်စွာဘုရားဟောပါသည်

စေတနာသည် "ကံ"

"ကံ" သည် အလုပ်

"ကံ" လို့ ပြောနေကြတဲ့

ကိုယ်လုပ်၊ နှုတ်ပြော၊ စိတ်သဘော

စင်းလုံးချောအောင် ကြိုးစားကြပါကွယ်။

(ပြည်တော်ဦး ဆရာတော်)

ဝီရိယ သုံးဖြာ

... ပွားစေရာ

အာရမ္ဘ နိက္ကမ နဲ. ပရက္ကမ တဲ့ သုံးဖြာ

များသတ္တာ သိဒ္ဓိပြီးအောင် ပွားကြစေရာ

တို. အမျိုးသား ရွှေမြန်မာ

ကိုးကွယ်တာ ရတနာသုံး ပေမို.

လောင်းမြတ်စွာ ပါရမီခရီးကို

စံပြုကာ နည်းယူမှီး ကြပါစို.ကွယ်

ပွားစေရာ ဝီရီယ သုံး ကို

စိတ်ကြီးဝင် အားကုန်ရုန်းမယ်

“ကျုံးလိုက်ရွှေဘုန်း“။

(ပြည်တော်ဦး ဆရာတော်)

စာရိတ္တ နှင့် ဝါရိတ္တ

... သီလ

ကိုယ်နဲ. နှုတ်က ပြုပြောကြ အလေ့ သီလပါ။

ရှောင်ရ ဆောင်ရ ထိုသီလ နှစ်ဝ ရှိသည်သာ။

မကောင်းတာရှောင် ကောင်းတာဆောင်

စောင့်ရှောက်သမျှ ကျင့်သုံးသမျှ

စောင့်သုံး ဆိုင်ရာ သီလ အောင်။

(ပြည်တော်ဦး ဆရာတော်)

Monday, August 9, 2010

အခု ဘာလုပ်နေလဲ

... ပစ္စုပ္ပန်

...ပစ္စုပ္ပန်ကို တန်ဖိုးမထားသူအတွက် အတိတ်ဆိုသည်မှာ နောင်တရဖွယ် ဆုံးရှုံးမှုများဖြစ်ပြီး အနာဂါတ်သည် (ဖွံ.ဖြိုးတိုးတက်မှုကင်းသဖြင့် ရှင်လျက်နှင့်) သေဆုံးခြင်း ဖြစ်သည်။

ဂွမ်ဂျူးတရားပွဲ အလှူမှတ်တမ်း

... ဓမ္မပူဇာ အလှူရှင်များ

...လှိုင်မြန်မာစတိုး ကိုခင်လှိုင်+မယုယုလှိုင် သမီး ပြည့်ရတီစံ ဝမ် ၁၀၀,၀၀၀

အများကောင်းမှု ဝမ် ၁၁၀,၀၀၀

Friday, August 6, 2010

ပြည့်စုံအောင်

...ဘာပဲလုပ်လုပ် ပြည့်စုံ ပြီးမြောက်အောင်~~~

...၁) အာရမ္ဘဝီရိယ- တစ်နေနေရာကနေ သယ်ဆောင်ယူလာသလို စရောက်လာ ရှိလာ ဖြစ်လာတဲ့ အစမှာဖြစ်တဲ့ ဝီရိယမျိုး။ ဒီဝီရိယက ဘုန်းကြီးတို. လူမျိုးတွေမှာ ယေဘုယျအားဖြင့် အဖြစ်များတယ် လို. ပြောကြပေမယ့် တကယ်တော့ လူတိုင်းရှိကြတဲ့ အဖြစ်များကြတဲ့ ဝီရိယပါ။ ဒါပေမယ့် အခက်အခဲတွေ.ရင် တွန်.သွားလို. ရေရှည်မခံလို ဟုန်းခနဲတောက်ပြီး ဝုတ်ခနဲငြိမ်းတဲ့ ကောက်ရိုးမီးလို လုံ.လမျိုးလို. တင်စား ပြောကြတယ်မဟုတ်လား။ ဒီဝီရိယမျိုးနဲ.တော့ ဘာပဲလုပ်လုပ် ပြည့်စုံ ပြီးမြောက် အောင်မြင်ဖို. မဖြစ်နိုင်ပါဘူး။

၂) နိက္ကမဝီရိယ-ခါတွက်ထုတ်ပစ်သလို ဆန်.ကျင်ဘက်တွေကို တွန်းလှန်နိုင်တဲ့သတ္တိမျိုးနဲ. ပြည့်စုံတဲ. ကြံ.ကြံ.ခံတဲ့ ဝီရိယမျိုး။ ဘာပဲလုပ်လုပ် အစလောက် ဘယ်ဟာမှ မနိမ့်ပါ မလွယ်ပါဘူး။ တက်လေ မြင့်လေ နက်လေ ခက်လေပါပဲ။ အဲဒီအခါမျိုးမှာ တွန်.မသွားဘဲ အကြောက်တရားကို ကိုင်လှုပ် ခြောက်ခြားနိုင်တဲ့ အခက်အခဲကို ကြံ.ကြံ.ခံနိုင်တဲ့ ဒီ နိက္ကမဝီရိယဝီရိယမျိုးရှိမှ လုပ်သမျှကို ခရီးရောက်အောင်လုပ်နိုင်ကြမှာပါ။ ဒီဝီရိယမျိုး ကြတော့ ဘုန်းကြီးတို. လူမျိုးတွေမှာ သိပ်မရှိကြဘူး။ အဖြစ်နည်းတယ်ပေါ့။ ဒါကြောင့် တစ်ခုခုကို ခရီး ရောက်အောင် လုပ်နိုင်တဲ့သူက လူနည်းစု ဖြစ်နေဦးမှာပါ။

၃) ပရက္ကမ ဝီရိယ- ရှေဆုံးက စဖြစ်လိုက်တဲ့ အာရမ္ဘဝီရိယကနေစ (ကောက်ရိုးမီးလို မဟုတ်ဘဲ) နောက်နောက် အစဉ်မပြတ် အဆက်မပြတ် တရစပ် အားထုတ်နိုင်တဲ့ ဝီရိယမျိုး။ စွဲစွဲမြဲမြဲ လုပ်နိုင်တဲ့ သတ္တိရှိလို “စွဲ” လို. ပြောရာက “ဇွဲ” ဆိုတဲ့ စကားဖြစ်လာတယ်လို. ဆိုကြပါတယ်။ အဲဒီဇွဲဆိုတဲ့ ပရက္ကမ လုံ.လဝီရိယမျိုးအထိ ဝီရိယ သုံးမျိုးလုံး စုံမှ အရာရာ ခရီးရောက် ပေါက်မြောက် အောင်မြင်ကြမှာပါ။ ဘာပဲလုပ်လုပ် ပြည့်စုံအောင် ဝီရိယ သုံမျိုး အစုံဆောင်ရပါလိမ့်မယ်။

အာရမ္ဘ နိက္ကမ နဲ. ပရက္ကမ တဲ့ သုံးဖြာ

များသတ္တာ သိဒ္ဓိပြီးအောင် ပွားကြစေရာ

တို. အမျိုးသား ရွှေမြန်မာ

ကိုးကွယ်တာ ရတနာသုံး ပေမို.

လောင်းမြတ်စွာ ပါရမီခရီးကို

စံပြုကာ နည်းယူမှီး ကြပါစို.ကွယ်~~~

ပွားစေရာ ဝီရီယ သုံး ကို

စိတ်ကြီးဝင် အားကုန်ရုန်းမယ်

“ကျုံးလိုက်ရွှေဘုန်း“။

Wednesday, August 4, 2010

ဝါဆို သင်္ကန်း အလှူတော် မင်္ဂလာ

မှတ်တမ်း ဓါတ်ပုံ တိုးသူရ







Tuesday, August 3, 2010

တတိယ အကြိမ် တရားပွဲ (ဖူဆန်)


Monday, August 2, 2010

ပဉ္စမအကြိမ်မြောက် ဂွမ်ဂျူးတရားပွဲ

တရားတော်နာ ဖိတ်ကြားလွှာ

ဂွမ်ဂျူးမြို. ခီလ်ဆန်းင်ဆာ ဘုန်းတော်ကြီး၏ တိုက်တွန်းလျှောက်ထား ကူညီအားပေးမှုကြောင့် လစဉ် ဒုတိယအပတ် တနင်္ဂနွေနေ.တိုင်း ဂွမ်ဂျူးမြို. ခီလ်ဆန်းင်ဆာကျောင်း၌ တရားပွဲကျင်းပ ဓမ္မဒါနပြုခဲ့ရာ ကိုရီးယားလူမျိုးများအတွက် တစ်ကြိမ် မြန်မာလူမျိုးများအတွက် လေးကြိမ် ပေါင်း ငါးကြိမ်တိုင်တိုင် ပြီးစီး အောင်မြင်ခဲ့ပါပြီ။

ယခုလ ဒုတိယအပတ် တနင်္ဂနွေဖြစ်သည့် ၈-၈-၁၀ ရက်နေ.တွင်လည်း ပဉ္စမ အကြိမ်မြောက် မြန်မာတရားပွဲကို ကျင်းပမြဲတိုင်း ကျင်းပ ဓမ္မဒါနပြုမည်ဖြစ်ရာ ကာလေန ဓမ္မဿဝန သမဏာနဥ္မ ဒဿန နှင့် ကာလေန ဓမ္မ သာကစ္ဆာ မင်္ဂလာများ ဖြစ်ပွားစေကြောင်း ကုသိုလ်တရားကောင်းများ ဆည်းပူးနိုင်ရန် အသိပေး ဖိတ်ကြား အပ်ပါသည်။ တရားချစ်ခင် သူတော်စင်တို.~

မှတ်ချက်~~~ တရားပွဲ အပြီး ဆောင်ဂွမ်းင်းဆာ ပရဟိတ ဂေဟာ၌ အလုပ်သမား ဥပဒေနှင့် ရပိုင်ခွင့် ဆိုင်ရာ အလုပ်သမား အခွင့် အရေးများကို တရားသူကြီးများနှင့် ရှေ.နေများမှ လာရောက် ဟောပြော ဆွေးနွေးပေးမည်ဖြစ်ပါသည်။ တရားပွဲ ကျင်းပရာ ခီလ်ဆန်းင်ဆာမှ ပရဟိတဂေဟာသို. ကားဖြင့်ကြိုပို.ပေးမည်ဖြစ်ကြောင်း အသိပေးပါသည်။

Sunday, August 1, 2010

သီလ (၂)

မြတ်စွာဘုရားရှင်ရဲ. သာသနာတော်မြတ်ကြီးကို အနှစ်ချုပ်ပြောပြပါဆိုရင် သီလ သမာဓိ ပညာ သိက္ခာသုံးပါးကို ပြောကြပါတယ်။ တခြားဘာသာတွေကို အနှစ်ချုပ်ကြည့်ရင် သီလပိုင်းလောက်ကိုပဲ ပြည်စုံ တိကျမှု မရှိတဲ့ ဘာသာတွေရှိပါတယ်။ သမာဓိပိုင်းနဲ. စစ်ကြည့်ရင် ဗြဟ္မဏဟိန္ဒူဘာသာတစ်ခုပဲ အထိုက်အလျောက်ရှိတယ်လို. ဆိုနိုင်ပါတယ်။ မဂ်ပညာ ဖိုလ်ပညာနဲ. ချိန်ကြည့်ရင် ဗုဒ္ဓဘာသာကလွဲလို. ဘယ်ဘာသာမှာမှ မရှိတာကို တွေ.ရပါတယ်။ ဘုရားရှင်ရဲ. သာသနာတော်မြတ်ကြီးကတော့ သီလအစ သမာဓိအလယ် ပညာအဆုံး ကောင်းခြင်းသုံးပါးနဲ. ပြည့်စုံတဲ့ အားကိုးရာ အစစ် အဆုံးအမဖြစ်ပါတယ်။

ဒီသာသနာတော်မြတ်ကြီးမှာ သိရတဲ့ သီလနဲ. ပတ်သက်လို. “ကိုယ်နဲ.လုပ် နှုတ်နဲ.ပြောသမျှ သီလနယ်ထဲမှာ အကျုံးဝင်တယ် ” ဆိုတဲ့ ပြည့်စုံရှင်းလင်းတိကျတဲ့ သင်ကြားချက် မျိုးကို ဗုဒ္ဓဘာသာမှ တစ်ပါး အခြား ဘယ်ဘာသာမျိုးမှာမှ တွေ.ရမှာ မဟုတ်ပါဘူး။ ဥပမာ ပြရရင် တစ်ချို.သော ဘာသာတရားရဲ. သင်ကြားချက်မှာ လူသတ်တာ မကောင်းဘူး အပြစ်ရှိတယ်လို. ယူဆ သင်ကြားပေမယ့် လူမဟုတ်တဲ့ အခြားသတ္တဝါ တစ်မျိုးမျိုးကို သတ်တာကို တော့ ဘုရားသခင် က လူသားရဲ. အစားအစာအနေနဲ. ဖန်ဆင်းပေးထားတာဖြစ်လို. အပြစ်မရှိဘူး လို. ယုံကြည်ကြတာ မျိုးပေါ့။ သတ္တလောက သြကာသလောက သင်္ခါရလောက ဆိုတဲ့ လောက သုံးပါး ကံနဲ. သံသရာ ဆိုတဲ့ မျက်စိတစ်ဆုံး သဘောတရားတွေကနေ နားဝေးတဲ့ မျက်တောင်မွှေး တစ်ထောက်စာ အမှန်တရားတွေလို. ဆိုရမလားပဲ။ ဘာသာတရားတိုင်းမှာ ကိုယ်ကျင့်တရားနဲ. ပတ်သက်တဲ့ သင်ကြားချက်တွေရှိတာ အမှန်ပါပဲ။ ကောင်းမွန်မှန်ကန်ပြည့်စုံမှု ရှိမရှိဆိုတာကတော့ ဆန်းစစ်စရာ အကောင်းဆုံးအချက်ဖြစ်ပြီး ကွားခြားချက် ရှိတယ်ဆိုရင် အဲဒီ သင်ကြားချက်တွေကို စတင်ခဲ့ သူတွေရဲ. အဆင့်အတန်း အားလျော်စွာ ဖြစ်ပေါ်လာတယ်ဆိုတာ ထင်ရှားပါတယ်။

လုပ်သမျှ ပြောသမျှ သူတစ်ပါးကို မထိပါးအောင် သူတစ်ပါး ချမ်းသာအောင် လုပ်တတ် ပြောတတ်တဲ့ အလေ့အထဟာ ကောင်းလား မကောင်းလား မေးရင် ဘယ်ဘာသာဝင်မဆို ကောင်းတယ်လို.ဘဲ ဖြေကြမှာပါ။ သို.သော် ဗုဒ္ဓဘာသာမှတစ်ပါး အခြား ဘာသာများကို မေးကြည့်ပါ။ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည် ရှင်တစ်ပါး ရဟန်းတစ်ပါးသည် ကိုယ်နှင့် နှုတ်ကို ကောင်းစွာ စောင့်စည်း၏။ ငါးပါး ရှစ်ပါး ဆယ်ပါးစသည် အလီလီသော သီလကို ကောင်းစွာစောက်ရှောက် ထိန်းသိမ်း နေထိုင်၏။ ကိုယ်ကျင့်တရားကောင်းမွန်၏။ မိမိ၏ လုပ်ကိုင် ပြောဆိုမှုကြောင့် တစ်ပါးသူ မထိခိုက်မနစ်နာစေ။ သို.သော် သင်တို.၏ ဆိုင်ရာ မဟာဗြဟ္မာ မဟတ္တမံ ထာဝရဘုရား အလ္လာအရှင် စသည် ဖန်ဆင်းရှင်ကို ယုံလည်းမယုံ ကိုးလည်း မကိုးကွယ်။ ထိုပုဂ္ဂိုလ် သေလွန်လျှင် Go to the Heaven? လား။ Go to the Hell?လား မေးကြည့်ပါ။ ဘယ်လိုဖြေမယ် ထင်ပါသလဲ။ ဒီမေးခွန်းရဲ. အဖြေကိုထောက်ဆပြီး ဘာသာတရားတွေရဲ. အဆင့် အတန်းနဲ. အားကိုးထိုက် မထိုက်ဆိုတာတွေကလည်း အသိတရားမြင့်မားသူတွေ အတွက် ချိန်ဆ စရာ အချက်အလက် ဖြစ်သင့်တာပါပဲ။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More