ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ February 2010 ~ pyidawoo
Pages
အဘိဓမ္မာသင်တန်း အမှတ်စဉ် (၁) ဒယ်ဂူးမြို. ကိုရီးယား
ကိုးရီးယားနိုင်ငံ ဒယ်ဂူးမြို. ဗိုဟျောန်းဆာကျောင်းတွင် ၁၆-၀၈-၂၀၁၂မှ စတင်၍ အပတ်စဉ် ကြာသပတေးနေ.တိုင်း ည ရ~၉နာရီ အဘိဓမ္မာသင်တန်းကို ပို.ချပေးနေပါသည်။
အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁) ဖူဆန်း
၃-၉-၂၀၁၂ တနင်္လာနေ.က ဖူဆန်းမြို. ဗုဒ္ဓဘာသာ အသင်းတိုက်တွင် အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁)ကို စတင်၊ တောင်ကိုးရီးယားနိုင်ငံသား အချို.သော ဗုဒ္ဓဘာသာဝင်များသည် မိရိုးဖလာ မဟာယာန အယူအဆများထက် ထေရဝါဒကို စိတ်ဝင်စားစ ပြုလာကြပါသည်။ ဝိပဿနာတရားကို လေ့လာရာမှ အစပြု၍ နိကာယ်ကြီးများကို ဘာသာပြန်သည် အထိ ခရီးရောက်နေကြပါပြီ။.
ဓမ္မယာန ပြည်တော်ဦး အမှတ် (၂)
ကိုရီးယား ဖူဆန်းမြို. ဆာ့ဆန်မှာ ဓမ္မယာန ပြည်တော်ဦး အမှတ် (၂) လက်ခံဖွင့်လှစ် ကိုရီးယား ယောဂီဒကာတစ်ဦးက ပြည်တော်ဦးဆရာတော်ဧ။် သာသနာပြုလုပ်ငန်းများတွင် အလိုရှိသလို အသုံးပြုရန် ဖူဆန်းမြို. ဆာ့ဆန်ဂူ ဂျူလဲရပ်ကွက်ရှိ အဆောက်အဦးတစ်ခုမှ အပေါ်ထပ်ကို ပြင်ဆင် လှူဒါန်းခဲ့ပါသည်။ .
ဂွမ်းဂျူးမှာလည်း ရွှေမြန်မာတို. အားထားရာ “မြန်မာကျောင်း”တစ်နေရာ တည်ထောင်ပါဦးမည်။
တောင်ကိုရီးယားနိုင်ငံ ဖူဆန်းမြို.မှာ ဓမ္မယာန ပြည်တော်ဦး ကိုးရီးယားမြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်ကို
ကိုးရီးယားမှာ ပညာရှာ
ဒီနှစ် ကိုးရီးယားမှာ ကျောင်းသားလေးယောက် စကောလာရအောင် စီစဉ်ပေးနိုင်ခဲ့ ပါတယ်။ PUKYONG NATIONAL UNIVERSITY ကိုရီးယားဘာသာ မဟာဝိဇ္ဇာတန်းမှာပါ။ ၂၀၁၂ နွေဦး ပညာသင်နှစ်ကနေစပြီး ကျောင်းတက် နေကြပါပြီ။
Sunday, February 28, 2010
ဝါ နှစ်ဆယ်ရောက် လျှောက်ခဲ့တဲ့လမ်း (၃)
လူငယ်ဆိုတာ စူးစမ်းရှာဖွေမှုနဲ. ရဲရင့်ခြင်းရဲ. ပြယုဂ်ပဲ”  
   “လွတ်လပ်ရေးအတွက် လူငယ်တွေ တောထွက်ကြပြီ။”
ို့
ကြံစည်ထားတာတွေလည်း ပျက်တတ်တယ်။ ကြံစည်မထားတာတွေလည်း ဖြစ်လာတတ်တယ်။ ဂဂ အရေးအခင်းကာလ အပြီးမှာ ပညာရေးလောကကြီး တစ်ခုလုံး ကသောင်းကနင်း ဖြစ်သွားတာ အားလုံးမှတ်မိကြမှာပါ။ ရည်ရွယ်၍သော်လည်းကောင်း မရည်ရွယ်ဘဲနဲ.သော်လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့် သာသနာ့ဘောင် ရောက်လာကြတဲ့ ကျောင်းသား လူငယ်တွေ အများကြီး ရှိခဲ့ပါတယ်။ လွတ်လပ်ရေးကို ငတ်မွတ်သူတို. ၏ တောထွက်ခန်းဆိုပါစို.။ အစိုးရဆန်.ကျင်ရေး လုပ်ဖို. တောထွက်ရင်ထွက် မဟုတ်ရင် ကာမဂုဏ်တောကနေ သီလသမာဓိပညာဆိုတဲ့ သာသနာတောထွက်ကြတဲ့ တောထွက်ခန်းပါ။ လူငယ်ဆိုတာ စူးစမ်းရှာဖွေမှုနဲ. ရဲရင့်ခြင်းရဲ. ပြယုဂ် မဟုတ်လား။ ၁၉၉၀ခုနှစ်လောက်က မော်လမြိုင် တောင်ဝိုင်းကလေး မဟာစည်ရိပ်သာ ကျောင်းရစက်ချပွဲသွားရင်းနဲ. မုဒုံ ဖားအောက်ကို ရောက်တော့ ကိုယ်လိုလူတွေ အများကြီးပဲ။ ဆယ်တန်းအောင်ကျောင်းသား၊ ပထမနှစ်၊ ဒုတိယနှစ် ကျောင်းသား စုံနေတာပဲ။ အဲဒီအချိန်တုန်းက ဖားအောက်ဆရာတော်ဘုရားကြီးက အခုလို ကျော်ကြားသေးပါဘူး။ ရိပ်သာလည်း အဆောက်အဦ ပြည့်ပြည့်စုံစုံ မဖြစ်သေးဘူး။ ဒါပေမယ့် တကယ့်အားအစစ်ဖြစ်တဲ့ လူသားရင်းမြစ်ကတော့ လုံးဝပြည့်စုံနေပြီ။ အရောင်တလက်လက်ထွက်နေတဲ့ တောက်ပတဲ့ မျက်လုံးအစုံတွေပိုင်ဆိုင်ထားတဲ့ ခေတ်ပညာတတ် အမျိုးကောင်းသား ရဟန်းတော်တွေ အများကြီးပဲ။ ဒါကြောင့် မကြာမီနှစ် အနည်းငယ်အတွင်းမှာပဲ ပြည်တွင်းသာမက ပြည်ပအနှံ. ဆရာတော်ကြီးနဲ. ဖားအောက်ရိပ်သာ အကြီးအကျယ် ထင်ရှားကျော်ကြားလာခဲ့ပါတယ်။ နိုင်ငံအနှ.ံ ထောင်နဲ.သောင်းနဲ. ချီတဲ့ ကျောင်းတိုက်တွေမှာလည်း အနည်းနဲ.အများသာ ကွာမယ် သာသနာ့အရိပ်အောက် ကျောင်းသားလူငယ်တွေ ရောက်သွားခဲ့ကြပါတယ်။ 
             သမီးမိန်းခလေး ခြောက်ယောက်မွေးပြီှး ခုနစ်ယောက်မြောက်အဖြစ် မွေးလာတဲ့ စောင့်လိုက်ရတဲ့ သားဦး အဖေရော အမေ အမတွေပါ အရူးအမူးပေါ့။ ငယ်ငယ်လေးကတည်းက စိတ်မြန်လို. ထက်လို. စိတ်မချဘူး။ ၆နှစ်သားအရွယ်က အဖေဆုံးသွားတဲ့ ဖတဆိုးသားလေး။ တောခိုသွားရင် အမေရူးရချည်ရဲ.။ တွက်လိုက်သမျှ ဗေဒင်ဆရာတွေကလည်း “ရာဟုဝင် ဂြိုဟ်မွေသည့်တွက် ခင်ဗျားသား အသေထွက်ရင်ထွက်၊ မဟုတ်ရင် အရှင်ထွက်လိမ့်မယ်။ သေရင်သေ မသေရင် ထောင်သော်လည်းကျ အနိမ့်ဆုံးတော့  တစ်ခုလပ်နဲ.ငြား ဒုက္ခတော့များဦးမှာပဲ” ဆိုတော့ ဒီသားအတွက် စိတ်ပူတဲ့အမေက “ကျောင်းမှမဖွင့်သေးပဲ (၇) ရက်လေးပဲရရ  ကိုရင်ဝတ်ပါသားရယ်” တဲ့။ နားမထောင်ရင် နားထောင်ချင်အောင် “အမေ စိတ်ချမ်းသာအောင် (၇)ရက်ဆိုတာ ဘာမှမကြာပါဘူး သားရယ်။ အမေ့ ဆန္ဒလေးဖြည့်ပေးပါ” ဆိုတော့ မငြင်းသာလို. မရည်ရွယ်ဘဲနဲ. သာသနာ့ဘောင်ကို ခဏလောက်-ဆို~ ~ ~ အခု ဝါ နှစ်ဆယ်ရောက်ခဲ့ ပါပေါ့လား။
စိတ်သာ ရှင်စောဘုရားဟော
 ... စိတ် ငယ်ရင် အလုပ်ငယ်မယ်။ 
                      စိတ်ကြီးရင် အလုပ်ကြီးလာမယ်။
ို့...အတွေးကျဉ်းရင် ဘဝကျဉ်းမယ်။
                     အတွေးကြီးကျယ်ရင် ဘဝလည်းကြီးကျယ်လာလိမ့်မယ်။
                          အတွေးပုပ်ရင် ဘဝ ဆုတ်ယုတ်မယ်။
                     အတွေးမြတ်ရင် ဘဝမြတ်မယ်။
Saturday, February 27, 2010
ဝါ နှစ်ဆယ်ရောက် လျှောက်ခဲ့တဲ့လမ်း အခန်း(၂)
 ...“အစိန္တိတမ္ပိ ဘဝတိ၊ စိန္တိတမ္ပိ ဝိနဿတိ။” ကြံစည်မထားတာတွေလည်း ဖြစ်လာတတ်တယ်၊ ကြံစည်ထားတာတွေလည်း ပျက်တတ်တယ် ဆိုတဲ့ ဘုရားဟော ရှိတာ အားလုံး အသိပါ။ ငယ်ငယ်တုန်းက “ကြီးရင် ဘာလုပ်မလဲ” လို. ဘယ်သူကမေးမေး “ဗိုလ်ချုပ်ကြီး လုပ်မယ်” လို. အမြဲဖြေခဲ့တယ်။ “စစ်သားကြီး လုပ်မယ်။ စစ်ဗိုလ်ကြီး လုပ်မယ်” လို.တောင် ဘယ်တော့မှ မပြောဘူး။ [သားသားကတော့ ဗိုလ်ချုပ်ကြီးပဲ တစ်ပြားမှ မလျှော့ဘူး။း)]
...
မှတ်မိသေးတယ် သတင်းစာထဲမှာ ဗိုလ်ချုပ်ကြီးတွေ ဓာတ်ပုံပါရင် သဘောကျလိုက်တာလေ။  အားကျလိုက်တာ မပြောနဲ.တော့ (သိမှ မသိတာ ခလေးဘဝ ဗာလ လေ။) အဲဒီလို ဦးထုပ်ကြီးဆောင်း အဲဒီဝတ်စုံကြီး ဝတ်လိုက်ရင် ငါ့ပုံက ဘယ်လို နေပါလိမ့်မလဲ လို. မှန်းကြည့်ရတာ အမောပဲ။ ဒါတင်မကသေးဘူး။ အခုသတိရရင် အခု ပြုံးမိတယ်။ ဗိုလ်ချုပ်ကြီးတွေရဲ. နာမည်တွေ      လျှောက်ဖတ်ပြီး ကိုယ့်နာမည်ရှေ.မှာလည်း ဗိုလ်ချုပ်ကြီး တပ်ပြီး အကြိမ်ကြိမ် ဆိုကြည့်မိသေးတယ်။ ငါ ဗိုလ်ချုပ်ကြီးဖြစ်ရင် ငါ့နာမည်နဲ. ရှေ.က ဗိုလ်ချုပ်ကြီး ဆိုတာကြီးက လိုက်မှ လိုက်ပါ့မလားပေါ့လေ။ စိတ်ပူလိုက်သေးတယ်။ အဲဒါ ဆိုကြည့်တိုင်း “ဟင် ဘယ်လိုကြီးမှန်းလဲ မသိဘူး” လို. ကိုယ့် နာမည် ကိုယ် မကြိုက်လိုက်တာလေ။ ဗိုလ်ချုပ်ကြီးမြတ်ဘုန်းသော်”သတင်းစာ ဖတ်တဲ့လူတွေ ငါ့နာမည်ဖတ်ပြီး ရီမယ်ထင်တယ်။ (ဖြစ်များဖြစ်ခဲ့ရင် အဆဲတောင်ခံရဦးမယ်။ တော်သေးတယ် အမေကယ်လို.”)  ဒါကြောင့် သတင်းစာဖတ်ပြီး အမေ့ကိုသွား ဂျီကျတာလည်း အကြိမ်ကြိမ်။ 
“အမေ သားကို နာမည်ပြောင်းပေးပါ။”
“ဟင် ဘာဖြစ်လို.လည်း သားရယ်? သားနာမည်က ဒီလောက်လှတာ။”
“သားသားတော့ မကြိုက်ပါဘူး။ မိန်းမနာမည်ကြီးကျနေတာပဲ။”
“ပြီးတော့ ကျောင်းမှာ ကျောင်းခေါ်ချိန် ခေါ်တော့လည်း အမြဲ ဝိုင်းအရီခံရတယ်။”
“သားသား အလှည့်ရောက်ပြီဆိုရင် ဆရာ ဆရာမ အသစ်တွေက နာမည် မဖတ်တတ်လို. အကြာကြီး ထစ်နေရော။” 
“ပြီးရင် ယောကျာင်္းလေးလား? မိန်းခလေးလား? မေးတော့ အရီခံရပြန်ရော”
“ထပ်ပြီး မြတ် ---ဖုန်းသော် လို. ခေါ်ရမှာလား? မြတ် --- ဘုန်းသော် လို. ခေါ်ရမှာလား မေးတော့ အားလုံး ဝိုင်းရီကြပြန်ရော”
“သားသား ရှက်တယ် အမေ။ ပြောင်းပေးပါ။”
“သားက ဘယ်လို ပြောင်းချင်တာတုန်း?” 
“သတင်းစာထဲမှာ ဗိုလ်ချုပ် ရဲဂေါင် ဆိုတာတွေ.တယ်။ သားသား အဲဒီနာမည် သိပ်ကြိုက်တာပဲ။”
“သားက ကြာသပတေးသား ဥစ္စာ”
“ဒါဆိုရင် မင်းဂေါင် လို. ပြောင်းပေးပါ အမေရယ်”
“မပြောင်းပါနဲ. သားရယ်။ သားနာမည်က အကောင်ဆုံး”
“မြင့်မြတ်တဲ့ ယောကျာင်္း အာဇာနည်ဖြစ်ပါစေလို. ကြာသပတေးသားမိုလို. နာမည်အစက မြတ်” “ဘုန်းကြီးပါစေလို. အလယ်က ဘုန်း
“အဖိုးနာမည်ပါအောင်လို. အဆုံးမှာ သော် ထည့်ပြီး “မြတ်ဘုန်းသော်”လို. အမေ သေသေချာချာ ရွေးပေးထားတာ။”
“သားသားတော့ သိပ်မကြိုက်ပါဘူး”
အဲဒီလိုဆိုရင် အမေက အနီးအနားမှာရှိတဲ့ အမတွေကို စစ်ကူတောင်းနေကျ။ အမတွေကလည်း အမြဲ အားလုံးဝိုင်းပြီး ထောက်ခံကြတယ်။ မြတ်ဘုန်းသော် ဆိုတဲ့ သားသားနာမည် အလှဆုံး အကောင်းဆုံးပေါ့။ ကလေးဆိုတော့ ဘာသိမှာလဲ။ လူကြီးပြောရင် အဟုတ်ထင်သွားတာပဲ။ အမကလည်း နည်းနည်းနောနော မဟုတ်ဘူးလေ။ ခြောက်ယောက်တောင်မှဗျား။
ဘုန်းကြီးဝတ်မယ်လို.တော့ ဘယ်တုန်းကမှ စိတ်မကူးခဲ့ပါဘူး။ ဖြစ်လာတာက ဘုန်းကြီး။ ဖြစ်ချင်တာက ဗိုလ်ချုပ်ကြီး။  “အစိန္တိတမ္ပိ ဘဝတိ၊ စိန္တိတမ္ပိ ဝိနဿတိ။”
Friday, February 26, 2010
ဘုရား လမ်းစဉ် အခန်း(၁)
 ...ဘုရားလမ်းစဉ် 
                      ခုဒ္ဒကနိကာယ်မှာ ဣတိဝုတ်ပါဠိ ဆိုတာရှိတယ်။ အဲဒီမှာ သုတ်တွေ အားလုံး '' ဝုတ္တဉှေတံ ဘဂဝတာ, ဝုတ္တမရဟတာတိ မေ သုတံ " – ဆိုတဲ့ ပါဠိနဲ. စပါတယ်။ သင်္ဂယနာတင်တဲ့အခါ အရှင်အာနန္ဒာ မထေရ်မြတ် လျှောက်ထားတဲ့ စကားအစဉ်ပေါ့။  
                       “““ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော် အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။”” လို. မြန်မာပြန်ပါတယ်။ အဲဒီမှာ ပြောချင်တာက ဘဂဝတာ နဲ.  အရဟတာ ဆိုတဲ့ ပုဒ်နှစ်ခုပါ။ ပါဠိ ဘဂဝတာ-ကို ဘုန်းတော်ကြီးသော မြတ်စွာဘုရား~~~ အရဟတာ-ကို ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား~~~လို. ဘာသာပြန်ရာမှာ “““မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် ဘာ့ကြောင့် ဘုန်းတော်ကြီးရပါသလဲ။ ဘာ့ကြောင့် ပူဇော် အထူးကို ခံတော်မူထိုက်ပါသလဲ။””” ဆိုတဲ့
ို့...
အကြောင်းတရားကို သိမယ်ဆိုရင် သြော်~ ~ ~ ““ရှင်တော်မြတ်ဘုရား ဒီလမ်းစဉ်ကို လိုက်ခဲ့လို.ဒီလို ဘုန်းတော်ကြီးပြီး ပူဇော် အထူးကို ခံတော်မူရတာပါလား”” ~ ~လို. ရှင်ချစ်မြတ်စွာ အလောင်းတော်ဘဝကစလို. သုံးလောကထွဋ်ထား ဘုရား ဖြစ်သည့်တိုင်အောင် လျှောက်လမ်းတော်မူခဲ့တဲ့ လမ်းစဉ်~ ဘုရားလမ်းစဉ်ကို ကြောင်းကျိုးဆက်စပ် နားလည်ကြည်နူး အထူးကျေနပ် အားရကြပါလိမ့်မယ်။
                            အဋ္ဌကထာဆရာမြတ် ရှင်းပြတဲ့ အကြောင်းရင်းများစွာကို အကုန်ပြောမပြနိုင်ပေမယ့် လိုရင်းနဲ. သိလွယ်တဲ့ အချက်တွေကို ပြောပြချင်ပါတယ်။ “““ဘဂဝတာ က မြတ်စွာဘုရားရှင်ရဲ. မဟာ ကရုဏာတော်ကို ပြပြီး အရဟတာ က ဉာဏ်ပညာတော်ကို ဖေါ်ပြနေပါတယ်။””” ဆိုရင်ပဲ ဒီနေရာမှာ ဘုရားရှင် ကိုယ်တော်မြတ်ကြီး အလောင်းတော်ဘဝကစလို. ပညာနဲ. ကရုဏာကို ဘယ်လို အသုံးချပြီး ဘယ်လမ်းကြောင်းက ကြွလာတော်မူခဲ့သလဲ ဆိုတဲ့ ဘုရားလမ်းစဉ်ပေါ်လွင်လာပါတော့တယ်။
                            “ပညာကြောင့် သူတပါးရဲ. ဒုက္ခကိုသိတယ်။ ကရုဏာကြောင့် သူတပါးရဲ. ဒုက္ခကို ပယ်ဖျောက်ဖို. အားထုတ်တယ်။” ဆိုတာလည်း နားလည်ဖို. မခက်တော့ပါဘူး။ အလောင်းတော် သုမေဓာ ရှင်ရသေ့ဘဝပဲ ကြည့်ပါ။ ပညာကြီးလွန်းလို. သတ္တဝါတတွေ သံသရာထဲ တဝဲလည်လည် စုန်ဆန်မျှောပါ ဆင်းရဲနေကြရှာတာကို သိလွန်လွန်းလို.၊ “သတ္တဝါတွေ သံသရာ ဝဋ္ဋ်ဆင်းရဲက လွတ်မြောက်စေရမယ်ဟေ့” ဆိုတဲ့ မဟာကရုဏာတော် ကြီးနဲ. အားထုတ်တော်မူလိုက်တာလေ~ ~ ~ လေးအသင်္ချေနဲ. ကမ္ဘာတစ်သိန်း။ မဟာကရုဏာတော် အားအစွမ်းသာမရှိရင် ဒီပါရမီ ခရီးကြမ်းကို ဘယ်သူ ဘယ်လို လျှောက်ပါ့မယ်။ ကြံစည်ဖို. အသာထား အသံကြားရုံနဲ. ရွံရှားတုန်ဟီး ကြက်သီးထစရာအမှုကြီးပါ။ လေးအသင်္ချေနဲ. ကမ္ဘာတစ်သိန်း မဆိုထားပါနဲ. နှစ်တစ်ရာလောက်မှ ပြည့်အောင်မနေရတဲ့ ဒီတစ်ဘဝလေးမှာတောင် အလုပ်တစ်ခု အစပြုပြီး အဆုံးပေါက်အောင် မလျှောက်နိုင်ကြတဲ့သူက တစ်ရာမှာ ကိုးဆယ့်ကိုး ဒဿမ ကိုး မဟုတ်လား။
                                ပညာကြောင့် သံသရာ ဝဋ္ဋ်ဆင်းရဲကို ငြီးငွေ.တယ်။ မဟာကရုဏာကြောင့် သံသရာ ဝဋ္ဋ်ဆင်းရဲကို  ကြံ့ကြံ့ခံတော်မူတယ်။ အသက်ကြီးလာတဲ့လူတွေ အပြောများတဲ့စကား “တစ်သက်လုံး လုပ်လိုက်ရတာ သေခါနီးတော့လည်း ကိုယ့်အတွက် ဘာမှမကျန်ပါလား” တဲ့။ ကိုရီးယားတွေလည်း အပြောများတယ်။ "  마지막에는 남은것 없어"      တဲ့။ အလုပ် မဟုတ်တာတွေနဲ. အလုပ်ရှုပ်နေလို. တကယ့်အလုပ်ကို လုပ်ဖို. အချိန် မရှိဘူး။ တကယ်လုပ်ရမယ့် အလုပ် တကယ့် အလုပ်ကို သိတော့ နောက်ကျနေပြီ။ အချိန် မရှိဘူး။ “သေသာ သေသွား မအားကြဘူး”လို.ပဲ ဆိုကြပါစို.။ ပိုဆိုးတာက သေသာသေသွား ကိုယ့်ကိုယ်ကို ဘာမှန်း သိမသွားရှာဘူး။ ဘဝဇာတ်ရှုပ် ဇာတ်ထုတ် မဖြေခင် မရဏမင်း ကန်.လန်.ကာ ဝင်ချလို. သေခဲ့ရတဲ့ ဘဝတွေက ဘဝပေါင်းအသင်္ချေ၊၊ ဘယ်ကအစ ဘယ်မှာဆုံးမယ် လုံးလုံးမမြင်နိုင်တဲ့ ဘဝသံသရာလေ။ ဇာတ်ရည်မလည်တဲ့ တို.တတွေ ဘဝထဲမှာ ပျော်ပျော်နေ နေကြပေမယ့် ဇာတ်ရုပ်အမှန် တကယ်သိရင် ဉာဏ်ကြီးရှင် သံဝေဂနဲ. ဘယ်ပျော်ပါ့မလဲ။ ခွေးတွေ ဝက်တွေ မစင်စားပြီး ပျော်နေကြပေမယ့် တို. လူတွေ အဲဒါကို အားကျ ပျော်နိုင်ပါ့မလား။ ဒီလိုပါပဲ တို. ပုထုဇဉ်တွေ ကာမဘုံရဲ. မစင် ကာမဂုဏ်တွေ ခံစားပြီး လက်မထောင် ဂုဏ်မောက် အရူးဘုံမြှောက် ဖြစ်နေကြ ပေမယ့်လည်း အရိယာ သူတော်စင်တွေ နဲ. ဉာဏ်ကြီးရှင် သူတော်မြတ်တွေ တို.ငတ်သလို မငတ်ဘူး။ “ဒီအရူး ပုထုဇဉ်ဘဝကနေ မြန်မြန်ပျောက် သံသရာ အရူးထောင်ပေါက်က ဘယ်တော့မှများ ထွက်ရပါ့မလဲ” လို. အမြဲအားခဲနေကြသလို အလောင်းတော် အရှင်မြတ်လဲ ပညာကြီးသူမဟုတ်လား။ ဒီ သံသရာနှောင်အတွင်း ထောင်အကျဉ်းကျနေတဲ့ဘဝ အမှန်သိ အပြစ်မြင် ငြီးငွေ.လှ တွင်တွင်ပေါ.။ ထွက်ချင်လွတ်ချင်လှပါပြီပေါ့။  ပညာကြောင့် သံသရာ ဝဋ္ဋ်ဆင်းရဲကို ငြီးငွေ.တယ်။ 
                                တကိုယ်တည်းသက်သက် တစ်ကိုယ်ကောင်း ကြံမယ်ဆိုရင် ထွက်နိုင်ပါတယ်။ သုမေဓာရှင်ရသေ့က အစစပြည့်စုံပြီသားပဲ။ သို.သော် သနားတော်မူလွန်းလို. တို. သတ္တဝါတွေ မိစ္ဆာဒိဋ္ဌိကြိုးနဲ.  မလှုပ်နိုင်မယှက်နို်င် အတုတ်ခံထားရတဲ့အပြင် တဏှာရေအလျဉ်စီးကြောင်းတလျှောက် အားကိုးရာမဲ့ အညှာတာမဲ့ အမျှောချခံရလို. သံသရာပင်လယ်ဝဲသြဃမှာ နစ်မွန်းနေကြတာကို သနားတော်မူသဖြင့် လက်တကမ်း၌ လွယ်လင့်တကူ လှမ်းယူနိုင်သည့် နိဗ္ဗာန်ချမ်းသာကြီးကို လှမ်း၍မယူ သတ္တဝါတွေအတွက် စွန်.လွှတ်တော်မူ၍ ငါကဲ့သို.သော အားအစွမ်းရှိသော ယောင်္ကျားဇာနည် ဘာမထီပုဂ္ဂိုလ်ထူးသည် တစ်ယောက်တည်းသာ သံသရာက ထွက်မြောက်ရုံဖြင့် အဘယ်အကျိုးရှိအံ့နည်း။
“ငါ သစ္စာလေးပါးကိုသိသလို သတ္တဝါတွေကိုလည်း သိစေမယ်။ 
ငါ သံသရာ ဝဲသြဃက ကူးမြောက်သလို သတ္တဝါတွေကိုလည်း ကူးမြောက်စေမယ်။ 
ငါ သံသရာအနှောင်အဖွဲ.က လွတ်မြောက်သလို သတ္တဝါတွေကိုလည်း လွတ်မြောက်စေမယ်။”
 ဆိုတဲ့ ရဲရဲတောက် သစ္စာအဓိဋ္ဌာန်ကြီးနဲ. (ကိုယ်တော်မြတ် တကိုယ်တည်းအတွက်ဆိုရင် ပညာဉာဏ် အမြင်ရင့် ငြီးငွေ.ချက် ပြင်းလှပါသဖြင့်  အဆောတလျင် အခုပင် ထွက်ချင်လှပါသည့် သံသရာထဲမှာ) မဟာ ကရုဏာ အရင်းခံ၍ လေးအသင်္ချေ ကမ္ဘာတစ်သိန်းကြာအောင် ကြံ့ကြံ့ခံကာ ပါရမီဖြည့်တော်မူခဲ့ပါသည်။ မဟာကရုဏာကြောင့် သံသရာ ဝဋ္ဋ်ဆင်းရဲကို  ကြံ့ကြံ့ခံတော်မူတယ်။
                               “ပညာဖြင့် မိမိကိုယ်ကို သံသရာ ဝဋ္ဋ်ဆင်းရဲမှ ကူးမြောက်စေ၍ ကရုဏာဖြင့် သူတပါးတို.အား ကူးမြောက်စေတယ်။ ” အလောင်းတော်မြတ်  သံသရာခရီးကြမ်းကို ပန်းတိုင် အရောက် မမှောက်မမှား တိမ်းမသွားအောင်  ပညာကြီးကြီးနဲ. လျှောက်လှမ်းတော်မူခဲ့တာ နောက်ဆုံးမတော့ သဗ္ဗညုတ ရွှေဉာဏ်တော်ပန်းပွင့်လန်း၍ သမ္မာသမ္ဗုဒ္ဓဘုရားဖြစ် ကိုယ်တိုင်ပဲ သံသရာဝဲသြဃမှ ကူးမြောက်နို်င်ခဲ့ပါတယ်။ သံသရာညွှန်အတွင်းမှာ နစ်မွန်း၍ပါနေစဉ် မဟာကရုဏာဖြင့် ပန်းတိုင်အရောက် မဖေါက်မပြန် ကြံ့ကြံ့ခံကာ   မမောနိုင်မပန်းနိုင် ဖြည့်ဆည်းခဲ့သော ပါရမီအားအစွမ်းကြောင့် ဘုရားဖြစ်တော်မူသည့် အခါလည်း အများဝေနေယျတွေကို သံသရာ ဝဋ္ဋ်ဆင်းရဲက ကူးမြောက်စေနိုင်ခဲ့ပါတယ်။ အဲဒါကိုပဲ ~ ~ ~
ပညာဖြင့် ဘုရားအဖြစ် ပြီးစီးတယ်။ ကရုဏာဖြင့် ဘုရားကိစ္စပြီးတယ်။” လို. ဆိုလိုပါတယ်။ ပညာကြောင့် အလောင်းတော်မြတ် ဗောဓိသတ်သည် ဘုရားအဖြစ်ကို  ရရှိပြီးစီးတော်မူတယ်။ ကရုဏာကြောင့် ဘုရားကိစ္စ ဖြစ်တဲ့ သတ္တဝါတွေကို အမှန်သစ္စာသိအောင်သင်ပြ ဆင်းရဲမှန်သမျှ လွတ်အောင် ကယ်တင် ချေချွတ်တော်မူနိုင်ပါတယ်။
ခုဒ္ဒကနိကာယ ဣတိဝုတ္တကပါဠိ---------) အဋ္ဌကထာ နှာ-၁၃
ပညာယ သံသာရဒုက္ခနိဗ္ဗိဒါ, ကရုဏာယ သံသာရ ဒုက္ခသဟနံ;
ပညာကြောင့် သံသရာ ဝဋ္ဋ်ဆင်းရဲကို ငြီးငွေ.တယ်။ မဟာကရုဏာကြောင့် သံသရာ ဝဋ္ဋ်ဆင်းရဲကို  ကြံ့ကြံ့ခံတော်မူတယ်။
ပညာယ ပရဒုက္ခပရိဇာနံ,  ကရုဏာယ ပရဒုက္ခပ္ပဋ္ဋိကာရာရမ္ဘော။
ပညာဖြင့် သူတပါးရဲ. ဒုက္ခကိုသိတယ်။ ကရုဏာဖြင့် သူတပါးရဲ. ဒုက္ခကို ပယ်ဖျောက်ဖို. အားထုတ်တယ်။” 
ပညာယ သယံ တရဏံ, ကရုဏာယ ပရေသံ တာရဏံ။ 
ပညာဖြင့် မိမိကိုယ်ကို သံသရာ ဝဋ္ဋ်ဆင်းရဲမှ ကူးမြောက်စေ၍ ကရုဏာဖြင့် သူတပါးတို.အား ကူးမြောက်စေတယ်။ ”
ပညာယ ဗုဒ္ဓဘာဝသိဒ္ဓိ, ကရုဏာယ ဗုဒ္ဓကိစ္စသိဒ္ဓိ; 
ပညာဖြင့် ဘုရားအဖြစ် ပြီးစီးတယ်။ ကရုဏာဖြင့် ဘုရားကိစ္စပြီးတယ်။
ကရုဏာယ ဝါ ဗောဓိသတ္တဘူမိယံ သံသာရာဘိမုခဘာဝေါ, ပညာယ တတ္ထ အနဘိရတိ;
ကရုဏာကြောင့် ဘုရားအလောင်းအဖြစ် သံသရာကိုရှေးရှုကျင်လည်နေရသော်ငြားလည်း၊ ပညာကြောင့် ထို ဘဝသံသရာ၌ ပျော်ပိုက်တော်မမူ။
တထာ ကရူဏာယ ပရံ အဝိဟိံသနံ, ပညာယ သယံ ပရေသံ အဘာယနံ;
ကရုဏာကြောင့် သူတပါးကို ညှင်းဆဲတော်မမူ၊ ပညာကြောင့် ကိုယ်တော်တိုင်သည် သူတစ်ပါးတို.ကို (ဘယ်သူ.ကိုမျှ) မကြောက်။
ကရုဏာယ ပရံ ရက္ခန္တော အတ္တာနံ ရက္ခတိ, ပညာယ အတ္တာနံ ရက္ခန္တော ပရံ ရက္ခတိ;
ကရုဏာဖြင့်သူတပါးကို စောင့်ရှောက်ရင်း မိမိကိုယ်ကို စောင့်ရှောက်ရာရောက်၏။ ပညာဖြင့် မိမိကိုယ်ကို စောင့်ရှောက်ရင်း သူတပါးကို စောင့်ရှောက်ရာရောက်၏။
တထာ ကရုဏာယ လောကနာထတာ, ပညာယ အတ္တနာထတာ;
ကရုဏာကြောင့် လောက၏ ကိုးကွယ်ရာဖြစ်၍ ပညာကြောင့် မိမိကိုယ်ကို ကိုးကွယ်ရာဖြစ်၏။
ဝါ နှစ်ဆယ်ရောက် လျှောက်ခဲ့တဲ့လမ်း (၁)
 ...သာသနာ ၂၅၅၃-ခု၊ မြန်မာ ၁၃၇၁-ခုနှစ် ရဟန်းသိက္ခာ ဝါ နှစ်ဆယ်ရောက်မယ့် နှစ်ပါလား။ လာမယ့် တန်ခူး နှစ်သစ်ကူးရင် အသက်လည်း ၃၉-နှစ် တင်းတင်းပြည့်၊ ၄၀-တွင်း ချဉ်းနင်း ဝင်ရောက်တော့မယ်။ ဇရာ တံခါးပေါက်ဝမှာ တံခါး စခေါက်လိုက်တဲ့ “ခဏ” ဆိုပါစို.။
ို့...ဝါ နှစ်ဆယ်ရောက် လျှောက်ခဲ့တဲ့လမ်း၊ အမြဲတမ်း ရှေ.ကိုပဲ ကြည့်လျှောက်ခဲ့လို. နောက်ကြောင်းပုံရိပ်ကို မမြင်ဖူးဘူး။ အမြဲပဲ အဝေးကိုကြည့် အရှည်ကိုမျှော် လျှောက်ခဲ့လို. အနီးမှာ ဘယ်သူရှိတယ် သတိမမူခဲ့မိဘူး။ အနားမှာ ဘာတွေဖြစ်နေတယ် ရေရေလည်လည် မသိခဲ့ဘူး။ အခု ဇရာရဲ.အစ ဒီ “ခဏ” ကျမှ ဘဝပေး အခြေအနေအရ (နားတယ်လည်းမဆိုသာပါဘူး) ခရီးတစ်ထောက် မဆိုစလောက်လေးနားရင်း
ဝါ နှစ်ဆယ်ရောက် လျှောက်ခဲ့တဲ့လမ်း ပထမဆုံးအနေနဲ. ဇာတ်ကြောင်း ပြန်ကြည့်ချင်တယ်။ ငါ ဘယ်သူလဲ? ဘာလဲ? ဘယ်လဲ?
                     ၈၈-အရေးအခင်းကြောင့် တက္ကသိုလ်ပျောက်သွားလို. “ဆယ်တန်းအောင်ပြီးပြီ” ဆိုရင် “သြော်~ ~ ~ ဒါဆို ကျောင်း ပြီးပြီပေါ”့ ဆိုတဲ့ အဲဒီခေတ် ဟာသအတိုင်းပဲ ကျောင်းပြီးသွားတဲ့ ကျောင်းသား တစ်ယောက်။ လမ်းပျောက်သွားလို. လမ်းပေါ်ရောက်သွားရတဲ့အဖြစ်ပါ။ ပျောက်သွားတဲ့လမ်းက တက္ကသိုလ် ပညာရေးလမ်း၊ ရောက်သွားတာက ရှင်တော်ဘုရားရဲ. မဂ္ဂင်လမ်းပေါ.။
အာဇာနည်
သနားလို. ဘယ်သူ.ဘယ်သူကိုမှ အနို်င်မကျင့်၊ (မညှင်းဆဲ၊ မနှိပ်စက်၊အနိုင်မယူ။)
သိလို. ဘယ်သူ.ကိုမှ မကြောက်။
Tuesday, February 23, 2010
နေက္ခမ္မ ပါရမီ
ဘဝ အတွေ.  ပျော်မွေ.နေလျှင်၊
ဘဝကိုပဲ စွဲမြဲခင်မင်။
ဘဝငြိမ်းကြောင်း နားငြောင်းနေလျှင်၊
ဘဝထဲ လည်မြဲလည်မည်ပင်။
 ဘဝ အတွေ. ငြီးငွေ.ပါပြီ။
ဘဝ အသစ် မဖြစ်လိုပြီ။
ဤကောင်းမှုဖြင့် တောင်းဆုပန်ချီ၊
ဘဝ သိမ်း ဇာတ်ငြိမ်းရလိုသည်။
ဘဝ အတွေ. ငြီးငွေ. စိတ်ပို။
ဘဝ အသစ် မဖြစ်ရလို။
ကုသိုလ်ပြုတိုင်း မဆိုင်းတောင်းဆို၊
နိဗ္ဗာန်သို. ရောက်ဖို. ဤကုသိုလ်။
                         ( ရွှေဘို ဆရာတော် )
အချိန် မရှိဘူး။
. အလုပ် မဟုတ်တာတွေနဲ. အလုပ်ရှုပ်နေလို. တကယ့်အလုပ်ကို လုပ်ဖို. အချိန် မရှိဘူး။
သံဝေဂလား? သန္တပ္ပလား?
 ...လောကီရေးဖြစ်ဖြစ် လောကုတ္တရာရေး ဖြစ်ဖြစ် ရွပ်ရွပ်ချွံချွံကို လုပ်ရမယ်။
                     ပျင်းတာ၊ ဖျင်းတာ၊ အစွမ်းအစနည်း သူရဲဘောကြောင်တာကို  
                     ရောင့်ရဲတာလိုလို      သံဝေဂရတာလိုလိုနဲ. ရောမချဖို. အရေးကြီးတယ်။
အလှူတော်မှတ်တမ်း
                                       ကျောင်းတက်ပွဲအလှူရှင်များစာရင်း
၁။ကိုအောင်ထင်ကျော်                                                        ၅သိန်း
၂။ကိုလှထွန်း                                                                    ၃သိန်း
၃။ကိုသန်းနိုင်ထွေး(ခေါ်)ပေါပေါ                                             ၂သိန်း
၎။ကိုမင်းလတ်                                                                  ၂သိန်း
၅။ကိုတိုးသူရ                                                                    ၂သိန်း
၆။မြန်မာသူကြီး မိသားစု(ဖူဆန် -ကိုရီးယား)                             ၂သိန်း
၇။ကိုညွန့်လှိုင်                                                                  ၂သိန်း
၈။ကိုစိုးစိုး (ခေါ်)                                                               ၁သိန်း
၉။ကိုနေမျိုး                                                                    ၁သိန်း
၁၀။ကိုမင်းမင်း                                                                 ၁သိန်း
၁၁။ကိုထွန်းထွန်းအေး                                                        ၁သိန်း
၁၂။မမိုးချစ်စံ                                                                   ၁သိန်း
၁၃။ကိုအောင်ကိုကိုမျိုး                                                       ၁သိန်း
၁၄။ကိုအောင်နေသန့်                                                       ၅သောင်း
၁၅။ကိုသူရဇော်                                                              ၅သောင်း
၁၆။ကိုရဲထွဋ်                                                                  ၅သောင်း
၁၇။ကိုအောင်စိုးလင်း                                                       ၅သောင်း
၁၈။ကိုကျော်ထက်သူ                                                        ၃သောင်း
၁၉။ကိုအောင်သူဝင်း                                                         ၃သောင်း
၂၀။ကိုချမ်းမြအောင်                                                          ၃သောင်း
၂၁။ကိုသိန်းထိုက်အောင်                                                     ၃သောင်း
၂၂။ကိုသန်းဇော်ဝင်း(ခေါ်)ကိုချိုထွေး                                      ၃သောင်း
၂၃။ကိုညွန့်ဝင်း                                                               ၂သောင်း
၂၄။ကိုထူးထူး                                                                 ၂သောင်း
၂၅။ကိုတင်ထွန်းလွင်                                                        ၂သောင်း
၂၆။ကိုကျော်ဘိုဘိုထွဋ်                                                     ၂သောင်း
၂၇။ကိုမြင့်ဇော်                                                               ၂သောင်း
၂၈။ကိုမြင့်စိုး                                                                  ၁သောင်း
၂၉။ကိုဇော်လတ်                                                           ၁ သောင်း
                                                                                                             ၃၀။ကိုသက်အောင်ဆန်း                                               ၁သောင်း
၃၁။ကိုသန့်ဇင်                                                                 ၇၀$
၃၂။ကိုညီညီမောင်                                                        ၁ သိန်း
၃၃။ကိုပြည့်ဖြိုး                                                             ၁ သောင်း
                                           Gim Hae မှအလှူရှင်များ
၁။ဦးကျော်ဝင်း+ဒေါ်နွဲ့ကြည်                                                 ၁သိန်း
၂။ဦးတင်ညွန့်+ဒေါ်တင်စိန်                                                   ၁သိန်း
၃။ကိုမြင့်သူ(မာဆန်းသူငယ်ချင်းများ အဖွဲ့)                               ၂သိန်း
၎။ကိုသက်လွင်ထူး                                                         ၅သောင်း
၅။ကိုဇော်မင်းထွန်း                                                         ၅သောင်း
၆။ကိုပေါက်ကျိုင်း                                                          ၅သောင်း
၇။ကိုမျိုးလှိုင်ဦး                                                             ၃သောင်း
၈။ကိုအောင်လှ                                                              ၃သောင်း
၉။ကိုခိုင်                                                                      ၃သောင်း
၁၀။ကိုမျိုးသန်းထိုက်                                                       ၃သောင်း
၁၁။ကိုဇော်ဦး                                                                ၃သောင်း
၁၂။ကိုမျိုးမင်းကိုကို                                                         ၁သောင်း
၁၃။ကိုတိုင်းဝင်း                                                              ၁သောင်း
၁၄။ကိုကျော်လင်းထွန်း                                                     ၁သောင်း
၁၅။ကိုစိုးပြည့်စုံ                                                              ၁သောင်း
၁၆။ကိုကျော်ဇင်ကို                                                          ၁သောင်း
လစဉ် အလှူရှင်
၁။ကိုမြင့်ခိုင်    သောက်ရေ(ရေသန့်-ရေပူ+ရေအေး)                    ၅သောင်း
၂။ကိုလှထွန်း   လျှပ်စစ်မီး                                                     ၃သောင်း
၃။ ကိုဇော်သူရ  အင်တာနက်/ဖုန်း
သီးသန့် အလှူရှင်များ
   ဘူဖျောင်(င်) ဗုဒ္ဓသာသနာပြုကျောင်းတော်ဆရာတော်      သင်္ကန်း ဒွိစုံ   ၁
                                                                            သင်္ကန်း တိစုံ ၁
                                                                            ထီး             ၁
                                                                            ဘိနပ်          ၁
   ဒယ်ဂူး စိတ္တသုခဆရာတော်နှင့်ဒကာများ                       ထမင်းပေါင်းအိုးကြီး၁လုံး
၁။ကိုသန်းနိုင်ထွေး(ပေါပေါ)                                          ကွန်ပျူတာ စားပွဲနှင့်
                                                                            ထိုင်ခုံ (ရုံးခန်းသုံး)
၂။ကိုလှထွန်း                                                             ငွေဖလား ၁ လုံး၊
                                                                           ရေစက်ခွက် ၃ စုံ နှင့်
                                                                        သာသနာ့အလံ ၃ ထည်
၃။မြန်မာသူကြီး မိသားစု                                           သံဃာ ၅ပါးစာ ပစ္စည်းစုံ
                                                                 ပစ္စည်းစုံဆွမ်းဝိုင်း၊အိုးကြီး ၂ လုံး
၎။ကိုနေမျိုး (မွေးနေ့အလှူ)                                             ၅သောင်း           
ကိုရီးယားအလှူရှင်များ
၁။ဆိုးလ်ကျောင်းအမကြီး                                                အ၀တ်လျှော်စက်နှင့်
၂။ဆိုးလ်ယောဂီ                                                                ၀မ် ၁၀၀,၀၀၀
၃။ဂျယ်ဂျူးဒိုးယောဂီ                                                         ဆန် ၁အိတ် နှင့်
                                                                                       ဂီမ် ၁ ပုံး
၎။ဖူဆန် ဘုန်းတော်ကြီး                                       ဆန်၁အိတ်နှင့်အိပ်ယာလိပ် ၁ စုံ
၅။ဖူဆန်းယောဂီ                                                         ကိုကာကိုလာ၊ဆိုက်ဒါ
                                                                                      ၂ ဒါဇင်
၆။ကိုရီးယားမတည်အလှူရှင်                                          ဘုရားပန်းအိုး ၅ လုံး
                                                                       မိသားစု ရေခဲသေတ္တာ ၁ လုံး
                                                                        ကင်မ်ချီ ရေခဲသေတ္တာ ၁ လုံး
                                                                          မိုက်ခရိုဝေဖ်မီးဖို ၁ လုံး
                                                                            ဂတ်စ် မီးဖို ၁ လုံး
                                                                             ပေါင်းအိုး ၂ လုံး
                                                                           ဖျော်ရည်စက် ၁ လုံး
                                                                             ဖုန်စုပ်စက် ၁ လုံး
                                                                         ထမင်းစားပွဲကြီး ၁ လုံး
                                                                         ဟီတ်တာ ပန်ကာ ၁ လုံး
                                                                          စာရေးစားပွဲသေး ၂ လုံး
                                                                               အိပ်ယာလိပ် ၇ စုံ
                                                                           လျှပ်စစ်အခင်း ၂ ထည်
                                                                              ကော်ဇော် ၁ ထည်
                                                         ကိုရီးယားရိုးရာ ရေနွေးကြမ်းဝိုင်း နှင့်
                                                         မီးဖိုချောင်သုံး၊ရေချိုးခန်းသုံး ပစ္စည်းစုံ
၇။ဖူဆန်းယောဂီ                                                   ကိုရီးယားရိုးရာ-
                                                                   ရေနွေးကြမ်းဝိုင်း ပစ္စည်းစုံ
၈။ကိုရီးယားထေရ၀ါဒ ရဟန်းတော်                         Dual Back ထိုင်ခုံ ၂ လုံး၊
အရှင်မဟာမူလ                                           ကွန်ပျူတာစာကြည့်စားပွဲ ၁ လုံး
၉။ဂျင်းန်ယိုးင်ယောဂီ                                     ဝှိုက်ဘုတ်အကြီး
Monday, February 22, 2010
ဘုရား လမ်းစဉ်
ကရုဏာဖြင့် သူတပါးကို စောင့်ရှောက်တော်မူ၏။
                     ပညာဖြင့် မိမိကိုယ်ကို စောင့်ရှောက်တော်မူ၏။
သူတပါးကို ကရုဏာဖြင့် စောင့်ရှောက်ခြင်းသည်ပင် မိမိကိုယ်ကို စောင့်ရှောက်ရာ ရောက်တော်မူ၏။
                     ပညာဖြင့် မိမိကိုယ်ကို စောင့်ရှောက်ခြင်းသည်ပင် သူတပါးကို စောင့်ရှောက်ရာ ရောက်တော်မူ၏။
                     ဤ လမ်းစဉ်သည်ပင်လျင် တစ်သံသရာလုံး ရှင်တော်ဘုရား ကျင့်သုံးခဲ့သည့် ဘုရားလမ်းစဉ်တည်း။
ဒီလိုလူမျိုးကို သဘောကျတယ်။
စိတ်ထားကောင်းကောင်း...အတွေးခေါ်ကောင်းကောင်း...လုပ်ရည်ကိုင်ရည်ကောင်းကောင်း...      ကောင်းခြင်း (၃)ပါးနှင့် ပြည့်စုံတဲ့ လူမျိုးကိုသဘောကျတယ်...ဘယ်လိုလူမျိုးလည်းဆိုတော့...
                        "အဲဒီလို လူမျိုး "  :-P..!!!
မျက်ရည်ကျတဲ့နေ့...
                                                                                      (၁၅.၂.၂၀၁၀)
"မင်္ဂလာရှိသောနေ့...
       ဂုဏ်ယူရတဲ့နေ့...
           မျက်ရည်ကျတဲ့နေ့..."
သာသနာတော်နှစ် ၂၅၅၃ခု မြန်မာနှစ် ၁၃၇၁ ခု တန်ပေါင်းလဆန်း ၃ရက် တနင်္လာနေ့ 
ကိုရီးယားနိုင်ငံ ဖူဆန်းမြို့မှာ ပြည်တော်ဦး ကိုရီးယား-မြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန် ကို ကျောင်းတက်ပွဲ အခမ်းအနားနဲ. ဝေနေယျအများတကာကို စတင် အသိပေးမိတ်ဆက်လိုက်တဲ့နေ့...
         ကိုရီးယားယောဂီ ဒကာဒကာမများနဲ့ ကိုရီးယားရောက် ရွှေမြန်မာများရဲ့တူညီတဲ့ အသိတရား၊ တူညီတဲ့ စိတ်ထားတွေနဲ့ သဒ္ဓါအားကောင်းကောင်း စုပေါင်းလိုက်တဲ့ အကြောင်းကြောင့် ဖြစ်ထွန်းပေါ်ပေါက်လာတဲ့ ရလဒ်တစ်ခုပါ...။ 
        ကိုရီးယားလူမျိုးများအတွက် ထေရ၀ါဒဗုဒ္ဓသာသနာနှင့် ၀ိပဿနာတရားကို သင်ယူလေ့လာနိုင်ရာ ဌာနတစ်ခု၊ အရိပ်လိုတဲ့ တို့မြန်မာများအတွက် အရိပ်ခိုဖို့  သာသနာ့အရိပ်တစ်ခု (အရိပ်တကာအရိပ်~~~အအေးဆုံးအရိပ်လို့ လောကနီတိပြောတဲ့ ဘုရားရိပ်၊ တရားရိပ် ) အဖြစ် ရည်စူးပါတယ်...။ ဒီနေ. မင်္ဂလာရှိသောနေ.။
၁။ ကိုရီးယားနိုင်ငံ ထေရ၀ါဒ သံဃရာဇာဆရာတော်(도성 큰 스님)၊
၂။ ပြည်တော်ဦး ဆရာတော်ကို၂၀၀၂ ခုနှစ်က ပထမဆုံးအနေဖြင့် ကိုရီးယားနိုင်ငံသို့       
    ပင့်ဆောင်ခဲ့သည့်(전등사 )ဘုန်းတော်ကြီး၊
၃။ မဟာဗောဓိရိပ်သာဆရာတော် ဦးဉာဏလောက၊
၎။ စိတ္တသုခဆရာတော် ဦးဝိစိတ္တ၊
၅။ ကိုရီးယား ထေရ၀ါဒ ရဟန်းတော် ဦးမဟာမူလ 
၆။여여선원 도경스님, 효성스님, 광주 원각사 도제스님,제주도 산방사 스님နှင့် 
၇။မြန်မာသီလရှင် ဒေါ်ခေမာ၊ ဒေါ်ယုဇနအပါအ၀င်  ကိုရီးယား-မြန်မာ ဗုဒ္ဓဘာသာဝင်များရဲ့ မုဒိတာအားနဲ့ ကျောင်းတက်ပွဲအခမ်းအနားကို  သိုက်သိုက်ဝန်းဝန်း ကျင်းပနိုင်ခဲ့တဲအတွက် ကြည်ကြည်နူးနူး အထူး ကျေးဇူးတင်မိပါတယ်...။ 
            ကြွရောက်လာကြတဲ့ ရွှေမြန်မာ အားလုံးရဲ. မျက်နှာလးတွေ လန်းဆန်းတက်ကြွ ရွှင်ပြုံး ကြည်နူးနေကြတာ တွေ.ရလို. မိမိတို. တတ်စွမ်းသမျှ ဝန်းကြဝိုင်းကြတာ တွေ.ရလို. ~~~တို. လူမျိုးတွေ ပစ္စည်းဥစ္စာဆင်းရဲရင် ဆင်းရဲမယ် စေတနာ သဒ္ဓါတရားကတော့ ရတနာ သုံးပါးနဲ.စပ်လာရင်  ဘယ်တော့မှ မဆင်းရဲဘူး မနည်းဘူး ဆိုတာ ပြည်တွင်းမှာတင်မက ပြည်ပမှာပါ ပြနိုင်ခဲ့တဲ့အတွက် ကိုယ့်လူမျိုးကို ဂုဏ်ယူမိပါတယ်။ ဗုဒ္ဓဘာသာမှာ မြန်မာက သမ္ဘာနဲ.ဟေ့~~~လို. ဒီနေ. ဂုဏ်ယူရတဲ့နေ.။
             အခမ်းအနားမှာ သံဃရာဇာ ဆရာတော်ကြီးရဲ့ သာရဏီယ ကထာနာယူရင်း...
ရဟန်းဝါ (၂၀)ရမှ ကျခဲလှတဲ့ မျက်ရည် ထိန်းမနိုင်သိမ်းမရ သွန်ချခဲ့ပါတယ်။ ဆရာတော်ကြီးက တို.  မြန်မာပြည်ရဲ့ အတိတ်ကာလ ရွှေထီးဆောင်းခဲ့စဉ်က ဂုဏ်နဲ့အလှကို တို့ရွှေမြန်မာတွေ အားမငယ်စေဖို့ ဂုဏ်ဖော် မိန့်ကြားခဲ့ပါတယ်..တိုက်တိုက်ဆိုင်ဆိုင် ဘုရားခန်းအပြည့် အလှဆင်ထားတဲ့ ပါနိုရားမား ပုဂံပန်းချီကားကို ကြည့်မိတော့ ဟိုး...အတိတ်ပုဂံက ဒို့ဘိုးဘွားတွေရဲ့ အစွမ်းအစကို တမ်းတမ်းတတ မှန်းဆမိရင်း စာရေးဆရာ "ပြေ"ဆေး(၂) ပြောတဲ့ "ဒို့ခေတ်ရောက်မှ ညံ့တော့မှာလား" ဆိုတဲ့မေးခွန်း နားကွဲမတတ် ပြန်ကြားယောင်မိတယ်။ မျက်စိရှေ့မှောက်မှာရောက်နေတဲ့ တို့ရွှေမြန်မာတွေရဲ့ ဘ၀~~~အားလုံးလည်းသိနေကြတာပဲ... 
"ခေါက်ရှာငှက်ပျံ ခင်ပုတ်ပျံနှင့် ဘုတ်ပျံ ရှူးပျံ လောကဓံ" ဆိုတဲ့ မဃဒေဝ စာ အသွားကို သတိထား "လောကဓံပဲလေ" လို. အားတင်ထားလဲ ရင်ထဲမှာ မချိဘူး။ ဟို တလော တုန်းက စက်ထဲပါသွားတဲ့ ဒကာတစ်ယောက်ရဲ. အဖြစ်ဆိုးကို ဖြတ်ခနဲသတိရ~~~~~  တို. လူမျိုးတွေ ပြည်တွင်းမှာလည်း မနေသာ ပြည်ပလာလည်း မသက်သာ ပါလားလို.~~~ ဘယ်သူ. ဘယ်သူကိုမှလည်း အပြစ်မတင်ချင်ပါဘူး။ ကိုယ့်ခေတ်မှာဖြစ်တာ ကိုယ့်အပြစ် ကိုယ်ညံ့လို. ပဲလို. ခံယူပြီး  တို. လူမျိုးတွေ ဖြစ်မှဖြစ်ရလေခြင်းလို.~~~ ဘယ်တော့မှများ တို. ဗမာ ရွှေတစ်ခေတ် ဆန်းသစ်နိုင်ပါတော့မလဲလို.~~~ ဆို.ဆို.နစ်နစ် ယူကျုံးမရ မျက်ရည်ပူတွေ ဖြေမရဆည်မရ တလှိမ့်လှိမ့်ကျလာခဲ့ပါတယ်။ ရဟန်းဝါ (၂၀) ရမှ ကျခဲလှတဲ့မျက်ရည် ကိုးရီးယားမြေမှာ~~~ ဒီနေ. မျက်ရည်ကျတဲ့နေ.။
ပြည်တော်ဦးရဲ့မေတ္တာ
                        "ကိုယ်စိတ်ချမ်းမြေ့ တရားမွေ့~~~တွေ့၊ သိနိုင်ပါစေ..။
                   သင်သိ ၊ ကျင့်သိ ၊ ထိုးထွင်းသိ~~~အသိစုံပါစေ..။
             သာသနာအကျိုး~~~မြတ်မြတ်နိုး သယ်ပိုးနိုင်ပါစေ..။"
                                                                                                         (ပြည်တော်ဦး ဆရာတော်)
Saturday, February 20, 2010
သူတော်ကောင်းနားနေမှ သူတော်ကောင်းစကား ကြားရမှာ....
“သူတော်ကောင်းကို ပေးထားတဲ့ ကျွန်တော့် ကတိကို ဘယ်ဖျက်ပါ့မလဲ အကိုရာ...။ ကျွန်တော် လိမ္မာသွားပါပြီ။ အဲဒီ အလုပ်တွေ မလုပ်တော့ပါဘူး”.....တဲ့။ ကြားလိုက် ရတဲ့ စကားသံ၊ဝမ်းသာမိတာ အတိုင်းမသိပါပဲ။ ဒါပေမဲ့ စိတ်ထဲက သာဓုခေါ်မိလိုက်တာကို ကောင်လေး သိမ သွားဘူး။ ဒီလို ကောင်လေးတွေ အများကြီး ရှိစေ ချင်တယ်။
လောကကြီးမှာ အသက်ကြီးတာ ငယ်တာအဓိကမကျဘူး...။မှန်ကန်တဲ့ အသိတရားရှိရင် လေးစား ထိုက်တဲ့လူ...။အဲဒါမှ လူပီသတာ....။
ကျွန်တော် နဲ့ အဲဒီကောင်လေး စိတ္တသုခ ဘုန်းကြီးကျောင်းမှာ တွေ့ခဲ့တာ။ အရင်က ကောင်လေးကို ဖဲဝိုင်း၊အရက်ဝိုင်းနဲ့ ဟေးလားဝါးလား တွေ့တွေ့ နေကျ။ အသုံးအဖြုံးကတော့ သိတဲ့အတိုင်း ကိုရီးယားမှာ ကိုရီးယားလိုသုံးမလား၊ မြန်မာလိုသုံးမလား၊ တစ်ညလုံးတစ်ဆိုင်ပြီး တစ်ဆိုင်ပြောင်း၊ မအိပ်ကြေး။ ငွေရှာရလွယ်သလို ပျော်စရာ အပြည့်။ ကိုရီးယားရောဂါစွဲရင် ကုရခက်တယ်။
ဟော...အခုတော့ အံ့သြဖို့ မကောင်းဘူးလား။
အချိန်မီ မိမိကိုယ် မိမိ ပြုပြင်တတ်တဲ့ ကောင်လေး။ အချိန်မီ အသိတရား ရှိတဲ့ ကောင်လေး။ လူတိုင်း အချိန်မီဆိုတဲ့ စကားကို မေ့မသွားဖို့၊ မေ့မထားဖို့ လိုတယ်။ အဲဒီကောင်လေးလို ဖြစ်ဖို့လိုတယ်။
ကျွန်တော့်ကိုယ် ကျွန်တော်တောင် ပြန်ငုံ့ကြည့်မိသေးတယ်။ဒီကောင်လေး စကားကြောင့်ပေါ့..။ ဒီကောင်လေးကို အရင်ကထဲက သတိထားမိတယ်။ ကြည့် ...သူများတွေနဲ့ မတူဘူး။ ဘုန်းကြီးကျောင်းကို တစ်လ အလှူငွေ ငါးသောင်းလှူနေတာ။ တော်ရုံ သဒ္ဓါလား....။
ဘာပဲဖြစ်ဖြစ်...သူတော်ကောင်းအနားနေလို့....၊
သူတော်ကောင်းစကားတွေကြောင့်ဖြစ်မှာ...။
“ဒီနိုင်ငံမှာ ငွေလာရှာတယ်။ဒီအတိုင်း အချိန်ကုန်မခံစေချင်ဘူး။ ကြွေးဟောင်းလဲဆပ်ကြ၊ ကြွေးသစ်လဲချ၊ ရွှေအိုးလဲ မြုပ်နှံထားကြမှ တော်မယ်။”
“မိဘတွေကို အလုပ်အကြွေးပြုတာ ကြွေးဟောင်းဆပ်တာပေါ့၊ သားသမီးအတွက် မိသားစုအတွက် ရှာဖွေကြွေးမွေးတာ ကြွေးသစ်ချတာပေါ့၊ ရွှေအိုးမြုပ်တယ်ဆိုတာ ဘာသာ သာသနာအတွက် လှူဒါန်းဒါနပြုပြီး အနာဂတ် ဘဝတွေအတွက် စုဆောင်းတာပေါ့”
“ငါးပါးသီလ မှာ တစ်ပါးလောက်ကိုတောင် ခိုင်ခိုင်မာမာစောင့်ထိန်းနိုင်ရင် မိမိမှာ အကျပ်အတည်း အခက်အခဲတစ်စုံတစ်ရာ တွေ့ကြုံလာပြီဆိုရင်၊ သေရေးရှင်ရေး ဘေးတွေ့ခဲ့ရင် စောင့်ထိန်းထားတဲ့ သီလကို သစ္စာပြုလိုက်ပါ၊ ဘေးရန်အန္တရာယ်တွေ၊ အခက်အခဲ အကျပ်အတည်းတွေကနေ လွတ်မြောက်မှာ သေချာတယ်”
စိတ္တသုခ ကျောင်းတော်ကြီး တစ်နှစ်ပြည့်တော့ မြန်မာနိုင်ငံမှာရှိတဲ့ HIV/AIDS ဝေဒနာရှင် ကလေးငယ်တွေကို စောင့်ရှောက် ပြုစုနေတဲ့ သုခရိပ်မြုံ ဂေဟာကို အလှူငွေ လှူဒါန်းပွဲမှာ ကျောင်းထိုင်ဆရာတော်ရဲ့ ဆုံးမစကား....။ အလှူပွဲတွေ ရှိရင် တရားပွဲ ရှိတယ်။ တရားစကား ကြားရရင် ကုသိုလ်အကျိုးများမှာပေါ့။ တရားပွဲကား လူကျဲတဲ။ရပ်ရွာပျော်ပွဲ တသဲသဲ ဆိုရင်တော့ ခက်မယ်...။ ဒီနိုင်ငံမှာ ကိုယ့်ဘာသာ၊ကိုယ့်သာသနာ ထွန်းပေါက်ဖို့ဆိုတာ ခက်သလို ကျွန်တော်တို့ အားလုံးအတွက် ဒီလို တွေ့ဆုံခွင့် ရဖို့ဆိုတာ ပိုခက်တာပေါ့။ ကုသိုလ်ထူးကံ အကြောင်းဖန်လဲ ရှောင်လျှင်လွဲလိမ့် ဆိုသလို....။
သူတော်ကောင်းနားနေမှ သူတော်ကောင်းစကား ကြားရမှာ....။
“တို့ဘုရားရှင်ကလေ နုစဉ်ဘဝကထဲက သတ္တဝါတွေ အပေါ်မှာ ကရုဏာထားတယ်။ မဟာဂရုဏာနဲ့ အများချမ်းသာအောင် လုပ်တယ်။ အများအကျိုးသည်ပိုးခဲ့တယ် အဲဒီလို ကိုယ်ကျိုး မဖက် အများအကျိုးကို ဆောင်ရွက်ခဲ့လို့ အားလုံးရဲ့ ကြည်ညိုခြင်းခံရတာပေါ့။”
“တို့ဘုရားရှင်ကလေ..နုစဉ်ဘဝကထဲက အရာရာကို ပညာနဲ့ ဆုံးဖြတ် လုပ်ကိုင်ခဲ့တာ။ ပညာ ပါရမီ ဖြည့်ခဲ့တာ။ နောက်ဆုံးဘုရားဖြစ်တော့ သဗ္ဗညုတ ဥာဏ်တော်ရှင်ဖြစ်တာပေါ့”
“အဲဒီလို သူတပါးအပေါ်ဂရုဏာ ထားမယ်၊ ပညာဥာဏ် ရှိမယ်ဆိုရင် မိမိကိုယ်မိမိ စောင့်ရှောက်တာပဲ။ တို့လူတွေမှာ ဒီအချက်နှစ်ချက် ပြည့်စုံဖို့လိုတယ်”
“သူတပါးကို ဂရုဏာနဲ့ ကူညီလုပ်ကိုင်ပေး။ အရာရာကို ပညာနဲ့ အကောင်းအဆိုး ဝေဖန်ပိုင်းခြား၊ ဒါဆို ဒုက္ခမရောက်တော့ဘူး။ အများအပေါ်မေတ္တာဂရုဏာရှိတော့ အများကလဲ မေတ္တာဂရုဏာ တုံ့ ပြန်မှာပဲ၊ပညာဥာဏ်နဲ့ ဆုံးဖြတ်လုပ်ကိုင်တော့ ဘေးမဖြစ်တော့ဘူး”
ပြည်တော်ဦး ကိုရီးယားမြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်(ဘူဆန်) ကျောင်းတော်က ဆရာတော်ရဲ့ ကျောင်းတက်ပွဲမှာ ဆုံးမစကားလေး....။ဘယ်လောက်ကောင်းလိုက်သလဲ။ ယူတတ်ရင် အနှစ် မယူတတ်ရင် ပစ် ဆိုပဲ။ အဲဒီနေ့က ဆရာတော်တွေ ထံက တရားစကားတွေ သိပ်ကောင်းတာ။
နားထောင်စေချင်တယ်...တကယ်။
ကိုရီးယား ဆရာတော်တွေ ဟောတဲ့ တရားစကား ဆရာတော် ဦးဝိစိတ္တက မြန်မာလိုဘာသာ ပြန် ပေးတယ်။
နာယူတတ်သူတွေများ နှလုံးသားထဲအထိ လက်ခံသွားကြတယ်။ ဘူဆန်မှာလဲ ထေရဝါဒ သာသနာ သူတော်ကောင်းစကားသံနဲ့ ပြည့်လျံနေဦးမှာပါ။
ကျွန်တော်ထင်တယ်...။
သူတော်ကောင်းအနားသွား သူတော်ကောင်းစကားကြားရမှာ
လက်ရှိအချိန်မှာ နောက်မကျသေးဘူး...။
တော်ကြာ နောင်တရနေမှဖြင့်…
အော်...“နောင်တ” ဆိုတာ စကားလုံးကသာနှစ်လုံးထဲနော်…
ပြန်စစ်တော့ အမျိုးအစား ၁၀ မျိုးတောင်ရှိတာ...ကြည့်....ကြည့်...ဒီမှာ....။
နောင်တ ၁၀-မျိုး...
၁။ အချိန်ရှိခိုက် ငယ်စဉ်က ပညာမသင်ခဲ့မိလေခြင်း။
၂။ ဥစ္စာပစ္စည်း မစုဆောင်းမိခဲ့လေခြင်း။
၃။ သူတပါး၏ အချစ်ကို ဖျက်ဆီးမိခဲ့လေခြင်း။
၎။ သူတပါး၏ အသက်ကို သတ်မိခဲ့လေခြင်း။
၅။ သူတပါး သားမယားကို ပြစ်မှားမိခဲ့လေခြင်း။
၆။ ဥစ္စာပစ္စည်းရှိလျက် မလှူမိခဲ့လေခြင်း။
၇။ ဆုံးမစကားကို နားမထောင်မိခဲ့လေခြင်း။
၈။ မိဘကို မလုပ်ကျွေးမိခဲ့လေခြင်း။
၉။ ပညာရှိထံ နည်းခံ၍ ပညာမသင်ကြားခဲ့မိလေခြင်း။
၁၀။ မြတ်သောအကျင့်ကို မကျင့်မိခဲ့လေခြင်း...တဲ့....။
(အကိုး။ ဒွါဒသနိပါတ်၊ ဇနသန္ဓဇာတ်။)
ကဲ....ဘယ်အထဲမှ မပါချင်ပါဘူး....
သူတော်ကောင်းအနားသွား....သူတော်ကောင်းစကားကြားရရင် ပြည့်စုံတယ်ဗျ....။
(ကျေးဇူးတင်ပါသည်-
ဆရာတော်ဦးဝိစိတ္တ(စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း၊ဒေဂူး)
ဆရာတော်ဦးပဏ္ဍိစ(ပြည်တော်ဦး ဗုဒ္ဓသာသနာရိပ်မွန်၊ဘူဆန်)
ကိုရီးယား ထေရဝါဒ ဆရာတော်များ။
ကိုရီးယား မဟာယန ဆရာတော်။
ညီငယ် လင်းအောင်ဖြိုး......တို့ထံမှ ကျွန်တော်
သူတော်ကောင်းစကား များ ကြားခဲ့ရပါသည်။)
ပြည်တော်ဦးဆောင်ပုဒ်
ပြည်တော်နိဗ္ဗာန်
ဦးမဂ္ဂံ
ပြည်တော်ဦးက
မဂ်ရှစ်တန်
ရွှေပြည်နိဗ္ဗာန်
ဆိုက်ရောက်ရန်
ပြည်တော်ဦးတဲ့
မဂ်လမ်းမှန်
ရွှေပြည်တော်
နိဗ္ဗာန်နန်းကိုလ
မှန်းဆမျှော်မြင်
ဦးအစ မဂ်ရှစ်အင်
ပြည်တော်ဦးမဂ်လမ်းစဉ်ကို
ရွှေဘုန်းရှင်
တွင်တွင်ပွားကြပါစို့လေး...။
(ပြည်တော်ဦး ဆရာတော်)
Share
Twitter Delicious Facebook Digg Stumbleupon Favorites More